Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အချစ်ရေးမှာ တယောက်တည်း ဖြစ်သွားပြီ” ဆိုတဲ့ အဆိုတော် ဝိုင်းလေး

$
0
0

မကြာသေးခင်က အချစ်ရေးနဲ့ ပတ်သက်ပြီး “တယောက်တည်း ဖြစ်သွားပါပြီ”လို့ ကြေညာခဲ့တဲ့ အလှမယ်၊ အဆိုတော် ဝိုင်းလေးဟာ အခုချိန်မှာတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကြောက်နေပြီလို့ ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့ “အကြိမ်ကြိမ် ပြိုလဲခဲ့ပြီးပြီ” ဆိုတဲ့ သူ့ရဲ့ နှလုံးသားရေးရာ ခံစားချက်တွေကိုလည်း အခုလို ပြောပြထားတာ တွေ့ရပါတယ်။

”အကြိမ်ကြိမ် ပြိုလဲခဲ့ပြီးပြီမို့ နောက်တခေါက်ဆိုတဲ့ အကြိမ်ကို ထပ်လဲပြိုဖို့ စိုးကြောက်မိတဲ့ ခံစားချက်မျိုး။ အကြိမ်ကြိမ် ဆုံးရှုံးခဲ့ရပြီးပြီမို့ နောက်တခေါက်ဆိုတဲ့ ဆုံးရှုံးသွားလိုက်ရမှာကို သေမလောက်ကြောက်တဲ့ ခံစားချက်မျိုး။ အကြိမ်ကြိမ် လိမ်ခံရပြီးပြီမို့ နောက်တခေါက်ဆိုတဲ့ ယုံကြည်မှုကင်းမဲ့တဲ့ သံသယတွေနဲ့ ခံစားချက်မျိုး” ဆိုပြီးတော့ သူရဲ့ Facebook ပေါ်မှာ ဝိုင်းလေးက ရေးသားထားပါတယ်။

“အချစ်ရေးနဲ့ ပတ်သက်ပြီး Public မှာချပြတာ ဖြေတာ ပထမဆုံးနဲ့ နောက်ဆုံးပါပဲ။ အခုတော့ တယောက်တည်း ဖြစ်သွားပါပြီ။ အချိန်တွေလည်း ကုန်ဆုံးခဲ့ပြီးပြီမို့ RS တခု ရေရှည်တည်တံ့ပြီး တသက်လုံး သစ္စာရှိရှိ သွားဖို့ဆိုတာ မိန်းကလေး တယောက်တည်း အတင်းလုပ်ယူလို့မရသလို နှစ်ဖက်လုံး နားလည်မှုရှိမှ လက်တွဲဖော်ဖြစ် လာပါလိမ့်မယ်။ ဘယ်လောက် ခွင့်လွှတ်၊ သည်းခံ အတိုင်းတာ တခုထိပေါ့။ ဘယ်သူ့မှ ထိခိုက်စရာ မရှိတော့ပါဘူး” ဝိုင်းလေးက ဆိုထားပါတယ်။

ဝိုင်းလေးဟာ သူရဲ့ အချစ်ရေးထက် သူရဲ့ အနုပညာကိုပဲ ပရိသတ်တွေ စိတ်ဝင်စားအောင် အနုပညာတွေ ကြိုးစားနေပြီး အချစ်ရေးနဲ့ ပတ်သက်လို့ ဘယ်အရာမှ မသေချာတဲ့အတွက် ဘာမှ သိပ်မပြောချင်ဘူးလို့ ဧရာဝတီကို ဖြေကြားဖူးပါတယ်။

“ပရိသတ်တွေကို အဲ့အကြောင်းကြီးပဲ မမြင်စေချင်ဘူး ဝိုင်းလေးရဲ့ အနုပညာအလုပ်လေးကိုပဲ ပိုစိတ်ဝင်စားအောင် တနေ့တနေ့ ဘာလုပ်ရမလဲပဲ စဉ်းစားနေပါတယ်။ အချစ်ရေးက ဒီနေ့ အဆင်ပြေတယ်။ နောက်နေ့ အဆင်ပြေချင်မှ ပြေတယ်။ နောက်နေ့ တယောက်တည်းလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လေ။ အဲ့ဒီအတွက် ချစ်သူနဲ့ ပတ်သက်ပြီးသိပ်ပြီး မဖော်ပြပါဘူး”

“ဝိုင်းလေး အချစ်ရေးနဲ့ ပတ်သက်ပြီး ဘယ်အရာမှ မသေချာတဲ့အတွက် ဘာမှသိပ်မပြောချင်ဘူး။ အချိန်တန်လို့ ကိုယ်တကယ် လက်ထပ်မယ့်သူကိုပဲ ပရိသတ်တွေကို ချပြသွားပါတော့မယ်။ အချစ်ရေးမှာလည်း ကံကောင်းတယ် မကောင်းဘူးလို့ မသတ်မှတ်ထားပါဘူး။ ဘာလို့လဲဆို ဒီနေ့ အဆင်ပြေပြီး နောက်နေ့အဆင်ပြေချင်မှ ပြေတာလေ’’ လို့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဝိုင်းလေးက ဧရာဝတီကို အခုလိုဖြေကြားခဲ့ဖူးပါတယ်။

ဝိုင်းလေးဟာ အိမ်မက်ဆုံရာပြိုင်ပွဲမှ ပရိသတ်အားပေးမှုရရှိလာခဲ့ပြီးနောက် Miss World Myanmar ဆုကိုပါ ရရှိထားသူပါ။ ဝိုင်းလေးရဲ့ သီချင်းလေးတွေကို ပရိသတ်တွေအတွက် အင်တာနက်ကနေ အမြဲ တင်ဆက် ပေးနေသူတဦးဖြစ်ပြီး ပရိသတ်အားပေးမှု အများအပြားရရှိထားတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်“ရိုးသားပြီး စိတ်ဓာတ်ကောင်းမွန်သူကို ချစ်သူရွေးချယ်ထားတယ်”ဆိုတဲ့ ဝိုင်းလေး

The post “အချစ်ရေးမှာ တယောက်တည်း ဖြစ်သွားပြီ” ဆိုတဲ့ အဆိုတော် ဝိုင်းလေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ