Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Dead Of Night”အမေရိကန် Short Film မှာ ပါဝင်ခွင့်ရတဲ့ ဥက္ကာမင်းမောင်

$
0
0

သရုပ်ဆောင် ဥက္ကာမင်းမောင်က မကြာသေးခင်က Gay အဖြစ် ဝန်ခံခဲ့လိုက်ပြီးနောက်ပိုင်း ဝေဖန်တိုက်ခိုက်မှုများစွာ ခံနေရပေမယ့် လက်ရှိမှာတော့ အမေရိကားမှာ ” ‘Dead Of Night’ Short Film USA မှာ Audition အရွေးခံရပြီး ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

”Dead Of Night Short Film USA မှာ audition အရွေးခံရပြီး ဒီမှာ ပထမဆုံးရိုက်ကူးဖြစ်ခဲ့တာ။ မကြာခင် ရှေ့ဆက်လုပ်မယ့် အနုပညာနဲ့ ပတ်သက်ပြီး ကျနော့်ပရိသတ်တွေအတွက် ထူးထူးခြားခြား သတင်းကောင်း တချို့လည်း ရှိတယ်။ သေချာမှပြောမယ်နော်” ဆိုပြီးတော့ Dead of Night ဇာတ်လမ်းတိုထဲမှာ သူပါဝင်သရုပ်ဆောင်ထားကြောင်း ဥက္ကာမင်းမောင်က ဆိုပါတယ်။

“Dead Of Night” Short Film က သူ့အတွက် အမေရိကန်ရုပ်ရှင်ကား တကားမှာ ပထမဆုံး ပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်ကား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတိုထဲမှာ ဥက္ကာမင်းမောင်က ပယောဂဆရာ တယောက်အဖြစ် ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကာရိုက်တာကတည်း ခေါင်းဆောင် ဇာတ်ရုပ်နေရာတွေထဲက တခုဖြစ်တာကြောင့်လည်း ဝမ်းသာပီတိဖြစ်ရတယ်လို့ ပြောထားပါသေးတယ်။

ဥက္ကာမင်းမောင်ဟာ မကြာခင်က Gay တယောက်ဖြစ်ကြောင်း သူ့ရဲ့ Facebook ပေါ်ကနေ ဝန်ခံခဲ့ပြီးနောက်မှာ “ဝေဖန်တိုက်ခိုက်သူ များလေလေ ပိုပြီးကြိုးစားချင်လေပဲ။ အရင်ကထက် ပိုကြိုးစားမယ်” လို့လည်း ဆိုပါတယ်။

“ဝေဖန်တိုက်ခိုက်သူ များလေလေ ပိုပြီးကြိုးစားချင်လေပဲ။ အရင်ကထက် ပိုကြိုးစားမယ်။ အလကားနေရင်း မုန်းတဲ့သူတွေ ဘယ်လောက်ပဲ များနေပါစေ ကျနော်ကတော့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပြီး နေ့တိုင်းလည်း ခုနှစ်ရက်သားသမီးများ အားလုံးကို မေတ္တာပို့လျှက်ပါ။ တနေ့တော့ မေတ္တာရောင်ပြန်ဟပ်မှာပါ” ဆိုပြီးတော့ ဥက္ကာမင်းမောင်က ဆိုထားပါတယ်။

ဥက္ကာမင်းမောင်က ၂၀၁၆ ခုနှစ်အတွင်းက အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံ ပြန်လာစဉ်မှာ Mister Tourism World ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပြီး “Mister Tourism World 2016 Winner” ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ Mister တယောက် ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားသူ တယောက် ဖြစ်ပြီး “18” Album သီချင်းခွေလည်း ထွက်ရှိထားပါတယ်။ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပြီး ငြိမ်းချမ်းကျော်၊ အေးမြတ်သူတို့နဲ့ အတူ ဥက္ကာမင်းမောင် ပါဝင် သရုပ်ဆောင်ထားတဲ့ “မေထုန်ရာသီဖွား”ဇာတ်ကာမှာလည်း အမျိုးသားချင်း ချစ်ကြိုက်ရတဲ့ ကာရိုက်တာကို သရုပ်ဆောင်ထားကာ ပရိသတ်အာပေးမှု ရရှိထားသူတဦး ဖြစ်ပါတယ်။

The post “Dead Of Night” အမေရိကန် Short Film မှာ ပါဝင်ခွင့်ရတဲ့ ဥက္ကာမင်းမောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)