Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သားအပေါ် ဂရုစိုက်မှု လွန်ကဲတဲ့ မိခင်အဖြစ် Kajol ကို မြင်တွေ့ရမယ့် “Helicopter Eela”

$
0
0

ဘောလိဝုဒ် နာမည်ကျော် မင်းသမီး Kajol ဟာ သူပါဝင် သရုပ်ဆောင်ထားတဲ့ “Helicopter Eela” ရုပ်ရှင် ပိုစတာ အသစ်တခုကို Twitter မှာ ပြသလိုက်ပါတယ်။

ဒီပုံကို သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့ပြီးတော့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြသတော့မယ့် အကြောင်း ရေးသားဖော်ပြထားပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေ ရဲ့အဆိုအရ အဲဒီရုပ်ရှင်ဟာ တဦးတည်းသော သားဖြစ်သူကို ကျွေးမွေးပြုစုဖို့ အိပ်မက်တွေအားလုံးကို စွန့်လွှတ်လိုက်ရတဲ့ အားကျဖွယ် Single မိခင်တဦးရဲ့ အကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

သားဖြစ်သူကလည်း အသက်ငယ်ရွယ်ပေမယ့် မိခင်ဖြစ်သူ သူ့ဘေးနားမှာရှိနေတာကို မကြိုက်နှစ်သက်သူလည်း ဖြစ်ပါတယ်။ ဂရုစိုက်မှု လွန်ကဲတဲ့ မိခင်ဖြစ်သူက သားနဲ့အတူ ကျောင်းတက်ဖို့ ပြင်ဆင်လာတဲ့အခါမှာတော့ ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာခဲ့ပါတယ်။

ရုပ်ရှင်မှာပါဝင်ထားတဲ့ ဇာတ်ရုပ်အကြောင်း ပြောကြားရာမှာတော့ မင်းသမီး Kajol က “မိခင်တယောက် အနေနဲ့ Eela ရဲ့ဇာတ်ကောင်နဲ့ ကျမတကယ့်ကိုပဲ ချိတ်ဆက်နေတယ်လို့ ခံစားရပါတယ်။ သူဟာ သူ့သားလေးကို ပြောမပြတတ်အောင် ချစ်ပြီးတော့ သူ့သားဘေးမှာပဲ ဘဝကိုတည်ဆောက်ထားပါတယ်။ ဒါပေမယ့် သားက ကြီးလာတဲ့ အခါမှာတော့ သားအတွက် မရှိမဖြစ်ဘူးဆိုတာ သဘောပေါက်လာခဲ့ပါတယ်။ သူဟာ အခြားမိခင် တွေလိုပဲ ဘဝနဲ့ အိပ်မက်ကို စွန့်လွှတ်ခဲ့သူပါ”

“အမျိုးသမီးတော်တော်များများက သူတို့ရဲ့ ကလေးတွေ ကြီးပြင်းလာတဲ့အခါမှာ တခါလောက်တော့ ရင်ဆိုင် ရနိုင်တဲ့ ဘဝအခြေအနေတခုလည်း ဖြစ်ပါတယ်။ ပြီးတော့ ကျမသာ အဲဒီလိုရင်ဆိုင်ရမယ်ဆိုရင် ကျမ ဘာလုပ်ရမလဲ။ ကျမ ကလေးကို ဘယ်လို ကိုင်တွယ်ရမလဲ။ အဲဒီလိုနဲ့ Helicopter Eela ရုပ်ရှင်ဟာ Eela အတွက် သူ့ထက် သားက ပိုအရေးကြီး တယ်ဆိုတာ ပြသတဲ့ ရုပ်ရှင် ဖြစ်လာပါတယ်” လို့ ကြေညာချက်တခုထဲမှာ ပြောကြားထားပါတယ်။

ဒီရုပ်ရှင်ကိုထုတ်လုပ်ထားတဲ့ မင်းသား Ajay Devgn က “မိခင်နဲ့ သားတို့ကြားက ချစ်ခြင်းနဲ့ ခက်ခဲတဲ့ ဆက်ဆံရေး အကြောင်း စိတ်ဝင်စားမိသွားပါတယ်။ မိဘတွေအားလုံး ရင်ဆိုင်ရတဲ့ ခရီးတခုအကြောင်း လှပတဲ့ ဇာတ်လမ်းတခုအကြောင်း ပြောပြထားတယ်ဆိုပေမယ့် မိခင်တွေနဲ့ သူတို့ရဲ့ သားတွေအတွက် စစ်မှန်ပြီး ရှားပါး လွန်းပါတယ်။ Kajol နဲ့ Riddhi Sen တို့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်တွေဟာ တော်တော်လေးကို ခိုင်မာပြီးတော့ ကမ္ဘာတဝန်းက ပရိသတ်တွေနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာ Pradeep Sarkar ရိုက်ကူးထားတဲ့ “Helicopter Eela” ရုပ်ရှင်မှာ National Award ဆုရှင် Riddhi Sen လည်း ပါဝင်သရုပ်ဆောင်ထားပြီး လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဖြန့်ချိပြသမှာပဲ ဖြစ်ပါတယ်။

Ref:indiaexpress

The post သားအပေါ် ဂရုစိုက်မှု လွန်ကဲတဲ့ မိခင်အဖြစ် Kajol ကို မြင်တွေ့ရမယ့် “Helicopter Eela” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ