Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကမ္ဘာ့အနုပညာကြေး အမြင့်ဆုံး စာရင်းမှာပါဝင်တဲ့ Salman Khan နဲ့ Akshay Kumar

$
0
0

ဘောလိဝုဒ်မင်းသားတွေဖြစ်တဲ့ Salman Khan နဲ့ Akshay Kumar တို့ဟာ Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ အနုပညာကြေး အမြင့်ဆုံး နာမည်ကျော်ကြားသူ ၁၀၀ စာရင်းထဲမှာပါဝင်ပြီး ထိပ်ဆုံးမှာတော့ အမေရိကန် လက်ဝှေ့ အကျော်အမော် Floyd Mayweather က ဦးဆောင်နေတယ်လို့ ဆိုပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး နာမည်ကျော်ကြားသူ စာရင်းမှာ မင်းသား Akshay က နံပါတ် ၇၆ နေရာနဲ့ မင်းသား Salman က နံပါတ် ၈၂ နေရာမှာ အသီးသီးရပ်တည်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ကမ္ဘာ့ထိပ်တန်း ဖျော်ဖြေသူ ၁၀၀ ဦးဟာ အခွန်မပါဘဲ အမေရိကန် ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံဝင်ငွေ ရရှိခဲ့ပြီးတော့ ပြီးခဲ့တဲ့ နှစ်ကထက် ၂၂ ရာခိုင်နှုန်းတက်လာခဲ့ပါတယ်။ အဲဒီအထဲက စူပါစတား ၁၁ ဦးဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်နှစ်တာ ကာလကထက် နှစ်ဆကျော် တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၀ အရွယ် မင်းသား Akshay ဟာဒေါ်လာ ၄၀ ဒဿမ ၅ သန်း ဝင်ငွေ ရရှိခဲ့ပါတယ်။ သူ့အကြောင့်ကို Forbes မဂ္ဂဇင်းက ဖော်ပြရာမှာတော့ “ဘောလိဝုဒ်ရဲ့ ဦးဆောင်အမျိုးသားတဦးဟာ လူမှုနယ်ပယ်နဲ့ အသိပညာပေး ဇာတ်ရုပ်တွေ အထိ ပြောင်းလဲခဲ့ပါတယ်” လို့ ဆိုထားပါတယ်။

 

ဘောလိဝုဒ် မင်းသား နှစ်ဦး Salman Khan နဲ့ Akshay Kumar

 

မင်းသား Akshay ဟာ တကိုယ်ရည်သန့်ရှင်းမှုကို မြှင့်တင်ဖို့ အစိုးရရဲ့ ကမ်ပိန်းတွေကို အဓိကထားတဲ့ “Toilet: Ek Prem Katha” ရုပ်ရှင်နဲ့ ကျေးလက်ဒေသတွေမှာ ဈေးနှုန်းချိုသာတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းကို ထုတ်လုပ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတဦးအကြောင်း ရိုက်ကူးထားတဲ့ “Padman” ရုပ်ရှင်တို့မှာ ပါဝင်ခဲ့တာကို ရည်ညွှန်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ကုန်ပစ္စည်း ၂၀ လောက်ရဲ့ ကြော်ငြာတွေ အကျိုးအမြတ်တွေကနေ ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရရှိခဲ့တယ် လို့လည်း ဆိုပါတယ်။

အသက် ၅၂ နှစ်အရွယ် မင်းသား Salman ကတော့ ဒေါ်လာ ၃၇ ဒဿမ ၇ သန်းဝင်ငွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အိန္ဒိယနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး လူတဦးဖြစ်ပြီး အကျိုးအမြတ်များစွာ ရရှိခဲ့တဲ့ “Tiger Zinda Hai” လိုမျိုး ကမ္ဘာကျော် ရုပ်ရှင်တွေကို ထုတ်လုပ်ပြီး ပါဝင်ခဲ့တဲ့ ဘောလိဝုဒ်ရဲ့ အဓိကပုဂ္ဂိုလ်တဦးအနေနဲ့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။

အဲဒီစာရင်းကိုတော့ လက်ဝှေ့အကျော်အမော် Mayweather က ဒေါ်လာ ၂၈၅ သန်းနဲ့ ထိပ်ဆုံးမှာ ဦးဆောင် နေပါတယ်။ အနုပညာကြေးအမြင့်ဆုံး ဖျော်ဖြေတင်ဆက်သူ စာရင်းထဲမှာ ပါဝင်သူတွေကတော့ မင်းသား George Clooney (နံပါတ် ၂)၊ ရုပ်သံစတားနဲ့ စီးပွားရေးလုပ်ငန်းရှင် Kylie Jenner (နံပါတ် ၃)၊ ဘောလုံး အကျော်အမော် Cristiano Ronaldo (နံပါတ် ၁၀)၊ Pop စတား Katy Perry (နံပါတ် ၁၉)၊ တင်းနစ် အကျော်အမော် Roger Federer (နံပါတ် ၂၃)၊ အဆိုတော် Beyonce (နံပါတ် ၃၅)၊ စာရေးဆရာမ J K Rowling (နံပါတ် ၄၂) နဲ့ ဂေါက်ဖ်အကျော်အမော် Tiger Woods (နံပါတ် ၆၆) တို့ဖြစ်ကြပါတယ်။

Ref:indiaexpress

The post ကမ္ဘာ့အနုပညာကြေး အမြင့်ဆုံး စာရင်းမှာပါဝင်တဲ့ Salman Khan နဲ့ Akshay Kumar appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)