Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Myanmar Idol ကို Pantene Wild Card နဲ့ ပြန်လာမယ့်သူက ဘယ်သူဖြစ်မလဲ

$
0
0

Myanmar Idol Season 3 ပြိုင်ပွဲရဲ့ ထွက်ခွာသွားရပြီဖြစ်တဲ့ ပြိုင်ပွဲဝင်များရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်တဲ့ Pantene Wild Card နဲ့ စင်ပေါ်ကို ပြန်လည်တက်ရောက်ခွင့် ရရှိပြီး ပြိုင်ပွဲကို ဆက်လက် ပြိုင်ဆိုင်ခွင့်ရမယ့် ပြိုင်ပွဲဝင်ဟာ ဘယ်သူဖြစ်မလဲ ဆိုတာ ယနေ့ည ပြုလုပ်မယ့် ပြိုင်ပွဲမှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီ Pantene Wild Card အတွက် ပြိုင်ပွဲမှ ထွက်ခွာသွားရပြီဖြစ်တဲ့ ပြိုင်ပွဲဝင်များ ဖြစ်ကြတဲ့ “မေမဒီ ၊ နီလန်း၊ ဇော်ကြီး” တို့ရဲ့ ရင်ခုန်သံများ၊ မျှော်လင့်ချက်များကို ဧရာဝတီက တွေ့ဆုံ မေးမြန်းထားပါတယ်။

 

မေမဒီ
(ဓာတ်ပုံ – ထက်ဝေ/ ဧရာဝတီ)

 

“အဲဒါကတော့ ညီမတို့ ၁၁ ယောက်လုံးရဲ့ ပရိသတ်ကို Surprise လုပ်ချင်တဲ့အတွက် မပြောချင်သေးပါဘူး။ ညီမ အနေနဲ့လည်း မျှော်လင့်တာတော့ မျှော်လင့်တာပေါ့။ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ပေးကြပါလို့။ ထွက်ရမယ့် အပတ်တုန်းက စိတ်ကကြိုသိတာပဲလားမသိဘူး။ ဆိုလည်း ဆိုပြီးရော အထုတ်တွေကို ကြိုသိမ်းထားတာ။ မနက်ဖြန်တော့ ငါပြန်ရပြီလားမသိဘူးဆိုပြီး စိတ်ထဲမှာ ဖြစ်နေပြီးတော့ တကယ်လည်း ထွက်ခဲ့ရတယ်” လို့ မေမဒီက ဧရာဝတီကို ပြောပါတယ်။

“သီဆိုမှု အားနည်းလားဆိုတာကတော့ ကိုယ်မှားတာတွေတော့ ကိုယ့်ဘာသာသိတာပေါ့နော်။ ဆရာတို့နဲ့ သင်ခဲ့တဲ့ဟာနဲ့ စင်ပေါ်မှာဆိုခဲ့တာမှာ ကွာနေတာတော့ရှိတာပေါ့နော်။ ထွက်ခဲ့ရတော့ အရမ်းကြီး မတုန်လှုပ်ခဲ့ဘူး” လို့ မေမဒီက ဆိုပါတယ်။

 

နီလန်း
(ဓာတ်ပုံ – ထက်ဝေ/ ဧရာဝတီ)

 

“Pantene Wild Card အတွက် နီလန်းကိုလည်း နီလန်းကို ချစ်တဲ့ပရိသတ်တွေက မှန်းပေးကြတယ်။ မျှော်လင့်ပေးကြတယ်။ အဲဒီအတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ဒါပေမယ့်ဘယ်သူပဲလာလာ အတူတူပဲ အားပေးကြပါ။ ဒီပြိုင်ပွဲတလျှောက်အခက်အခဲတွေ အများကြီးကြုံတွေ့တယ်။ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာပဲဖြစ်ဖြစ် အခက်အခဲတွေ အများကြီး ရှိတယ်။ ဒါပေမယ့် နီလန်း ဆုတောင်းတယ်။ နီလန်းကိုချစ်တဲ့ပရိသတ်တွေလည်းရှိတော့ သူတို့အတွက်အများကြီးကြိုးစားရမယ်။ သွားတဲ့သူက သွားပြီဆိုတော့ ကျန်တဲ့သူတွေအတွက်ရော သူ့အတွက်ပါ နီလန်းက အကောင်းဆုံး ကြိုးစားသွားပါ့မယ်” လို့ နီလန်းက ဧရာဝတီကို ပြောပါတယ်။

 

ဇော်ကြီး
(ဓာတ်ပုံ – ထက်ဝေ/ ဧရာဝတီ)

 

“တအားကြီးတော့ မမျှော်လင့်ထားပါဘူး။ ကျနော့်ထက် အားပေးတဲ့သူ များတဲ့သူတွေလည်း ရှိတော့လေ။ မျှော်တော့ မျှော်လင့်ပါတယ်။ ကျနော့်ကို အခါအခွင့်ပေးရင်လည်း စင်မြင့်ပေါ်မှာ ထပ်ပြီးတော့ အကောင်းဆုံးကြိုးစားပါမယ်။ Voting စနစ်နဲ့ ဆိုတော့ပေါ့။ ကျနော် Rock Week မှာ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ ကျနော့်ကိုယ်ကျနော် အားရတယ်”

“ထွက်ခွာရပေမယ့်လည်း စိတ်မကောင်း မဖြစ်ဘူးပေါ့နော်။ ကျနော် အကောင်းဆုံး လုပ်မပြနိုင်လို့ ထွက်ခွာရတယ်လို့ ရင်ထဲမှာ မဖြစ်ဘဲနဲ့ လုပ်နိုင်တယ်။ Voting စနစ်အရ ထွက်ခွာရတယ်။ အဲဒါကြောင့် ကျနော် ကျေနပ်တယ်။ Pantene Wild Card နဲ့ ပြန်လည်ပြီးတော့ စင်မြင့်ကို တက်ခွင့်ရမယ် ဆိုရင်တော့ အရင်ထက် အများကြီး ကြိုးစားပြီးတော့ ဖျော်ဖြေမှုဖြစ်အောင်လို့ ကြိုးစားပါမယ်” လို့ ဇော်ကြီးက ဧရာဝတီကို ပြောပါတယ်။

ကဲ ဒီည Myanmar Idol မှာ Pantene Wild Cared နဲ့ ဘယ်ပြိုင်ပွဲဝင်က စင်မြင့်ထက်ကို ပြန်ရောက်လာမလဲ ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်မျှော် ကြည့်ရမှာပါပဲ ဖြစ်ပါတယ်။

The post Myanmar Idol ကို Pantene Wild Card နဲ့ ပြန်လာမယ့်သူက ဘယ်သူဖြစ်မလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ