Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ပရိသတ်တွေလည်း အရမ်းကြည့်ချင်ပြီး ကျနော်တို့လည်း ပြချင်တာနဲ့ ပြဖြစ်သွားတာပါ”

$
0
0

ဒါရိုက်တာ ဉာဏ်ထင် ရိုက်ကူးထားတဲ့ “Dimensions” (မျက်နှာပြင်များ) ရုပ်ရှင်ကား စင်ကာပူနိုင်ငံမှာ သွားရောက် ပြသတော့မယ့် အကြောင်း အသိပေးခြင်း အစီအစဉ်ကို ယနေ့၊ ဇူလိုင်လ ၂၇ရက်နေ့၊ ရန်ကုန်မြို့Juncity City မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ပွဲမှာ ဇာတ်ကားကို စီစဉ်ထုတ်လုပ်သူ၊ သရုပ်ဆောင် ခါရာက ယခုလိုမျိုး စင်ကာပူနိုင်ငံကို မြန်မာရုပ်ရှင်များ သွားရောက် ပြသနိုင်တာနဲ့ ပတ်သက်ပြီး အရှေ့မှာ လမ်းစတွေ ပွင့်ခဲ့လို့ ပရိသတ်များက တောင်းဆိုတာနဲ့ သွားရောက် ပြသဖြစ်တာပါလို့ စာနယ်ဇင်းမီဒီယာများကို ပြောပါတယ်။

သရုပ်ဆောင် ခါရာ

“အရှေ့မှာ လမ်းစတွေ ပွင့်ခဲ့ပြီ ဆိုတော့ ကျနော်တို့အနေနဲ့လည်း တောင်းဆိုလာတဲ့ အပိုင်းတွေ ရှိတယ်။ ပရိသတ်တွေ အနေနဲ့ ကြည့်ချင်တယ်ဆိုပြီး တောင်းဆိုလာတာတွေ ရှိတယ်။ ဘာလို့လဲ ဆိုရင် ဒီကားက မြန်မာနိုင်ငံရဲ့ ပထမဆုံး Science-Fiction အက်ရှင်ကား ဆိုတော့ ပရိသတ်တွေလည်း အရမ်းကြည့်ချင်ပြီး ကျနော်တို့လည်း ပြချင်တာနဲ့ ပြသ ဖြစ်သွားတာပါ” လို့ အဆိုပါကားကို ထုတ်လုပ်သူလည်းဖြစ် ၊ သရုပ်ဆောင်လည်းဖြစ်တဲ့ ခါရာက ပြောပါတယ်။

“Dimensions” (မျက်နှာပြင်များ) ဇာတ်ကားကို လူငယ်ဒါရိုက်တာ ဉာဏ်ထင် ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် ခါရာ၊ မင်းမြတ်စိုးစံ ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်စတဲ့ သရုပ်ဆောင်များက အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

အဆိုပါ “Dimensions” (မျက်နှာပြင်များ) ရုပ်ရှင်ဇာတ်ကားကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Science-Fiction (သိပ္ပံ- စိတ်ကူးယဉ်) အက်ရှင် ဇာတ်ကား ဖြစ်ပြီး လူငယ်တွေ စုပေါင်း ဖန်တီးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မော်ဒယ်၊ သရုပ်ဆောင် Alice Ong (အဲလစ်အုန်း) ကလည်း “Dimensions” ရုံတင် ပြသစဉ်အခါတုန်းက ပရိသတ်အတွက် အစားထိုးမရတဲ့ ကာရိုက်တာမျိုး ဖြစ်ချင်တယ်လို့ မီဒီယာများကို ဖြေခဲ့ဖူးပါတယ်။

မော်ဒယ်၊ သရုပ်ဆောင် Alice Ong

“Dimensions ရုပ်ရှင်ကားမှာ ဆိုရင် အရမ်းကို တည်ငြိမ်တဲ့ ဆရာဝန်တယောက် အနေနဲ့ သရုပ်ဆောင်ရတော့ နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြည့်တာတော့ အမြဲတမ်း လိုအပ်ချက်တော့ ရှိပါတယ်။ တိုးတက်မှုတွေ အများကြီးအတွက် ကြိုးစားဖို့ လိုသေးတယ်ပေါ့။ ပရိသတ်ဆီက ပြန်ကြားတဲ့ စကားသံကတော့ မထင်ထားဘူးတဲ့။ ကွဲထွက်တဲ့ ကာရိုက်တာတခုနဲ့ တွေ့လိုက်ရတယ်လို့ ပြောကြပါတယ်” လို့ Alice Ong က ဖြေကြား ဖူးပါတယ်။

“Dimensions” ဇာတ်ကားကို စင်ကာပူနိုင်ငံရှိ Carnival ရုံရှင်ရုံများမှာ သြဂုတ်လ ၉ရက်နေ့မှ စတင်ကာ သြဂုတ်လ ၁၂ ရက်နေ့အထိ ၄ ရက်ကြာ ပြသပေးသွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းလင့်ခ် “ပရိသတ်အတွက် အစားထိုးလို့ မရတဲ့ ကာရိုက်တာမျိုး ဖြစ်ချင်တယ်”ဆိုတဲ့ Alice Ong

The post “ပရိသတ်တွေလည်း အရမ်းကြည့်ချင်ပြီး ကျနော်တို့လည်း ပြချင်တာနဲ့ ပြဖြစ်သွားတာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ