Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Ant-Man And The Wasp”

$
0
0

“Ant-Man And The Wasp” ရုပ်ရှင်ဟာ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ပွဲဦးထွက် ဝင်ငွေ ဒေါ်လာ ၇၆ သန်း နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ စူပါဟီးရိုးတွေအဖြစ် မင်းသား Paul Rudd နဲ့ မင်းသမီး Evangeline Lilly တို့ ပါဝင်ထားတဲ့ အဲဒီ Marvel ရုပ်ရှင်ဟာ ၂၀၁၅ ခုနှစ်မှာဖြန့်ချိခဲ့တဲ့ မူရင်း Ant-Man ရုပ်ရှင်က ပွဲဦးထွက်ဝင်ငွေ ဒေါ်လာ ၅၇ သန်း ရရှိခဲ့တာကြောင့် စံချိန်သစ် တင်လိုက်တာလည်း ဖြစ်ပါတယ်။

Disney ရဲ့ ပြည်တွင်းဖြန့်ချိရေး အကြီးအကဲ Cathleen Taff က “ရလဒ်တွေနဲ့ပတ်သက်လို့ တော်တော်လေးကို အံ့သြ ရပါတယ်။ Marvel သူဌေး Kevin Feige နဲ့ အဖွဲ့က အဲဒီရုပ်ရှင်တွေကို ဘယ်လိုဖန်တီးထားတယ်ဆိုက ကျမတို့ကို ဆက်တိုက်အံ့သြစေရပါတယ်။ Kevin နဲ့ သူ့အဖွဲ့ဟာ အမြဲတမ်း ကွဲပြားတဲ့ဇာတ်လမ်းကို ဖော်ထုတ်ဖို့ ကြိုးစားနေကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မင်းသမီး Evangeline ရဲ့ Wasp (နကျယ်မ) ဇာတ်ကောင်ဟာ Marvel Cinematic Universe မှာ ခေါင်းစဉ် အနေနဲ့ သီးသန့်ဖော်ပြရတဲ့ ပထမဆုံး အမျိုးသမီး ဇာတ်ကောင်ပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကြည့်ရှုပြီးသူတွေရဲ့ သဘောတွေ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေကလည်း “Ant-Man and the Wasp” ရုပ်ရှင်ကို နိုင်ငံတကာဈေးကွက်မှာ လွှမ်းမိုးမှုရရှိစေခဲ့ပါတယ်။ အမေရိကန်နှင့် ကနေဒါ နိုင်ငံ ပြင်ပ ကမ္ဘာ့နိုင်ငံတွေမှာတော့ ဒေါ်လာ ၁၆၁ သန်း ရရှိထားပြီးဖြစ်ပါတယ်။ ဒါဟာ Marvel နဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Disney ရဲ့ အမှုဆောင်အရာရှိတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာပဲ ပြသထားတဲ့ “Avengers: Infinity War” ရုပ်ရှင်ဟာ ကမ္ဘာ့ရုံဝင်ငွေ ဒေါ်လာ ၂ ဘီလီယံ ရရှိထားပြီး “Black Panther” ရုပ်ရှင်ဟာ ၁ ဒသမ ၃ ဘီလီယံရရှိထားပြီးလည်း ဖြစ်ပါတယ်။

မြောက်အမေရိကရုံဝင်ငွေစာရင်းကို ပြန်ကြည့်မယ်ဆိုရင် Disney ရဲ့ Incredibles 2 ရုပ်ရှင်ဟာ ဒေါ်လာ ၂၉ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ပြည်တွင်းရုံဝင်ငွေ သမိုင်းမှာ “Finding Dory” ရုပ်ရှင်ကို ကျော်ဖြတ်ပြီး Pixar ရဲ့ ရုံဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ တတိယနေရာမှာ “Jurassic World: Fallen Kingdom” က ရပ်တည်နေပြီး ဇူလိုင်လ ၅ ရက်နေ့မှာတော့ ဒေါ်လာ ၁ ဘီလီယံကျော်ကိုရောက်ရှိခဲ့ပြီး သမိုင်းမှတ်တိုင် သစ်စိုက်ထူနိုင်ခဲ့ပါတယ်။

သည်းထိတ်ရင်ဖိုရုပ်ရှင် “The Purge” ရဲ့ မူရင်းဇာတ်လမ်းဖြစ်တဲ့ “The First Purge”ကတော့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပြီး Sicario: Day of the Soldado” ရုပ်ရှင်ကတော့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။

Ref:aceshowbiz

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Ant-Man And The Wasp” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)