Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဆိုပြိုင်ပွဲတွေ မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုအပ်ကြောင်း ထောက်ပြလိုက်သူ ဦးစောနု

$
0
0

လက်ရှိပြသနေတဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဂီတသင်တန်းကျောင်း ဖွင့်လှစ်ထားသူ ဦးစောနုက လူငယ်တွေအတွက်ရော ဂီတလောကသားတွေအတွက်ပါ နစ်နာမှာ စိုးရိမ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လူငယ်တွေအတွက်ရော၊ ဂီတလောကသားတွေအတွက်ပါ နစ်နာမှာစိုးလို့ပြန်ပြီး ချေပတာ။ ဝေဖန်တာ မဟုတ်ဘူး။ ရေးတာလည်း ရေးသားထားတယ်။ တဖက်ကမ်းခတ် တော်တာတို့ ဘာတို့က ကမ္ဘာမှာ တကယ့် နံပါတ် ၁ တာင် အဲ့လို မပြောဘူး။ ပညာရှင်လို့ မသတ်မှတ်ဘူး။ ပညာသင်လို့ပဲ သတ်မှတ်တယ်။ အဲ့လိုအကြောင်းတွေကိုပြောချင်လို့ ကျနော်က Facebook မှာရေးခဲ့တာ။ Myanmar Idol မှ မဟုတ်ဘူး အဆိုပြိုင်ပွဲတွေ မစခင်ကတည်းက ကျနော် ၁၉၉၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ အဆိုပြိုင်ပွဲကို စလုပ်လာတာ” လို့ ဦးစောနုက ဧရာဝတီကို ပြောပါတယ်။

“အဲ့ ပြိုင်ပွဲမှာ ပထမရတဲ့ စည်သူလွင်နဲ့တင်ဇာမော်။ အဲ့တော့ပြိုင်ပွဲကို စလုပ်တဲ့ ရည်ရွယ်ချက်ကိုက လူငယ်တွေ အဆိုပြိုင်မှာ တိုးတက်ဖို့ ဆိုပြီး ပြိုင်ပွဲလုပ်လာတာ။ ပြိုင်ပွဲတွေက အရမ်းများပြီးတော့ လုပ်ရင်လည်း ကောင်းကောင်းမွန်မွန် လုပ်ရင်တော့ ကောင်းတာချည်းပဲ။ မကောင်းတာ မရှိဘူး။ ဒါပေမယ့်လည်း ကောင်းကောင်းမွန်မွန် မဖြစ်ဘဲနဲ့ စီးပွားရေးဆန်လာတာ များတယ်။ စီးပွားရေး မလုပ်နဲ့ မဟုတ်ဘူး၊ လုပ်ပါ။ သို့သော် Musician တွေက ထိန်းရမယ်။ Music ဘက်ကို လူငယ်ေတွေ တိုးတက်ဖို့ အတွက်က ၅၀ ရာခိုင်နှုန်း။ စီးပွားရေးသမားကလည်း စီးပွားရေးသမားဘက်ကပဲ” လို့ ဦးစောနုက ဆိုပါတယ်။

ဦးစောနုက ဂီတပိုင်းနဲ့ပတ်သက်ပြီး အဆိုသင်တန်းပေးလာတာ အခုဆိုရင် နှစ်ပေါင်း ၃၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ဂီတနဲ့ပတ်သက်ပြီး တိုးတက်စေချင်တဲ့အပိုင်းနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ပြိုင်ပွဲတွေမှာ ဂီတက ၅၀ ရာခိုင်နှုန်း၊ စီးပွားရေးသမားက ၅၀ ထား။ ဒါဆိုရင် သူတို့လည်း တိုးတက်မယ်။ ဂီတလည်း တိုးတက်မယ်။ အခုဟာက အောက်ခြေကောင်းတဲ့သူတွေ ပြုတ်လိုပြုတ်၊ မကောင်းတဲ့သူတွေလည်း တက်လို့ တက်လာနဲ့ ဖြစ်ချင်သလို ဗရုတ်သုတ်ခ ဖြစ်နေတာကို မနေသာတာရယ်၊ ကိုယ်ရည်ရွယ်ခဲ့တဲ့ ရည်ရွယ်ချက်တွေကို ပျက်စီးမှာကို ဆိုးတယ်။ ပြိုင်ပွဲ လုပ်တတ်ဖို့ လိုတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်ဖို့ လိုတယ်။ ပရိသတ်ကိုပဲ ထိုးချလိုက်ပြီးတော့ ပေးချင်သလိုပေး ဆိုတော့ မသိတဲ့သူတွေက ပေးချင်သလို ပေးလိုက်ကြတယ်။ အဲ့လိုဆို တရား မျှတမှု ရှိမှာ မဟုတ်တော့ဘူး” လို့ ဦးစောနုက ပြောပါတယ်။

လက်ရှိ Myanmar Idol က ပရိသတ်ကြားမှာ စိတ်ဝင်စားမှုအမြင့်ဆုံးပြိုင်ပွဲတခုဖြစ်နေပြီး ဒီပြိုင်ပွဲက အစပိုင်းမှာကြည့်ကောင်းခဲ့ပြီး နောက်ပိုင်းမှာ ကြည့်လို့ မကောင်းဘူးလို့လည်း သူက ဆိုပါတယ်။

“Myanmar Idol က Season 1 တုန်းကတော့ ကြည့်လို့ ကောင်းခဲ့တယ်။ Season2 မှာ နည်းနည်း ပျက်လာပီ။ Season3 မှာ သုံးမရတော့ဘူး။ Season4 ဆိုရင်တော့ ၄ ဆိုတဲ့အတိုင်း လေးလာမယ်။ အဲ့တာဘယ်ကောင်းမလဲ တဖြည်းဖြည်း ကောင်းကောင်းကောင်း လာရမှာ။ ပျော်စေပျက်စေ ဆိုပြီး လုပ်ပြီး ဂီတလောကကို အသပြာနဲ့ ဖိရိုက်လို့ကတော့ ပေါဂီတကြီး ဖြစ်သွားမယ်။ မသင့်တော်ဘူးလို့ ကျနော် ထင်တယ်။ နိုင်ငံတနိုင်ငံမှာ ဂီတအနုပညာတွေက အရမ်အရေးကြီးတယ်။ အနုပညာ တော်တော် ကောင်းနေရင် အဲ့တိုင်းပြည်ကောင်းနေပြီ။ အနုပညာ ဆုတ်ယုတ်ရင်နေရင် အဲ့နိုင်ငံ ဆုတ်ယုတ်နေပြီ”

“ဒိုင်တွေကို ဘယ်လောက်ဆိုပြီး ပေးထားရမယ်။ အဲ့အမှတ်က ဒိုင်တွေပေါ်မှာပဲ မူတည်ရမယ်။ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က အများကြီး ပါနေရမယ်။ အများကြီးပါနေရင်လည်း မှန်မှန်ကန်ကန် ဖြစ်ရမယ်။ ဘက်လိုက်တာ လိုက်ခြင်း တရားပေါင်းများစွာကိုလည်း ရှောင်ကြဉ်ရမယ်။ ဒါမှ ဒီလောကကြီး တိုးတက်လာမှာ” လို့ ဦးစောနုက ပြောပါတယ်။

ဦးစောနုဟာ လက်ရှိမှာတော့ ဂီတသင်တန်းကျောင်းကို ဖွင့်လှစ်ထားပြီး အဆိုသင်တန်း၊ ဂစ်တာ သင်တန်း၊ အော်ဂင်သင်တန်းများကို သင်ကြားပေးနေသူ တဦးပါ။

The post အဆိုပြိုင်ပွဲတွေ မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုအပ်ကြောင်း ထောက်ပြလိုက်သူ ဦးစောနု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ