Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ရွှေတောင်ခေါက်ဆွဲအပြင် တခြားအမယ်တွေကိုပါ ထပ်ပြီး ရောင်းဖို့ရှိတဲ့”လင်းဇာနည်ဇော်

$
0
0

အနုပညာလုပ်ငန်းများကို အလျဉ်းသင့်ရင် သင့်သလို လုပ်ကိုင်နေပြီး စီပွားရေးလုပ်ငန်းကိုပါ လုပ်ကိုင်နေတဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်က အနုပညာလုပ်ငန်းဟာ ဝါသနာပါတဲ့လုပ်ငန်းဖြစ်တာကြောင့် အနုပညာကိုလည်း လုပ်ကိုင်နေသလို စီးပွားရေးလည်း လုပ်ကိုင်ရမယ့် အရွယ်ဖြစ်တာကြောင့် တဖက်က စီးပွားရေးကိုလည်း လုပ်ကိုင်ဖြစ်တယ်လို့ ဧရာဝတီ ကိုပြောပါတယ်။

“ကျမ အနုပညာလှုပ်ရှားမှုအနေနဲ့ “သူစိမ်းအိမ်” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်နေပါတယ်။ အရင်တုန်းကလောက် ရိုက်ကူး သိပ်မလုပ်ဖြစ်ဘူး။ အသက်အရွယ်ရတာလည်း ပါသွားတယ်။ အပြင်စီးပွားရေးလည်း လုပ်နေတော့ ကားရိုက်ဘက်ကို သိပ်မလုပ်ဖြစ်ဘူး။ ဒီကားရိုက်အလုပ်ကလည်း ကျမ အရမ်းဝါသနာပါလို့ ရွေးချယ်ထားတဲ့ အလုပ်ဖြစ်တဲ့အတွက် အရှင်းကြီး မလုပ်တော့ဘဲ ရပ်သွားနိုင်မှာတော့ မဟုတ်ပါဘူး။ အပြင်စီးပွားရေးလည်း လုပ်ရမယ့် အရွယ်ဖြစ်တဲ့အတွက် လုပ်ဖြစ်တာပါ။ ကားရိုက်ကိုလည်း အားရင်အားသလို ကျမရိုက်နေပါတယ်” လို့ လင်းဇာနည်ဇော်က ပြောပါတယ်။

လင်းဇာနည်ဇော်က အပြင်စီးပွားရေးအနေနဲ့ အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ရွှေတောင်ခေါက်ဆွဲကို ကိုယ်တိုင်လုပ်ပြီး ရောင်းချနေတာ ဖြစ်ပါတယ်။ အနုပညာရှင်တယောက်ဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းကို စိမ်းပေမယ့် နောက်ပိုင်းမှာ အော်ဒါတွေ တက်လာတာကြောင့် ရွှေတောင်ခေါက်ဆွဲအပြင် အခြားသော အမယ်တွေပါ ထည့်နိုင်အောင် ကြိုးစားနေ ကြောင်း ပြောပါတယ်။

“ကျမတို့က အနုပညာသမားတွေဖြစ်တဲ့ အခါကျတော့ အပြင်စီးပွားရေးနဲ့ အရမ်းစိမ်းတယ်လေ။ အနုပညာအလုပ်က ကိုယ့်အတွက်ကျတော့ ရေရှည်ကျတော့ အဆင်မပြေဘူးလေ။ အပြင်စီးပွားရေး လုပ်မယ်ဆိုတဲ့ နေရာမှာ စီးပွားလုပ်ငန်းနဲ့ နည်းနည်းစိမ်းတယ်။ အနုပညာလုပ်တဲ့ မိသားစုက ဆင်းသက်လာကြတာ ဖြစ်တဲ့အတွက် အနုပညာအလုပ်ပဲ လုပ်တတ်တယ်”

“အခု လုပ်တဲ့လုပ်ငန်းဆိုလည်း လုပ်ငန်းကြီးလို့ မပြောပါဘူး။ ရွှေတောင်ခေါက်ဆွဲ ရောင်းတာကို အစတော့ အပျော်လုပ်ရင်းနဲ့ အခုနောက်ပိုင်း အော်ဒါတွေ အရမ်းတက်လာတဲ့အခါ အလုပ်တခုလို ဖြစ်သွားတာပေါ့။ အခုလောလောဆယ် တနိုင်တပိုင် ဒီရွှေတောင်ခေါက်လုပ်ငန်းလေးကိုပဲ ကွာလတီ မလျော့သွားအောင် အားထည့်ပြီးတော့ လုပ်နေပါတယ်။ နောက်ထပ် အမယ်တွေ ထပ်တိုးပြီး မလုပ်သေးပေမယ့် နောက်ပိုင်းတော့ ဖြည်းဖြည်းချင်း နောက်ထပ်အမယ်တွေ တိုးနိုင်အောင်တော့ ကြိုးစားသွားမှာပါ’’လို့ ပြောပါတယ်။

လင်းဇာနည်ဇော်ရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့တော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ “တခုလပ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

The post “ရွှေတောင်ခေါက်ဆွဲအပြင် တခြားအမယ်တွေကိုပါ ထပ်ပြီး ရောင်းဖို့ရှိတဲ့” လင်းဇာနည်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ