Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လက်ထပ်ပွဲ ၁၉ နှစ်ပြည့်အထိမ်းအမှတ် ပဲရစ်မြို့မှာ နေ့လယ်စာစားခဲ့တဲ့ ဘက်ခမ်းတို့ ဇနီးမောင်နှံ

$
0
0

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ လက်ထပ်ပွဲ ၁၉ နှစ်ပြည့်အထိမ်းအမှတ်ကို နေ့လယ်စာအတူသုံးဆောင်ရင်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ နှစ်ဦးဟာ နေ့လယ်စာမီနူးမှာ ပြီးပြည့်စုံစေဖို့ စတာလင်ပေါင် ၈၀၀၀ တန်ဖိုးရှိ Chateau Lafite Rothschild ဝိုင်ကိုပါ မှာယူခဲ့ကြပြီး Caviar ဆိုတဲ့ ငါးဥလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဆိုင်အပြင်ဘက်မှာ ရှိတဲ့စားပွဲပုံမှာ သူနဲ့ သူ့ဇနီးအတူတူထိုင်နေတဲ့ ဓာတ်ပုံကို Instagram အကောင့်မှာ ဒေးဗစ်ဘက်ခမ်းက မျှဝေခဲ့ပါတယ်။

ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်က “၁၉ နှစ်တောင်ရှိပြီပဲ။ လွန်ခဲ့တဲ့ ၁၉ နှစ်တုန်းကတော့ ကျနော်က ခေါင်းအစ ခြေအဆုံးခရမ်းရောင်ကို ဝတ်ဆင်ထားရတယ်။ အံ့သြဖို့အကောင်းဆုံး ဇနီးနဲ့ မိခင်ဖြစ်သူအတွက် ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှစ်ပတ်လည်နေ့လေးပါ” လို့ဆိုပြီး လက်ထပ်ပွဲနေ့က ဇနီးသည်နှင့်အတူ ဒီဇိုင်နာ Antonio Berardi ရဲ့ ခရမ်းရောင် လက်ထပ်ဝတ်စုံအကြောင်း ပြန်ပြောင်းပြောကြားခဲ့ပါတယ်။

အဲဒီဓာတ်ပုံထဲမှာတော့ သူတို့နှစ်ဦးဟာ ကင်မရာကို ပြုံးရွှင်စွာ ကြည့်နေခဲ့ပြီး Spice Girls အဖွဲ့ဝင်ဟောင်း ဗစ်တိုးရီးယား က သူ့ရဲ့လက်ကို ခင်ပွန်းသည် ဒေးဗစ်ရဲ့ လက်အပေါ် ထပ်ထားခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ ဒေးဗစ်ကတော့ အပြာရောင်ရှပ်အကျီနဲ့ ကြည့်ကောင်းနေပြီး ဇနီးသည်ကတော့ နေ့လယ်စာ သုံးဆောင်ဖို့အတွက် လုံလောက်တဲ့ မိတ်ကပ်ကိုသာ လိမ်းခြယ်လို့ အနက်ရောက်ဝတ်စုံနဲ့ လှပနေခဲ့ပါတယ်။

ဗစ်တိုးရီးယားဟာလည်း အဲဒီဓာတ်ပုံကိုပဲ သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ ပုံစာမှာတော့ “၁၉ နှစ်။ ရှင့်ကို ကျမအရမ်းချစ်တယ်” လို့ ရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။

အဲဒီနေ့အစောပိုင်းမှာတော့ ဗစ်တိုးရီးယားဟာ သူ့ရဲ့ Instagram Stories မှာ နှစ်ပတ်လည်နေ့လက်ဆောင်လို့ ပြောနိုင် မယ့် ဓာတ်ပုံတချို့ကိုလည်း တင်ခဲ့ပါတယ်။ အဲဒီအထဲမှာ ကလေး လေးယောက်ဆီကနေ ရရှိထားပုံရတဲ့ ငွေရောင်ပါတီ ဘောလုံးဓာတ်ပုံကိုလည်း တင်ခဲ့ပါတယ်။ ပုံစာမှာတော့ “ကံကောင်းတဲ့ မေမေနဲ့ဖေဖေ” လို့ ရေးသားထားပါတယ်။ တခြား ဓာတ်ပုံတခုမှာတော့ ဒေးဗစ်ရဲ့ မိခင် Sandra Beckham ပေးထားတဲ့ အဖြူရောင် နှင်းဆီပန်းစည်းပုံလည်း ပါဝင်ပါတယ်။

အခုလိုမျိုး၊ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မှာ အတူတူအချိန်မကုန်ဆုံးခင် သူတို့နှစ်ဦးဟာ သမီးဖြစ်သူ Harper ရဲ့ ကျောင်းတွင်းအားကစားနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး အဲဒီမှာ ဒေးဗစ်က အခြားဖခင်တွေနဲ့အတူ ပဲအိတ် ပြိုင်ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။

Brooklyn, Romeo,Cruz နဲ့ Harper တို့ရဲ့ မိဘတွေ ဖြစ်ကြတဲ့ သူတို့စုံတွဲဟာ ပြီးခဲ့တဲ့လကစလို့ လမ်းခွဲလိုက်ပြီ ဖြစ်တဲ့အကြောင်း ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ကိုယ်စားလှယ်တဦးကနေ တဆင့် အဲဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

Ref:aceshowbiz

The post လက်ထပ်ပွဲ ၁၉ နှစ်ပြည့်အထိမ်းအမှတ် ပဲရစ်မြို့မှာ နေ့လယ်စာစားခဲ့တဲ့ ဘက်ခမ်းတို့ ဇနီးမောင်နှံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ