Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စင်ပေါ်မှာ ဘရာစီယာနဲ့ ဖျော်ဖြေမှု လုပ်ခဲ့တဲ့ ကိုရီးယား အဆိုတော် ဟွန်နာ

$
0
0

တောင်ကိုရီးယားနိုင်ငံရဲ့ K-Pop မိန်းကလေး အဆိုတော်အဖွဲ့ရဲ့ “4 Minute” အဖွဲ့ဝင်ဟောင်း ဟွန်နာကို K-pop ပရိတ်သတ်တွေ သိကြမှာပါ။ သူမဟာ ကိုရီးယားမှာ Sexy ကျတဲ့ အဆိုတော်တွေထဲက တယောက်ပါ။ သူမသီချင်း တပုဒ်ထွက်လာတိုင်း လူအများစုရဲ့ဝေဖန်ခံရတဲ့ အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။ အခုလည်း ပရိသတ်တွေ အံ့အားသင့်သွားစရာ တခုကို ဟွန်နာက လုပ်ချလိုက်ပြန်ပါပြီ။

“Midnight Picnic Festival” မှာ ဟွန်နာဟာ သူမရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “Red” ဆိုတဲ့ သီချင်းကို သီဆို ဖျော်ဖြေနေခဲ့တာပါ။ အဝါရောင်ခါးတို လက်ပြတ် အကျီကို ဝတ်ဆင်ထားရင်း ဖျော်ဖြေခဲ့တဲ့ သူမဟာ သီချင်းတဝက် လောက်မှာတော့ အပေါ်အင်္ကျီကို ချွတ်ကာ ဘရာနဲ့သာ ဆက်လက် ဖျော်ဖြေခဲ့ပါတယ်။

သူမရဲ့ ပရိသတ်တွေကတော့အံ့အားသင့်သွားပါတယ်။ အဆီပို မရှိတဲ့ ခန္ဓာကိုယ်အလှနဲ့ သူမရဲ့အမိုက်စား ဆွဲဆောင်မှုတွေနဲ့ အတူ စင်ပေါ်မှာ သီချင်းပြီးမြောက်အောင် သီဆိုခဲ့ပါတယ်။ ဒီသီချင်း ပွဲတော်ရဲ့ အဓိက ခေါင်းစဉ်ကိုက ဂီတနဲ့ ကမ်းခြေဆိုတဲ့ အရာတွေပါတာကြောင့် ဒီလိုလုပ်လိုက်ဟန်လည်း တူပါတယ်။

ကိုရီးယားက အင်တာနက် အသုံးပြုသူအချို့ကတော့ ထောက်ခံတာရှိသလို အပုတ်ချ တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ အချို့က သူမက လက်ရှိရှေးရိုးစွဲ အယူအဆကနေ ဖောက်ထွက်တယ်လို့လည်း အားပေးပါတယ်။ အမျိုးသား အဆိုတော်တွေ စင်ပေါ်မှာ ဖျော်ဖြေတဲ့အခါ အကျီချွတ်ပြီး ဖျော်ဖြေနိုင်တဲ့ အခွင့်အရေးမျိုးကို အမျိုးသမီးတွေလည်း လုပ်ခွင့်ရှိတယ် ဆိုတာမျိုးကို ပြချင်တယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။

 

 

ဟွန်နာကတော့ ဒီလိုမျိုး ဂယက်တွေကို အခုမှကြုံရတာ မဟုတ်ဘဲ အရင်ကတည်းက အမြဲရှိနေခဲ့တာပါ။ သူမရဲ့သီချင်း Music Video အချို့ဟာလည်း လိင်အသားပေး အခန်းအချို့ ပါတာကြောင့် ပြသဖို့ တားမြစ်တာမျိုးတောာင် ခံရသူတဦးပါ။ ဘယ်လို ဝေဖန်တိုက်ခိုက်မှုတွေ ရှိနေပါစေ။ သူမကတော့ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ခရီးဆက်နေနိုင်တာပဲ ဖြစ်ပါတယ်။

သူမဟာ တကိုယ်တော်သီချင်းတွေဖြစ်တဲ့ “Bubble pop” , “Trouble maker” , “Ice cream”, “Red”, “Like now”, “Lip and hips” စတဲ့ သီချင်းတွေနဲ့အောင်မြင်ခဲ့သလို PSY ရဲ့ “Gangnam style” သီချင်းမှာလည်း ပရိသတ်တွေ သတိထားမိခဲ့သူ တဦးပါ။ “4 Minute” ရဲ့အဖွဲ့ဝင်ဟောင်းတဦးဖြစ်သလို အဖွဲ့ထဲမှာ နာမည်အကြီးဆုံး တယောက်လည်း ဖြစ်ပါတယ်။

ကျန်တဲ့အဖွဲ့ဝင်ဟောင်းတွေက ကုမ္ပဏီနဲ့ လက်တွဲဖြုတ်ခဲ့ပေမယ့် သူမကတော့ ဆက်လက် လက်တွဲပြီး တကိုယ်တော် အယ်လ်ဘမ်တွေ ထုတ်နေဆဲ ဖြစ်ပါတယ်။

Reff ; www.kpopmap.com

The post စင်ပေါ်မှာ ဘရာစီယာနဲ့ ဖျော်ဖြေမှု လုပ်ခဲ့တဲ့ ကိုရီးယား အဆိုတော် ဟွန်နာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)