Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အွန်လိုင်းပေါ်က ပျံ့နှံနေတဲ့ ဗီဒီယိုဖိုင်မှာ မဖွယ်မရာ စကားလုံးတွေ ပါတယ်”

$
0
0

အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ “My Country My Home” (ဇာတိမြေ) ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့ စကားအသုံး အနှုန်းများမှာ ဆိုးရွားတဲ့ စကားလုံးတွေ ပါဝင်နေခြင်းကတော့ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ထားတာဖြစ်ပြီး နိုင်ငံကို စော်ကားရာလည်း ရောက်တယ်လို့ ထုတ်လုပ်သူ မမီး(ခေါ်) အကယ်ဒမီ ဒေါ်နန်းမောက်လောဝ်ဆိုင်က ပြောပါတယ်။

“အွန်လိုင်းပေါ်က ပျံ့နှံနေတဲ့ ဗီဒီယိုဖိုင်ဟာ တရားဝင် ဇာတ်လမ်း၊ ဇာတ်ညွှန်း တင်ထားတဲ့ စကားလုံးတွေ မဟုတ်ဘဲနဲ့ တင်ထားတာတွေ ဆိုးရွားတဲ့ စကားလုံးတွေ ပါနေပါတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတယ်ဆိုတာ ပထမအချက်ပါ။ ရုပ်ရှင်တကားလုံး တင်တဲ့အခါမှာလည်း မဖွယ်မရာ စကားလုံးတွေပါ ပါတယ်။ ဒါဟာ ဒုတိယ ကျမတို့ရဲ့နိုင်ငံကို စော်ကားတာဖြစ်ပါတယ်”

“ကျမတို့ဟာ ကိုယ့်အချင်းချင်း သစ္စာရှိဖို့ လိုသလို သင့်တော်၏၊ မသင့်တော်၏ ဆိုတာ ဆုံးဖြတ်ခဲ့ပြီး ကျမရုပ်ရှင်ကို ထုတ်လုပ်ခွင့်ရတာပါ” လို့ ထုတ်လုပ်သူ မမီး(ခေါ်) ဒေါ်နန်းမောက်လောဝ်ဆိုင်က ပြောပါတယ်။

“ဇာတိမြေ” ဆိုတဲ့ နာမည်အတိုင်း နိုင်ငံနဲ့ ဒေသကို ချစ်မြတ်နိုးစေရန်ဆိုတဲ့ စိတ်နဲ့ ကိုယ်တိုင် ရွေးချယ်ပြီး ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ဒေါ်နန်းမောက်လောဝ်ဆိုင်က အခုလိုဆိုပါတယ်။

“ဇာတိမြေ ဆိုတဲ့အတိုင်း ကိုယ့်နိုင်ငံကို ချစ်တတ်ပါ။ ကိုယ့်ဒေသကို မြတ်နိုးပါ။ အဲဒီစိတ်နဲ့ ရုပ်ရှင်ရဲ့ ဇာတ်ကားကို ကိုယ်တိုင် ရွေးချယ်ပြီး ပေးခဲ့တာပါ။ ကျမ ဒီအချိန်မှာ ရုံတင်ရက်လေးကို ရတဲ့ အတွက်ကြောင့် အရမ်းပျော်ပါတယ်။ ကျမ အားလုံးအတွက် နိုင်ငံအတွက် ကြိုးစားပြီး ဂျပန်လူမျိုးက ယုံကြည်ပြီး ရိုက်ရတဲ့ရုပ်ရှင်ကို ကျမဂုဏ်ယူချင်ပါတယ်။ အခုလိုဖြစ်ရတဲ့ကိစ္စတွေဟာ ကိုယ့်အချင်းချင်း သစ္စာမရှိဘူးလို့ ပြောချင်ပါတယ်။ ဘယ်သူ့ ပယောဂမှ မပါဘဲနဲ့ ဒီလို ဘာလို့လုပ်တာလဲ” လို့ ဒေါ်နန်းမောက်လောဝ်ဆိုင်က ပြောပါတယ်။

အဲဒီ ရုပ်ရှင်ဇာတ်ကားကိုတော့ ရွှေသံလွင် မီဒီယာက ထုတ်လုပ်ရိုက်ကူးတာဖြစ်ပြီး ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားက ရုံမတင်ခင်ကတည်းက ပါဝင်တဲ့ သရုပ်ဆောင်များကြောင့် ပရိသတ်စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။

ဇာတ်လမ်း အစအဆုံး အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ “ဇာတိမြေ” ဇာတ်ကားကို တရားဝင်ပြသရန် ရုံတင်ရက် ရရှိခဲ့ပြီး ဇူလိုင်လ ၂၇ ရက်နေ့မှာ တနိုင်လုံးက ရုပ်ရှင်ရုံများမှာ ပြသပေးသွားမှာ ဖြစ်ပါတယ်။

“ကျမက အနုပညာရှင် မဟုတ်ပေမယ့် နိုင်ငံကို အရမ်းမြင့်မားစေချင်ပါတယ်။ နိုင်ငံအတွက် အကျိုးရှိတဲ့ မြန်မာနိုင်ငံသူတယောက် ပီသချင်ပါတယ်။ ဒီလို မှန်မှန်ကန် ကြိုးစားနေတာကို သိရဲ့သားနဲ့ ကိုယ့်ရဲ့ တတ်နေတဲ့ပညာကို တလွဲမှာ သွားကောင်းနေရမယ့်အစား လိုအပ်နေတဲ့ နည်းပညာတွေကို မျှဝေပြီးတော့ ဘာာလို့ မသင်ချင်တာလဲ၊ ဘာလို့ မပေးချင်တာလဲဆိုတဲ့ စိတ်ဖြစ်မိပါတယ်” လို့ ဒေါ်နန်းမောက်လောဝ်ဆိုင်က ဆိုပါတယ်။

“ဇာတိမြေ” ဇာတ်ကားကိုတော့ ဇာတ်ညွှန်း၊ ဒါရိုက်တာ ကြည်ဖြူသျှင် ရေးသားရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည်နဲ့ အခြား အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင် ထားပါတယ်။

ဆက်စပ် ဖတ်ရှုရန် သတင်းလင့်ခ်“ဇာတိမြေအတွက် နောက်ဆုံး မျှော်လင့်ချက်လေးနဲ့ မျှော်လင့်နေပါသေးတယ်”

The post “အွန်လိုင်းပေါ်က ပျံ့နှံနေတဲ့ ဗီဒီယိုဖိုင်မှာ မဖွယ်မရာ စကားလုံးတွေ ပါတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)