Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“လက်ရှိ ခေါင်းထဲမှာ အခွေထွက်ဖို့ပဲ ရှိနေတယ်” ဆိုတဲ့ Bunny ဖြိုး

$
0
0

အဆိုတော် Bunny ဖြိုးက စတုတ္ထမြောက် တကိုယ်တော်တေးစီးရီး “Neon Dreams” Audio CD ကိုသူ့ရဲ့မွေးနေ့ ဇွန်လ ၈ ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ Bunny ဖြိုးက သူ့ရဲ့ fan တွေ ပရိသတ်တွေနဲ့ The Yangon Gallery မှာ အမှတ်တရပွဲလေး ကျင်းပခဲ့တာဖြစ်ပြီး သီချင်းတွေဆိုပြရုံမက သူကိုယ်တိုင် ပါဝင်ဖန်တီးထားတဲ့ သီချင်းတွေ အတွက် Art Works တွေနဲ့ ပန်းချီ ပြပွဲလေးတခုကိုပါ ခင်းကျင်း တင်ဆက်ခဲ့တာပါ။

သီချင်းတွေ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုကနေ ပန်းချီဘက်ကိုပါ စိတ်ဝင်စားစွာ လုပ်ကိုင်လာတဲ့ အဆိုတော်Bunny ဖြိုးကို သူရဲ့Art Work အသစ်တွေအကြောင်း၊ ဂီတအကြောင်းများနဲ့ အချစ်ခံစားချက်ကို ဖော်ပြပေးချင်တာကြောင့် အနုပညာ သတင်းထောက် မန်းသူက အခုလိုပဲ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ Art Works တွေနဲ့ ပန်းချီပြပွဲလေးပါ တွဲလုပ်ဖြစ်သွားတဲ့ စိတ်ကူးလေးက ဘာကြောင့်လဲ။

ဖြေ။ ။ အဓိကတော့ နေရာကြောင့်ပေါ့နော်။ The Yangon Gallery မှာလုပ်တဲ့အတွက် ကြည့်စရာလေးတွေ ပါရင် ပိုကောင်းမယ်ဆိုပြီးတော့ စဉ်းစား စီစဉ်ဖြစ်ပါတယ်။ သီချင်းတပုဒ်ကို Art work တခုစီနဲ့ သီချင်း ၁၁ ပုဒ် အတွက် Art work ၁၁ ခု။ အဓိပ္ပါယ် ၁၁ ခုပါ။ ပန်းချီကားတွေရော၊ Installation တွေရော ပါ ပါတယ်။ သီချင်းနဲ့တွဲပြီးတော့ ပုံဖော်ကြည့်ပေါ့နော်။

မေး။ ။ Art work တခုချင်းစီက Bunny ကိုယ်တိုင် စိတ်ကူးလား။ သီချင်းတွေ နားထောင်ပြီးမှ ပုံဖော်ခဲ့တာလား။

ဖြေ။ ။ ဒီထဲမှာ ကျနော်ရယ် ၊ကျနော့်သူငယ်ချင်း ညီအစ်ကို ရသနဲ့ အားဂုရယ်၊ ထက်အောင်ကျော်ရယ်၊ ဒန်နီရယ်ရယ်၊ မေသက်ရယ်အားလုံးပေါင်းပြီး Art work တခုချင်းစီ ဖန်တီးဖြစ်တယ်။ သူတို့ကိုကျနော်က သီချင်းတွေ တပုဒ်ချင်းစီ ဖွင့်ပြတာပေါ့နော်။ ဘယ်သီချင်းကြိုက်လဲ၊ ဘယ်သီချင်း ဆွဲချင်လဲ။ အိုင်ဒီယာ ဖလှယ်ကြပြီးတော့ ကိုယ်လုပ်ချင်တာလေးတွေ ရွေးလုပ်ကြတာပေါ့။ ကျနော်ကတော့ ကိုယ်တိုင်ရေးသီချင်းတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့ Original ခံစားချက်ပေါ့။သူတို့ကတော့ ကျနော့်သီချင်း နားထောင်ပြီးမှ ဖြစ်လာတဲ့ ထပ်ဆင့် ခံစားချက်ပေါ့။

မေး။ ။ ကိုယ်တိုင်ဆွဲထားတဲ့ Art work ရော ပါသေးလား။

ဖြေ။ ။ ကိုယ်တိုင် ဆွဲထားတယ်ဆိုတာထက် ကျနော်လုပ်ချင်တာတွေ လုပ်ထားတယ်လို့ပဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က တကယ့် ပန်းချီဆရာကြီးလည်း မဟုတ်ပါဘူးဗျာ။

 

 

မေး။ ။ ကိုယ်တိုင် ဖန်တီးခဲ့တာ ဘယ်နှစ်ခုလောက်ပါလဲ။

ဖြေ။ ။ ဒီအထဲမှာ နှစ်ခုပါ ပါတယ်။ I’m OK နဲ့ Rose နဲ့ပါ။ လုပ်မှာက Gallery ထဲမှာဖြစ်တဲ့ အတွက်ကြောင့်မို့ နည်းနည်း ပိုပြီးတော့ Art နဲ့ သက်ဆိုင်တဲ့ ဟာမျိုးလေးတွေ၊လာတဲ့ပရိသတ်အတွက် သူတို့ဆီမှာလည်း အမှတ်တရ တခုခု ကျန်ခဲ့စေချင်တဲ့ အတွက်ကြောင့်မလို့ပါ။

မေး။ ။ ပန်းချီဆိုတာလည်း အနုပညာ၊ ဂီတဆိုတာလည်း အနုပညာပဲလေ။ ဒီ Art work လေးတွေ ဖန်တီးရတဲ့ အချိန် Bunny သီချင်းတွေဖန်တီးရတဲ့အချိန် ရင်ထဲက ခံစားမှုတူလား။

ဖြေ။ ။ တူပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ သီချင်းကလည်း ကျနော်ကိုယ်တိုင် ရေးတယ်။ ဒီ Art work ကလည်း ကျနော်ကိုယ်တိုင် ဆိုတော့လေ။ အစကတည်းကလည်း ကျနော်က သီချင်းတွေရေးကတည်းက ပုံတွေက ပေါ်ပြီးသားဆိုတော့ အဲဒါကို ကျနော်နိုင်သလောက် ပုံဖော်ခဲ့တာပါ။

မေး။ ။ စီးရီး Title အဓိပ္ပာယ်က ဘာလဲ။

ဖြေ။ ။ သီချင်း အကြောင်းအရာ အတိုင်းပါပဲ။ ကျနော်တို့ လူငယ်တွေရဲ့ အိမ်မက်။ နီယွန်ဆိုတာက တခြား အရောင်တွေထက် ပိုတောက်တာကိုး။ အဲဒီလိုမျိုး တောက်တောက်ပပနဲ့ ဖောက်ထွက်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး။ စီးရီး Title အတွက် Art work ဖန်တီးပေးတာက ရသပါ။

မေး။ ။ ဒီပွဲမှာ Bunny ဆွဲထားတဲ့ “Rose ,နှင်းဆီ” Art work ကို ကိုယ်တိုင်ဖန်တီးထားတဲ့ အကြောင်းကိုလည်း သိချင် ပါတယ်။

ဖြေ။ ။ ဒါကတော့…ဒါကတော့ ဒါပေါ့ဗျာ။

မေး။ ။ အခွေထဲမှာရော အချစ်သီချင်းတွေ ချည်းပဲလား။ အခွေထွက်တာလည်း များပြီ၊ ဂီတကလည်း ရင့်ကျက်လာပြီ ဆိုတော့ ရင့်ကျက်တဲ့ အချစ်အကြောင်းတွေ ဖြစ်သွားပြီလား။

ဖြေ။ ။ အခွေထဲမှာ အချစ်က ချစ်တာတော့ မျိုးစုံချစ်ထားတာပဲဗျ။ အသဲလည်းကွဲတယ်။ ကောင်မလေး ငယ်ငယ်တွေကို ရင်ခုန်တဲ့ဟာတွေလည်း ပါတယ်။ ပီပီပြင်ပြင် ချစ်တာမျိုးလည်းပါတယ်။ မဖြစ်နိုင်တော့တာကြီးကို မျှော်လင့်နေတာလည်း ပါတယ်။ အကြောင်းအရာကတော့ မျိုးစုံပါပဲဗျ။

မေး။ ။ လက်ရှိ Bunny ရဲ့ ရင်ထဲကအချစ်ကရော ဘယ်လိုမျိုးရှိလဲ။

ဖြေ။ ။ အချစ်က ဘယ်လိုမျိုးမှ မရှိနေပါဘူး။ အဓိက ဒီရက်ပိုင်းက အခွေအတွက်ပဲဆိုတော့ ကျနော့်ခေါင်းထဲမှာ အခွေအတွက်ပဲ ရှိပါတယ်။ တကယ့်ကို အခွေအကြောင်းပဲ ရှိတာမှလေ Date တွေတောင် မမှတ်မိတော့ဘူး။ ဒီနေ့က ကျနော့်မွေးနေ့လား။ မနက်ဖြန် ကျနော့်မွေးနေ့လား ဆိုတာတောင် မသိတော့အောင် ယောင်ဝါးဝါးတွေ ဖြစ်နေတယ်။

“Lucky အခွေထွက်ထားတာ ၂နှစ်နီးပါးကြာပြီးတဲ့ အချိန်အတွင်းမှာ သီချင်းအသစ်တွေလုပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် Lucky DVD မထွက်တော့ဘဲနဲ့ Audio CD စီးရီးအသစ် တန်းထွက်တာဆိုတော့ နောက်ထပ်သီချင်းအသစ်တွေ နားထောင်ရတဲ့ အတွက် ပရိသတ်တွေေ ကျနပ်လိမ့်မယ်လို့ ထင်ပါတယ်။ ရင်လည်းခုန်ပါတယ်။ ဒါပေမယ့် ဒီအခွေမှာ ပရိုမိုးရှင်း မလုပ်တဲ့အတွက် ပရိုမိုးရှင်း ရင်ခုန်မှုတော့ မရှိတော့ဘူးပေါ့ဗျ။

The post “လက်ရှိ ခေါင်းထဲမှာ အခွေထွက်ဖို့ပဲ ရှိနေတယ်” ဆိုတဲ့ Bunny ဖြိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ