Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဝါဆိုလပြည့်နေ့မှာ သာသနာ့ဘောင်ဝင်တဲ့ အဆိုတော် ဗီဗာဟိန်း

$
0
0

မြန်မာသံသီချင်းတွေကို ခေတ်ပုံစံနဲ့ အသံအားကောင်းကောင်း အကတွေနဲ့ပါ တွဲဖက် သီဆိုတတ်တဲ့ အဆိုတော် ဗီဗာဟိန်းက ဇူလိုင်လ ၂၆ ရက်နေ့၊ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာ အခါတော်နေ့မှာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပါတယ်။

အဆိုတော် ဗီဗာဟိန်းက ၂၀၁၂ ခုနှစ် ကတည်းက သီလရှင် ဝတ်ချင်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ “မိဘနှစ်ပါးရဲ့ ခွင့်ပြုချက်နဲ့ သီလရှင်ဝတ်ခွင့်ရခဲ့တယ်” လို့ သူမရဲ့ Facebook အကောင့်မှာ ရေးသား ထားပါတယ်။

“ဘွဲ့အမည် ဆရာလေး ဒေါ်ပညာစာရီ၊ မော်လမြိုင် ဖားအောက်တောရကျောင်းမှာ ဒီနေ့ မနက် သာသနာ့ဘောင်သို့ မိဘနှစ်ပါးရဲ့ ခွင့်ပြုချက်နဲ့ ဝင်ခွင့်ရခဲ့ပြီ။ ၂၀၁၂ ခုနှစ်ကတည်းက ဝတ်ချင်တာ။ အခုမှ သီလရှင် ဝတ်ခွင့် ရတော့တယ်။ ဘဝမှာအဖြစ်ချင်ဆုံးထဲက ဆန္ဒတစ်ခု လုပ်ခွင့်ရပြီ။ ကျေးဇူးပါ ဒကာကြီး ဦးဗိုလ်ဟိန်းနဲ့ ဒကာမကြီး ဒေါ်ဘိုမ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ဘေးကင်းကြပါစေ။ ရေလိုအေးလို့ ပန်းလိုလန်းပါစေ။ နတ်လူ သာဓုခေါ်စေသော်” လို့ ဆရာလေး ဒေါ်ပညာစာရီက ဆိုပါတယ်။

၂၀၀၉ ခုနှစ်ကတည်းက ဂီတလောကထဲကို ရောက်ရှိလာတဲ့ အဆိုတော် ဗီဗာဟိန်းဟာ ပရိသတ်တွေကို အမြင်တမျိုးနဲ့ ဆွဲဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

“ဘူးသီးမှ အရီးလာမတော်နဲ့” ၊ “တောင်ပြုံး” ၊ “ကိုကြီးကျော်” ၊ “ဗျိုးဟစ်သံ” ၊ “ကောင်းသောနေ့” စတဲ့ သီချင်းများနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်လို့ အဆိုတော် မနောနဲ့ တွဲဖက်ကာ သီချင်းခွေထုတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ဗီဗာဟိန်းက တကိုယ်တော် တေးစီးရီးခွေ အနေနဲ့ “ဘယ်သူနဲ့မှ မလဲ” အခွေ ထွက်ရှိထားပြီး အဆိုတော် ရှိုင်းလင်းနဲ့လည်း “ချစ်အတိတ်သို့” ဆိုတဲ့ တေးစီးရီး ထွက်ရှိထားပါတယ်။

ဗီဗာဟိန်းဟာ ဂီတပိုင်းသာမက သရုပ်ဆောင်ပိုင်းကိုလည်း ဝါသနာပါပြီး သရုပ်ဆောင်ပါ လုပ်ကိုင်နေသူ တဦးပါ။ သူ့ရဲ့ သီချင်းတွေမှာလည်း ကိုယ်တိုင် သရုပ်ဆောင်သလို ဗီဒီယို ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ထားသူ တယောက် ဖြစ်ပါတယ်။

The post ဝါဆိုလပြည့်နေ့မှာ သာသနာ့ဘောင်ဝင်တဲ့ အဆိုတော် ဗီဗာဟိန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link