Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အဲဒီအမျိုးသမီးက ကျနော့်အိမ်မှာလည်း အိမ်အကူ လာလုပ်ဖူးတယ်” လို့ ဆိုလိုက်တဲ့ နေဆန်း

$
0
0

လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သရုပ်ဆောင် သီဟတင်စိုးရဲ့ အိမ်အကူအပေါ် အဓမ္မကျင့်မှုကို တိုင်ကြားခံရတာနဲ့ပတ်သက်ပြီး တရားလိုဖြစ်သူ အိမ်အကူ မခင်မာမြင့်က သရုပ်ဆောင် နေဆန်းရဲ့ အိမ်မှာလည်း အိမ်အကူ လုပ်ခဲ့ဖူးတယ်လို့ နေဆန်းက ဧရာဝတီကို ဆိုပါတယ်။

“ကျနော်တို့ အိမ်မှာ အိမ်အကူ လာလုပ်ဖူးပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်က လုပ်ခဲ့ဖူးတယ်။ ကျနော့် အမျိုးသမီးက မှတ်မိတာ။ ကျနော်တို့ မြဝတီသွားပြီး ပြန်လာခါနီး။ ကျနော်တို့က ဈေးရှေ့မှာ နေတာလေ။ အကြော်ဆိုင် ဘယ်မှာ ရှာဝယ်ဝယ် ဝယ်လို့ ရတာကို မဝယ်တတ်ဘူးတဲ့။ ကျနော့်ယောက္ခမက ရအောင် ဝယ်ခဲ့။ မရရင် ပြန်လာနဲ့ဆိုပြီး ပြောလိုက်တာ လစ်သွားရော။ ပွဲစားခ မနည်း ပြန်တောင်း ရတယ်။ ရက်တွက်ခတော့ ပေးလိုက်ရတယ်။ ပွဲစားကလည်း ဒေါ်ညိုနဲ့ပဲ ခေါ်တာပါပဲ”လို့ သရုပ်ဆောင် နေဆန်းက ဧရာဝတီကို ပြောပါတယ်။

အိမ်အကူ မခင်မာမြင့်က သရုပ်ဆောင် သီဟတင်စိုး နေအိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေရင်း သီဟတင်စိုးက သူကို အဓမ္မကျင့်ကြံတယ်လို့ သုဝဏ္ဏနယ်မြေရဲစခန်းမှာ ဇူလိုင် ၁၅ ရက်နေ့က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ချိန်မှာ သရုပ်ဆောင် နေဆန်းက သူရဲ့ Facebook ပေါ်မှာ အခုလို ရေးသားခဲ့ပါတယ်။

“အဲဒီ ခင်မာမြင့်ဆိုတာ ကျနော့်အိမ်မှာ အိမ်အကူ လုပ်ဖူးတယ်။ ရက်ပိုင်းလေးပဲ။ ၄၊ ၅ ရက်လောက်ပဲ ထင်တယ်။ အဲ့တုန်းက သူ့နာမည်က ခင်မာညိုတဲ့။ ကျနော်တို့ အိမ်မှာ မရှိတုန်း အဖွားက သူ့ကို ဆွမ်းလောင်းဖို့ အကြော်ဝယ်ခိုင်းလိုက်တာ၊ ပြန်မလာတော့ဘဲ ထွက်ပြေးသွားတယ်။ ပွဲစားခတော့ ပြန်ရတယ်။ ရက်တွက်ခတော့ ပေးလိုက်ရတယ်။ အလုပ်တော်တော် ရှုပ်သွားတယ်။ လုံးဝ မမိုက်ဘူး။ အဲဒီသူ့လုပ်ဖော်ကိုင်ဘက်တွေ သူ့ကိုသိတဲ့ သူတွေပြောတာတော့ ဂေါက်သီးတဲ့။ abnormal တဲ့” ဆိုပြီး နေဆန်းက Facebook မှာ ရေးသားထားပါတယ်။

သရုပ်ဆောင် သီဟတင်စိုးကို မုဒိမ်းမှုနဲ့ အမှုဖွင့်တိုင်ကြားသူ အမျိုးသမီးက ၂၀၁၈ခုနှစ်၊ မတ်လအတွင်းကလည်း မုဒိမ်းကျင့်ခံရပါသည်ဆိုကာ အမှုဖွင့်ခဲ့ကြောင်း၊ ပဲခူး အမှတ် (၃) စခန်း တာဝန်ရှိသူတဦးက အတည်ပြုထားကြောင်း သိရပါတယ်။

The post “အဲဒီအမျိုးသမီးက ကျနော့်အိမ်မှာလည်း အိမ်အကူ လာလုပ်ဖူးတယ်” လို့ ဆိုလိုက်တဲ့ နေဆန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)