Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကျနော်နဲ့ ပြောဆိုလို့ အဆင်ပြေတဲ့သူတွေနဲ့ပဲ အလုပ်တွဲလုပ်နေတယ်” ဆိုတဲ့ အောင်မြင့်မြတ်

$
0
0

သရုပ်ဆောင် အောင်မြင့်မြတ်က “ဥပါယ်တံမျဉ်” ရုပ်ရှင် ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ အားပေးခြင်း ခံခဲ့ရတဲ့ အနုပညာရှင်တဦးပါ။ မိဘမဲ့ကလေး တယောက်၊ ဂျစ်ကန်ကန် လူငယ် တယောက် ကာရိုက်တာနဲ့ “သိန်းစိုး” ဆိုတဲ့ ဗီလိန်ဇာတ်ကောင်နေရာက ပါဝင်ခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့တာပါ။

ပရိသတ် အားပေးမှု ရရှိထားတဲ့ အောင်မြင့်မြတ်က လတ်တလောမှာ “Hospital Diary” လို့ အမည်ပေးထားတဲ့ ဆရာဝန်များအကြောင်း ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲ တခုမှာလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

“ကျနော် ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပါပြီ။ မကြာခင်က “အဖျားတစ်ထောက်” လို့ အမည်ပေးထားတဲ့ ရုပ်သံ ဇာတ်လမ်းတွဲလည်း ရိုက်ကူးထားပါသေးတယ်။ အခုလက်ရှိမှာလည်း “Hospital Diary” ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးနေပါတယ်။ ဒီဇာတ်လမ်းတွဲ ၂ခုစလုံးကို မြန်မာ့ရုပ်မြင်သံကြားမှာ ပြသသွားမှာပါ။ လောလောဆယ်တော့ ကျနော်နဲ့ ပြောလို့ဆိုလို့ အဆင်ပြေမယ့်သူတွေနဲ့ လုပ်ဖြစ်နေတယ်” လို့ အောင်မြင့်မြတ်က ပြောပါတယ်။

“ဇာတ်ကောင်ကိုတော့ ကျနေ်ာနဲ့ အဆင်ပြေမယ်။ ပြီးတော့ ကျနော်လုပ်ချင်တဲ့ ပုံစံနဲ့တူမယ်ဆိုရင် လုပ်ဖြစ်ပါတယ်။ အဆင်မပြေတာတွေ ပါတယ်။ ကျနော်လုပ်ချင်တာနဲ့ မတူတာတွေ ရှိတယ်။ အဲ့ခါကျရင် မလုပ်ဖြစ်ဘူး”လို့ အောင်မြင့်မြတ်က ဆိုပါတယ်။

အောင်မြင့်မြတ်က အချစ်ရေးနဲ့ ပတ်သက်လို့လည်း ချစ်သူသက်တမ်း ၃ နှစ်ရှိပြီ ဖြစ်တဲ့ ချစ်သူရှိပြီး ဒါနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“အချစ်ရေးက နားလည်မှုကို အတင်း လုပ်ယူထားတာတော့ မရှိပါဘူး။ ဒီလိုပဲ သွားရင်းလာရင်းနဲ့ပဲ နားလည်မှုနဲ့ ဆက်သွားဖြစ်နေတယ်။ စိတ်ဆိုးစိတ်ကောက်ကတဲ့အခါ တယောက်နဲ့တယောက် ပြုပြင်ပြောင်းလဲရင်း ရှေ့ဆက် လက်တွဲလာကြတယ်။ တယောက်နဲ့ တယောက်က စိတ်ဆိုး၊ စိတ်ကောက်တာလေးတွေတော့ ရှိတယ်။ ဘယ်လောက်ပဲ နားလည်ပါတယ် ပြောပြော ရန်ဖြစ်တယ် ဒါကလည်း ခဏလေးပါပဲ”

“ပြီးတော့လည်း မေ့သွားတာပဲ။ ထွေထွေထူးထူး မချော့ဖြစ်ဘူး။ လက်ထပ်ဖို့ကတော့ ပြောလိုက်လုပ်လိုက်နဲ့ ရွေ့လိုက်ကြနဲ့။ တကယ်သေချာမှပဲ ပြောပါတော့မယ်” လို့ အောင်မြင့်မြတ်က ပြောပါတယ်။

သရုပ်ဆောင် အောင်မြင့်မြတ်က “ဥပါတံမျဉ်” ဇာတ်ကားနဲ့ နာမည်ကြီးလာပြီး အလားတူ ဗီလိန် ဇာတ်ကောင်မျိုးကိုတော့ ထပ်မံ ရိုက်ကူးဖို့ မသေချာဘူးလို့လည်း ဆိုပါတယ်။

The post “ကျနော်နဲ့ ပြောဆိုလို့ အဆင်ပြေတဲ့သူတွေနဲ့ပဲ အလုပ်တွဲလုပ်နေတယ်” ဆိုတဲ့ အောင်မြင့်မြတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ