Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရုပ်ရှင်ကားတွေ အွန်လိုင်းပေါ်ပြန့်လာတာ ဥပဒေပိုင်းဆိုင်ရာနဲ့ ဆောင်ရွက်ဖို့လိုအပ်တယ်

$
0
0

အခုတလော ရုပ်ရှင်ဇာတ်ကားတွေ အွန်လိုင်းပေါ်မှာ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌဟောင်း တဦးဖြစ်တဲ့ သရုပ်ဆောင်လူမင်းက ဒီလိုဖြစ်ပေါ်လာတာဟာ ရုပ်ရှင်လောကအတွက် ထိခိုက်နစ်နာမှု တွေများတယ်လို့ ဆိုပါတယ်။

“အဲဒါက အရမ်းထိခိုက်နစ်နာပါတယ်။ ကိုယ်တို့တုန်းကတော့ ပညာရှင်တွေနဲ့ ပေါင်းပြီးတော့ အဖွဲ့လေးရှိတယ်။ တင်လို့ရှိရင်လည်း တင်တဲ့ ဝက်ဘ်ဆိုဒ်တွေ၊ ပေ့ချ်တွေကို ထိထိရောက်ရောက် အဟန့်အတားလည်း နေ့စဉ်နဲ့အမျှ မြန်မာကားတွေကို ရာနဲ့ထောင်နဲ့ချီပြီး ဖြတ်ချပေးနိုင်တဲ့ အစီအစဉ်တွေ လုပ်ခဲ့တယ်ပေါ့နော်။ အခုလို ပြန့်သွားတဲ့ ဟာတွေဆိုရင် အရမ်းပဲ ထိခိုက် နစ်နာပါတယ်” လို့ လူမင်းက ပြောပါတယ်။

ရုပ်ရှင်ကားတကားကို အဆင့်ဆင့် တည်းဖြတ် စိစစ်ရတာဖြစ်တဲ့အတွက် ရုပ်ရှင်ကား မပြမီမှာ လူပေါင်းများစွာနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် အဲဒီကနေတဆင့် ဇာတ်ကားပေါက်ကြားမှု မဖြစ်အောင် ထုတ်လုပ်သူအနေနဲ့ စနစ်တကျ ကြပ်မတ်ဖို့လိုတယ်လို့ လူမင်းက ပြောပါတယ်။

“ကာယကံရှင်တွေ ကိုယ်တိုင်ကလည်း ထိထိရောက်ရောက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ထိမ်းသိမ်းကြဖို့ လိုအပ်သလို ဥပဒေပိုင်းဆိုင်ရာလည်း ဆောင်ရွက်ဖို့ လိုအပ်တယ်။ ပရိသတ်တွေ၊ ပြည်သူတွေ အွန်လိုင်းပေါ်မှာ ရှိတဲ့သူတွေ အားလုံးကလည်း Ethic (ကျင့်ဝတ်) ပေါ့နော်။ ကိုယ့် သိက္ခာတရားနဲ့ ထိန်းသိမ်းဖို့၊ နှစ်ပိုင်းလုံး ထိန်းသိမ်းမှ လုံခြုံမှာပါ” လို့ လူမင်းက အကြံပြုပါတယ်။

ပေါက်ကြားနေတဲ့ ရုပ်ရှင်တွေကို အွန်လိုင်း၊ Facebook ပေါ်မှာ ပြန့်အောင် ပြုလုပ်ခြင်းအပြင် ပြန်ပြီး မျှဝေ (Share) ခြင်းကလည်း ဥပဒေနဲ့ မလွတ်ကင်းကြောင်း လူမင်းက ဇူလိုင်လ ၂၉ ရက်နေ့မှာ “ပြန်ပေး” ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို တက်ရောက်လာရင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“အွန်လိုင်းမှာ ပြန့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေအတိုင်း အရေးယူခံကြရမှာ ဖြစ်ပါတယ်။ တချို့ Facebook သုံးတဲ့သူတွေက ဒါကို Share တာဟာ ပြစ်မှုမြောက်တယ်ဆိုတာကိုလည်း မသိကြဘူး။ တချို့ကျတော့လည်း ကိုယ့်ပေ့ချ်လေး ကိုယ့်အကောင့်လေး Like များဖို့ ဆိုပြီးတော့ အလွယ်တကူပဲ Share လိုက်တာ။ ပြစ်မှုတခုကို ကျူးလွန်ရာရောက်တယ်ဆိုတာလည်း မသိကြဘူး” လို့ လူမင်းက ဆိုပါတယ်။

၃ ထပ်ကွမ်း အကယ်ဒမီဆုရှင် လူမင်းက ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ ခုနှစ်အထိ ဥက္ကဋ္ဌ သက်တမ်း ၂ ဆက်၊ အချိန် ၄ နှစ်ကျော်ကြာ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင် ခဲ့ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတဲ့ သရုပ်ဆောင်တဦးလည်း ဖြစ်ပါတယ်။

The post ရုပ်ရှင်ကားတွေ အွန်လိုင်းပေါ်ပြန့်လာတာ ဥပဒေပိုင်းဆိုင်ရာနဲ့ ဆောင်ရွက်ဖို့လိုအပ်တယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ