Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဇာတိမြေ ဇာတ်ကားက အပင်ပန်းခံပြီး ရိုက်ခဲ့ရတဲ့ကားပါ” လို့ ဆိုတဲ့ ဝတ်မှုံရွှေရည်

$
0
0

သရုပ်ဆောင် ဝတ်မှုံရွှေရည် ပါဝင် သရုပ်ဆောင်ထားပြီး မကြာခင် ရုံတင်ပြသတော့မယ် “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားမှာ ဝတ်မှုန်ရွှေရည်က အပင်ပန်းခံပြီး အကောင်းဆုံး ရိုက်ကူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဇာတိမြေဇာတ်ကားက ၈၈ အရေးအခင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ သတ်ဆိုင်တာမျိုး ရိုက်ထားတာဆိုတော့ ဇာတ်လမ်းအရလည်း ထူးခြားတယ်လို့ ပြောချင်ပါတယ်။ ကစ်ကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဇာတိမြေဇာတ်ကားက ကစ်ဘဝမှာ အပင်ပန်းဆုံး ဇာတ်ကားလို့တောင် ပြောလို့ရပါတယ်” လို့ ဝတ်မှုန်ရွှေရည်က ပြောပါတယ်။

“ဘာလို့လဲဆို ကိုယ့်နိုင်ငံမှာ ရိုက်တာလည်း မဟုတ်ဘူး။ သူများနိုင်ငံမှာ ရိုက်တဲ့အချိန်မှာ မနက်ကနေ မိုးချုပ် ၁၂ နာရီ လောက်မှ ပြီးတယ်။ နောက်နေ့ဆိုလည်း အစောကြီး ထရတယ်။ အဲ့လိုမျိုး ၁ လကျော်ကျော်လောက် လုပ်ရတယ် ဆိုတော့ အဲ့အတွက် ပင်ပန်းထားတဲ့ ဇာတ်ကားဆိုတော့ ကစ်လည်း တကယ့်ကို အားစိုက် ထုတ်ခဲ့ရတယ်” လို့ ဝတ်မှုန်ရွှေရည်က ဆိုပါတယ်။

ဆက်လက်ပြီး “ဇာတ်လမ်းလေးကလည်း ထူးထူးဆန်းဆန်းလေးဖြစ်တော့ ပရိသတ်တွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။ ပင်ပန်းခဲ့တယ်။ ဒါပေမယ့် ပျော်ပါတယ်။ အဝင်းနဲ့ အလုပ်လုပ်ရတာလည်း အဆင်ပြေပါတယ်။ ဇာတိမြေ ကားရုံတင်ရင်တော့ ကြည့်ပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ဝတ်မှုံရွှေရည်ကဆိုပါတယ်။

ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံမှာသွားရောက်သွားရောက်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်များ အနေနဲ့ အောင်ရဲလင်း၊ မိုရီဆာကီဝင်း(ခ)အဝင်း နဲ့ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာကြည်ဖြူသျှင်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က လတ်တလောမှာ သရုပ်ဆောင် ရဲတိုက်၊ ဒေါင်း၊ ရွှေထူးတို့နဲ့အတူ “ဒဏ္ဍာရီမိုး”ဆိုတဲ့ ရုပ်ရှင်ကားကြီးကိုလည်း ရိုက်ကူးနေပြီး ဒါနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“ဒဏ္ဏာရီမိုး ရုပ်ရှင်ကားကိုပဲ စိတ်နှစ်ပြီးရိုက်နေပါတယ်။ တခြားတော့ ဘာမှ မရှိသေးပါဘူး။ အရမ်းအားရတယ်။ ကစ်အပါအဝင် ၄ ယောက်ပေါ့။ အားလုံးက ဒီဇာတ်ကားကို သေချာပြင်ဆင်တယ်။ စိတ်နှစ်ထားကြတယ်။ ဇာတ်ကား တကားကလည်း တယောက်တည်း ကောင်းနေလို့ မရဘူးပေါ့ အားလုံးကောင်းပြီး တက်ညီလက်ညီနဲ့ အံဝင်ခွင်ကျဖြစ်ပြီး အားထည့်ထားမှလည်း ကားကောင်းတကားဖြစ်တာပေါ့” လို့ ဝတ်မှုန်ရွှေရည်က ပြောပါတယ်။

“အားလုံးကလည်း သေချာကိုပြင်ဆင်ထားကြတယ်။ ရို့မန့်စ် ဒရာမာ ဇာတ်ကားလေးဆိုတော့ ပရိသတ်အတွက် ကြည့်ကောင်းမယ့် ကားလေးတကား ဖြစ်မှာလို့ ကစ်ယုံကြည်ပါတယ်။ ဒီကားကို ရိုက်တဲ့ ကိုဝင်းလွင်ထက်ရော ကိုကျော်ကျော်ထွန်းရော သေချာလေးပြင်ဆင်ပြီး အားထည့်ထားပြီး ရိုက်ထားကြတဲ့အတွက် အဖက်ဖက်က ကျေနပ်ရပါတယ်ပေါ့”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

ဝတ်မှုံရွှေရည်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားများ၊ ကြော်ငြာများကိုလည်း အဆက်မပြတ် ရိုက်ကူးနေပြီး သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း မကြာခင်မှာ ရုံတင်ပြသဖို့လည်း ရှိနေပါတယ်။

The post “ဇာတိမြေ ဇာတ်ကားက အပင်ပန်းခံပြီး ရိုက်ခဲ့ရတဲ့ကားပါ” လို့ ဆိုတဲ့ ဝတ်မှုံရွှေရည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ