Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“လောလောဆယ် အနာမကျက်သေးလို့ ရည်းစား မထားသေးဘူး” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း)

$
0
0

အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားခြင်းခံရတဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)ကတော့ ချစ်သူနဲ့ လမ်းခွဲပြီး နောက်ပိုင်း လောလောဆယ်မှာတော့ အနာမကျက်သေးတဲ့အတွက် ချစ်သူရည်းစားထားဖြစ်ဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“လောလောဆယ်တော့ အမှန်အတိုင်းပြောရရင် ချစ်သူလည်း မထားဘူး ရည်းစားလည်း မထားဘူး။ လိုက်တဲ့ သူတွေတော့ ရှိတယ်။ ဘာလို့ မထားလဲဆိုရင် သု အနာမကျက်သေးလို့ပါ”လို့ ညီညီမောင်က ဆိုပါတယ်။ ညီညီမောင် (စမ်းချောင်း) ကတော့ မကြာခင်က ပြတ်သွားတဲ့ ရည်းစားက စိတ်ကျေနပ်အောင် တောင်းပန်မယ်ဆိုရင် စဉ်းစားမယ်လို့ ပြောပါတယ်။

“အဲဒါတော့ စဉ်းစားရဦးမယ်။ ကိုယ်လိုချင်တဲ့ အချက်တွေနဲ့ ပြည့်စုံရင် စဉ်းစားမယ်။ ကိုယ်က သူ့အပေါ် မကောင်းခဲ့တာ တခုမှ မရှိဘူး။ သူသာကိုယ့်အပေါ် စိတ်ကျေနပ်အောင် တောင်းပန်မယ်ဆိုရင် စဉ်းစားပေးမယ်။ လောလောဆယ်တော့ မစဉ်းစားသေးဘူး” လို့ ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။

လတ်တလော လူအများထင်နေတဲ့ သူကတော့ သူ့ရဲ့ ရည်းစား မဟုတ်ဘဲ ယောကျာ်း၊ မိန်းမ ပြောင်းလဲထားသူချင်း ရင်ဖွင့်တိုင်ပင်ဖြစ်ပြီး အရင်းရင်းနှီးကြတာပါလို့ ပြောပါတယ်။

“သူနဲ့ကိုယ်နဲ့က ပြောင်းထားတာခြင်း တူတယ်လေ။ သူကလည်း မိန်းမကနေ ယောင်္ကျားလေးပြောင်းထားတာ။ သုသုကလည်း ယောင်္ကျားကနေ မိန်းမပြောင်းထားတာ။ ကိုယ်တွေရဲ့ခံစားချက်ကို ကိုယ်တွေပဲသိတယ်။ စိတ်ထဲမှာ နာကျင်တာတွေရှိတယ်။ ပြီးတော့ ဟော်မုန်းဆေးတွေ သောက်နေတာတွေ ရှိတယ်။ မခွဲစိတ်ဖူးတဲ့ လူတယောက်ကို ပြောပြလည်း အလကားပဲ။ အဲဒီတော့ သူနဲ့ကိုယ်နဲ့ တိုင်ပင်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူနဲ့အရမ်းရင်းနှီးတယ်။” လို့ ညီညီမောင်(စမ်းချောင်း) ကပြောပါတယ်။

ညီညီမောင်(စမ်းချောင်း)ကိုတော့ မကြာသေးမီက Music Video တခုမှာ သရုပ်ဆောင်ထားတာကို တွေ့ရပြီး မကြာခင်မှာလည်း ရုပ်ရှင်ရိုက်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ “ရုပ်ရှင်ရိုက်ဖို့အတွက် စီစဉ်နေတယ်။ ပါမယ့် မင်းသား မင်းသမီးတွေကလည်း မြန်မာနိုင်ငံက ထိပ်တန်းတွေဆိုတော့ ရက်ညှိနေကြတုန်း။ သေချာရင်တော့ ပြန်ပြောပါမယ်” လို့ ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။

“သုသု” လို့ ချစ်စနိုး ခေါ်ကြတဲ့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း)ကတော့ သူ့ရဲ့ Facebook မှာ ဟာသဗီဒီယိုဖိုင်များ တင်ကာ ပရိသတ် ချစ်ခင်မှုကို ရရှိနေသူ တဦးလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် “နှလုံးအဆို့ရှင် မကောင်းတဲ့ ရောဂါရှိတယ်” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း)

The post “လောလောဆယ် အနာမကျက်သေးလို့ ရည်းစား မထားသေးဘူး” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ