Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

LGBT တွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ခိုင်နှင်းဝေတို့ရဲ့”My Place”စားသောက်ဆိုင်

$
0
0

ပရဟိတ အလုပ်များကို အားသွန်ခွန်စိုက် လုပ်ကိုင်နေသူ သရုပ်ဆောင် ခိုင်နှင်းဝေက ဇူလိုင်လ ၁၀ ရက်နေ့မှာ “My Place” ဆိုတဲ့ စားသောက်ဆိုင်တဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဆိုင်ကို တာမွေမြို့ ဒဂုံသီရိလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး သူမနဲ့အတူ သူမရဲ့ဘေးနားမှာ အမြဲအတူတူ ရှိပေးခဲ့တဲ့ သူငယ်ချင်း JD တို့ ကြိုးစားပြီး ဖွင့်ထားတဲ့ ဆိုင်လို့လည်း သိရပါတယ်။

“My Place” လို့ နာမည်ပေးထားတဲ့ ဆိုင်လေးဟာ ကော်ဖီဆိုင်သက်သက် စားသောက်ဆိုင် သက်သက် မဟုတ်တဲ့ နေရာလေးတခု ဖြစ်တယ်လို့ ခိုင်နှင်းဝေက ဆိုပါတယ်။

“My Place တဲ့။ စားသောက်ဆိုင်သက်သက် ကော်ဖီဆိုင်သက်သက် မဟုတ်တာကြောင့် ဘာဆိုင်လဲလို့ မေးရင် ဖြေရနည်းနည်းခက်ပါတယ်။ အစားအသောက်ရော ကော်ဖီကောင်းကောင်းလေးရောအပြင် လူကိုလူလို တန်ဖိုးထား တတ်သူများအတွက် ဆုံဆည်းရာ နေရာလေးတခုဖြစ်မှာပါ။ ဒါကြောင့် My Place ဆိုတဲ့ ဆိုင်နာမည်လေးဟာ JD ရဲ့ Place၊ ကျမရဲ့Place ဖြစ်နေသလို လူသားအားလုံးရဲ့Place လည်းဖြစ်လို့ လာအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်” ဆိုပြီး ခိုင်နှင်းဝေက သူ့ရဲ့Facebook မှာ ရေးသားထားပါတယ်။

 

 

ဒီဆိုင်က LGBT (Lesbian, Gay, Bisexual, Transgender) များအတွက် ရည်ရွယ် ဖွင့်လှစ်ထားတဲ့ဆိုင်လို့ သိရပြီး ဒီဆိုင်ဖွင့်ဖြစ်တာနဲ့ ပတ်သက်လို့ JD က ဧရာဝတီကို အခုလို ဆိုပါတယ်။

“ဒီဆိုင်ဖွင့်ဖြစ်တာက မခိုင်နှင်းဝေရဲ့ ပရဟိတအသင်းအတွက်လည်း အလှူငွေရဖို့ ရည်ရွယ်ပါတယ်။ ဒီဆိုင်ရဲ့ ရလာတဲ့ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို ခိုင်နှင်းဝေ ပရဟိတအသင်းကို လှူဒါန်းမှာပါ။ ဒီဆိုင်က ဘာလို့ LBGT တွေကို ဘာလို့ ရည်ရွယ်တာလဲဆို စီးပွားရေး လုပ်မယ်ဆိုတော့ ပရဟိတအတွက်လည်း အလှူငွေရဖို့အတွက် ဆိုင်လေး ဖွင့်မယ်ဆိုတော့ LGBTတွေအတွက် ဆိုင်ကရှားတယ်။ ရှားတော့ LGBTတွေနဲ့ ပတ်သက်တဲ့ အပြင်အဆင်လေး တွေနဲ့ ရည်ရွယ်ပြီး ဖွင့်လိုက်တာပါ” လို့ JD က ဧရာဝတီကို ပြောပါတယ်။

 

 

“ကျနေ်ာတို့ အပြင်မှာ LGBTတွေကို အထင်သေးခြင်း အမြင်တမျိုးနဲ့ ကြည့်ကြတယ်။ အဲ့တော့ ဒီဆိုင်ကိုလာရင် နွေးထွေးတဲ့ နေရာလေး တခုဖြစ် ဖန်တီးပေးချင်တာကြောင့်လည်း ဖွင့်ဖြစ်တာပါတယ်။ ဒီဆိုင်ရဲ့ထူးခြားချက်က ဒီဆိုင်ကိုဝင်လာတာနဲ့ LGBTနဲ့ ပတ်သတ်တဲ့ knowledge တွေသိရမယ်။ ကမ္ဘာမှာရှိတဲ့ LGBTတွေ သူတို့ဘာလို့အောင်မြင်လဲ ဆိုတာသိရမယ်”

“အဓိကကနွေးထွေးမှုနဲ့ ဘယ်မှာမှမရနိုင်တဲ့ ထိုင်းအရသာအစစ်တွေကိုရမယ်။ ကော်ဖီကအစ မေမြို့က နှပ်ကော်ဖီ စစ်စစ်ပါပဲ။ LGBT တွေဟာလည်း လူပါပဲ။ လူကို လူလို့မြင်ရင် ဘာမဆို ကွဲပြား ခြားနားနေမှာ မဟုတ်ပါဘူး။ ခုနောက်ပိုင်းLGBTတွေကို အတိုင်းအတာ တခုထိတော့ လက်ခံလာကြတယ်လို့ ထင်ပါတယ်’’လို့ JD က ပြောပါတယ်။

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံ ဆောင်ရွက်နေသူ တဦးပါ။ United Act ရဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

The post LGBT တွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ခိုင်နှင်းဝေတို့ရဲ့”My Place” စားသောက်ဆိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ