Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မိန်းကလေး၊ ယောင်္ကျားလေးရယ် မဟုတ်ပါဘူး၊ ထိုက်တန်တဲ့သူကို Winner ဖြစ်စေချင်ပါတယ်”

$
0
0

Myanmar Idol Season 3 ပြိုင်ပွဲကြီးဟာ တဖြည်းဖြည်းနဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ Winner ဆုရှင် ကိုလည်း အမျိုးမျိုး ထင်ကြေးပေးနေကြပါတယ်။

အဆိုပါ ထင်ကြေးပေးတဲ့ထဲမှာမှ ယခင် Season များမှာ အမျိုးသား ပြိုင်ပွဲဝင်များက Winner ဆု ရရှိခဲ့အတွက် ယခု Season မှာတော့ ပရိသတ်များက မိန်းကလေးပြိုင်ပွဲဝင်ကို Winner ဆု ရရှိစေချင်နေကြပါတယ်။

အဆိုပါ ထင်ကြေးပေးမှုများအပေါ် Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာ Vocal Coach တဦးအဖြစ် ဆောင်ရွက်လျက်ရှိတဲ့ မထရေစီက အခုလိုပဲ ပြောပြထားပါတယ်။

“ပရိသတ်က ရွေးချယ်မှသာ အနုပညာရှင်အစစ် ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် တကယ်ကောင်းသူတဲ့သူ မိန်းကလေးရယ် ၊ ယောင်္ကျားလေးရယ် မဟုတ်ပါဘူး။ဘယ်သူပဲဖြစ်ဖြစ် ထိုက်တန်တဲ့သူကို ဖြစ်စေချင်ပါတယ်” လို့ Vocal Coach မထရေစီက ပြောပါတယ်။

မတူညီတဲ့ တေးသီချင်းများစွာနဲ့ ယှဉ်ပြိုင်ရတဲ့ အပတ်စဉ်တိုင်းမှာ ပြိုင်ပွဲဝင်များကို ကောင်းမွန်စွာ သီဆိုနိုင်အောင် သင်ကြားပေးရတာဖြစ်တဲ့အတွက် သီချင်း အမျိုးအစားအလိုက် ကျွမ်းကျင်မှု မရှိတဲ့ ပြိုင်ပွဲဝင်ကို ဆိုတတ်အောင် သင်ကြားပေးရတာဖြစ်သလို ကောင်းမွန်စွာ သီဆိုနိုင်ပြီး ဖြတ်ကျော်နိုင်တဲ့သူကသာ Save ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျမတို့ကတော့ သီချင်း Week ပေါ်မှာ ကောင်းမွန်စွာ ဆိုနိုင်အောင် သင်ကြားပေးရတာ ဖြစ်တဲ့အတွက် Pop ကိုပဲ အားသန်ပြီးတော့ Rock ကို မဆိုတတ်တဲ့သူကိုလည်း Pop ကနေ Rockကိုဆိုတတ်အောင် ကျမတို့သင်ပေးရတယ်။ အဲဒီအခါမှာ ကြိုးစားပြီးတော့ လိုက်နားထောင်ပြီး ဖြတ်ကျော်နိုင်တဲ့သူကတော့ ပိုပြီးတော့ Save ဖြစ်တာပေါ့”“တခါတလေကျရင် ကောင်းပေမယ့် ကိုယ်ကြည့်လိုက်တဲ့အခါမှာလည်း အားရတယ်။ ဒါပေမယ့် ထွက်ခွာရတာလည်း ရှိပါတယ်။ပြောရရင်တော့ ပရိသတ် Voting နဲ့သွားတဲ့အခါမှာ ပရိသတ်က သူတို့ကြိုက်တဲ့ အနုပညာရှင်ကို ရွေးချယ်ရတာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာပဲ လက်ခံရတာပေါ့နော်” လို့ မထရေစီက ပြောပါတယ်။

အချို့သော ပရိသတ်များက သူတို့အားပေးတဲ့ ပြိုင်ပွဲဝင် ပြိုင်ပွဲမှာ ထွက်ခွာသွားရပါက အဆိုတော် တယောက် ဖြစ်ဖို့အတွက် သီချင်း အမျိုးအစားတိုင်းကို ဆိုတတ်စရာ မလိုဘူး ဆိုတဲ့ ဝေဖန်မှုများစွာ ရှိပါတယ်။

အဆိုပါ ဝေဖန်မှုအတွက်လည်း “စီးရီးထုတ်မယ့် သူကတော့ လိုင်းစုံ ဆိုတတ်စရာ မလိုပါဘူး။ ကိုယ်ကြိုက်တဲ့သီချင်း ကိုယ်ဆိုလို့ရ ပါတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် သီချင်းကို ဆိုလို့ရတယ်။ အဲဒီအတွက်ကြောင့် Winner ရလာလို့ စီးရီးလုပ်တဲ့အခါကျရင် သူနဲ့လိုက်ဖက်မယ့်သီချင်း သူကြိုက်တဲ့ သီချင်း ဆိုခွင့်ရမှာပေါ့နော်။ ဒါဟာပြိုင်ပွဲ ဖြစ်တဲ့အတွက် ကျမတို့က အားလုံးကောင်းတဲ့ ကလေးတွေ ရွေးချယ်ပေမယ့် လိုင်းမတူတဲ့အခါမှာ ဒါတွေအပေါ်မှာ အကောင်းဆံုံး ဖြတ်ကျော်နိုင်တဲ့သူကသာ ပြိုင်ပွဲဆိုတော့ Winner ဖြစ်မှာပါ။ စီးရီးထုတ်တဲ့အခါမှာ သူတို့ကြိုက်တာ သူတို့ဆိုခွင့် ရှိပါတယ်။ အဲဒါတော့ ကွာခြားပါတယ်” လို့ မထရေစီ ပြောပါတယ်။

Myanmar Idol ရဲ့ Vocal Coach တဦးဖြစ်တဲ့ မထရေစီကတော့ Myanmar Idol ပြိုင်ပွဲ စတင် ကျင်းပစဉ်ကတည်းက Vocal Coach တဦး ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

The post “မိန်းကလေး၊ ယောင်္ကျားလေးရယ် မဟုတ်ပါဘူး၊ ထိုက်တန်တဲ့သူကို Winner ဖြစ်စေချင်ပါတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ