Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဝတ္ထုကိုဖတ်ပြီး သဘောကျလို့ “ကြွေ”ဇာတ်ကားကို ရိုက်ဖြစ်တာဆိုတဲ့ လွှမ်းပိုင်

$
0
0

သီချင်းတွေ အဆိုကောင်းသလို သရုပ်ဆောင်ရာမှာလည်း ပရိသတ် အားပေးမှုကို ရရှိလာပြီဖြစ်တဲ့ အဆိုတော် လွှမ်းပိုင်က မကြာခင်မှာ သူပါဝင် သရုပ်ဆောင်ထားတဲ့ “ကြွေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင် ပြသတော့မှာပါ။ ဒီဇာတ်ကားမှာလည်း သရုပ်ဆောင်မှု အပိုင်း လွဲချော်မှု မဖြစ်အောင် အကောင်းဆုံး သရုပ်ဆောင်ထားတယ်လို့ လွှမ်းပိုင်က ဆိုပါတယ်။

“ဒီကားလေးက ကျနော် Bo Bo Entertainment နဲ့ ဒုတိယမြောက် ရိုက်ကူးဖြစ်တဲ့ ကားလေးပါ။ ဒီကားလေးက “ပြောတိုင်းယုံတဲ့ ပုတ်သင်ညို” ဆိုတဲ့ ဆရာမင်းလူရဲ့ဝတ္ထုလေးပါ။ ဒီဝတ္ထုလေးကို ဝန်ဇင်းမှာ တွေ့တော့ ကျနော် ရိုက်ချင်တာနဲ့ ကိုဘိုဆန်းနဲ့ တိုင်ပင်ပြီး ရိုက်ဖြစ်တာပါ။ ပရိသတ်တွေဆီက မဆိုးပါဘူး၊ ကောင်းပါတယ်ဆိုတဲ့ စကားလေး ပြန်ရရင်ပဲ ကျေနပ်ပါတယ်” လို့ လွှမ်းပိုင်က ပြောပါတယ်။

“ဇာတ်ကားရိုက်ရတာ သီချင်းဆိုလိုက်တာနဲ့ မတူဘူးလေ။ ကျနော်က ပေါ့ပေါ့လေး သရုပ်ဆောင်လိုက်ရင် ကြည့်တဲ့ ပရိသတ်တွေ ပေါ့ပေါ့ကြီး ကြည့်ရမှာလေ။ အဲ့တော့ စပြီးရိုက်ကတည်းက လွဲချော်မှုတွေ မရှိအောင် အိုက်တင်တွေ ပိုမသွားအောင် အများကြီးပြင်ဆင်ပြီး ရိုက်ကူးခဲ့ရပါတယ်။ ကျနော့်ကို အကယ်ဒမီ ရတဲ့ သူတွေကလည်း ဝိုင်းဝန်ပြီး ကူညီပေးကြပါတယ်” လို့ လွှမ်းပိုင်က ဆိုပါတယ်။

“ကြွေ” ဇာတ်ကားက လွှမ်းပိုင် ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးထားတဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်ပြီး ပထမကားကတော့ ရဲရင့်အောင်၊ ဖွေးဖွေးတို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားတဲ့ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင် ပဲ ဖြစ်ပါတယ်။ “ကြွေ” ဇာတ်ကားမှာ သရုပ်ဆောင်မှု အပိုင်းနဲ့ ပတ်သက်လို့လည်း လွှမ်းပိုင်က အခုလို ဆိုပါတယ်။

 

အဆိုတော် လွှမ်းပိုင်

 

“ကြွေကားမှာ ကာရိုက်တာလေးက “နေမင်းမောင်” ဆိုတဲ့ ကာရိုက်တာလေးပါ။ ဒီကားလေးက ပေါ့ပေါ့ပါးပါး ရိုမန့်စ် ကားလေးဖြစ်တယ်။ ဒီကားလေး လာကြည့်ရင် တက္ကသိုလ်နဲ့ ပတ်သက်တဲ့ တက္ကသိုလ် အငွေ့အသက်တွေ ခံစားရမယ်။ တက္ကသိုလ် အချစ်ဇာတ်လမ်း ကားလေးပါပဲ။ ဒီကားထဲမှာကျနော် အဲ့ကောင်မလေးနဲ့ တွေ့ရင် ရှိန်တာပေါ့”

“ဒီကောင်မလေးက ကျောင်းမှာ နာမည်ကြီး ကောင်လေးတွေကို ဘယ်လိုခိုင်းတာဆိုတာလဲ သိတယ်။ ဒါပေမယ့် မတွေ့ရင်လည်း မနေနိုင်တဲ့အခါ ကျနော် စဉ်းစားမိတယ်။ အပြင်မှာသာ ကျနော်သာဆိုရင် ကြောက်ရွံနေမိမယ်။ ဒါပေမယ့် ဒီကောင်မလေး ခိုင်းရင်လည်း လုပ်ပေးမယ်။ အဲ့လိုပုံစံမျိုးနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီကာရိုက်တာက ကျနော် စိတ်မှ မဟုတ်ပါဘူး။ သာမန် ကျောင်းသားတယောက်ကို ကျောင်းသူ Queen က ပစား ပေးရင် အဲ့ကျောင်းသားလည်း ဒီကားထဲ က ဇာတ်ရုပ်အတိုင်းပဲ တော်တော်များများ ဖြစ်သွားနိုင်တယ်။ ကျနေ်ာ ထင်တယ်။ ယောကျာ်းလေး တော်တော် များများက ဒီပုံစံပဲ ”လို့ လွှမ်းပိုင်က ပြောပါတယ်။

အဆိုတော် လွှမ်းပိုင် ပါဝင်ထားတဲ့ “ကြွေ” ရုပ်ရှင် ဇာတ်ကားကို လာမယ့် ဇူလိုင် ၂၀ ရက်နေ့မှာ ရုံတင် ပြသမှာ ဖြစ်ပြီး ဒီကားထဲမှာတော့ သရုပ်ဆောင် အိချောပို၊ ခန့်စည်သူ၊ ရဲအောင်၊ စိုးမြတ်သူဇာနဲ့ သရုပ်ဆောင် များစွာ ပါဝင်ထားပါတယ်။ “ကြွေ” ဇာတ်ကားကိုတော့ ဒါရိုက်တာ သားညီ ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

The post ဝတ္ထုကိုဖတ်ပြီး သဘောကျလို့ “ကြွေ” ဇာတ်ကားကို ရိုက်ဖြစ်တာဆိုတဲ့ လွှမ်းပိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ