Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပညာပေးတွေ အများကြီး ရိုက်သင့်တယ်” လို့ ပြောတဲ့ မေသန်းနု

$
0
0

မဆင့်လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး မေသန်းနုကတော့ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပညာပေးအနေနဲ့ ရိုက်ကူးမယ့် “ဟစ်တိုင်” ဆိုတဲ့ ရုပ်ရှင်ကားကြီးပါဝင်သရုပ်ဆောင်သွားဖို့ရှိကာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး နောက်ထပ်လည်း ပညာပေးအနေနဲ့ အများရိုက်သင့်တယ်လို့ ပြောပါတယ်။

“ပညာပေးတွေ အများကြီးရိုက်သင့်တယ်။ အခုက အရင်ထက် သက်ငယ်မုဒိမ်းတွေက များလာတယ်။ တကယ်ဆိုရင် အဲဒီဟာတွေက အရမ်းကို ရက်စက်လွန်း အားကြီးတယ်။ အဲဒါမျိုးတွေကို မဆင့်တို့က ပြည်သူတယောက်အနေနဲ့ရော အနုပညာရှင်တယောက်အနေနဲ့ရော တတပ်တအား ရိုက်လည်း ရိုက်ချင်တယ်။ ဒီလိုမျိုးတွေ အများကြီး ရိုက်စေ ချင်ပါတယ်” လို့ မေသန်းနုက ပြောပါတယ်။

အဆိုပါ “ဟစ်တိုင်” ဇာတ်ကားထဲမှာတော့ ကလေး ၃ ယောက်အမေ၊ ပိုက်ဆံရှိတဲ့ ပွဲရုံပိုင်ရှင် အမျိုးသမီး တယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

“မဆင့်ကတော့ ကလေး ၃ယောက်ရဲ့ အမေ၊ ပွဲရုံပိုင်ရှင် ပိုက်ဆံရှိတယ်။ အူဝဲက အရမ်းဆင်းရဲတော့ နေစရာမရှိလို့ ထောက်ပံ့ထားတယ်။ ကိုယ့်သားနဲ့သူက ကြိုက်ဖူးတယ်။ သဘောမတူဘူး။ နောက်ဆုံးကျတော့ အူဝဲရဲ့သမီးလေး သက်ငယ်မုဒိမ်း ဖြစ်တဲ့အခါကျတော့ မဆင့်တို့က ရပ်ရွာက အမျိုးသမီးရေးရာကနေ ဝင်ရောက် ဖြေရှင်း ပေးတာပေါ့နော်” လို့ မေသန်းနုက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ များပြားလာတဲ့အပေါ်မှာလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ကျူးလွန်တဲ့သူက ဗဟုသုတလည်း နည်းတယ်။ ပညာရေးကလည်းချို့တဲ့တယ်။ အဲဒီလိုမျိုးက များတယ်။ စဉ်းစား ဆင်ခြင်တုံတရား နည်းပါးလို့ ဒီလိုမျိုးတွေလုပ်တာ။ နောက်ပြီးခံရတဲ့ကလေးတွေကလည်း နွမ်းပါးတဲ့ကလေးတွေ များတယ်။ အလွယ်တကူ လမ်းမှာသွားတဲ့ကလေးတွေ ၊ ဝမ်းစာအတွက် အပြင်မှာရှာစားတဲ့ကလေးတွေ ကျောင်းသွားတဲ့ ကလေးတွေ ပိုများတယ်။အကောင်းဆုံးနည်းလမ်းကတော့ ပညာပေးတွေ များများလုပ်ပေးရမယ်။ ကျူးလွန်တဲ့သူတွေကိုလည်း ထိုက်ထိုက်တန်တန်အပြစ်ပေးသင့်တယ်။ တော်ရုံတန်ရုံဆို ပေါ့ပေါ့တန်တန် ဒီလိုပဲ ဖြစ်နေမှာပဲ။ မုဒိမ်းလည်းကျင့်တယ်။ လူလည်းသတ်တယ်ဆိုတော့ တခြားနိုင်ငံမှာဆိုရင် သေဒဏ်ပေးကြတာလေ” လို့ မေသန်းနုက ပြောပါတယ်။

“ဟစ်တိုင်”ဇာတ်ကားမှာတော့ ၂၀၁၇ ခုနှစ် အကယ်ဒမီပေးပွဲမှာ အမျိုးသမီးဇာတ်ဆောင်ဆုကို တပြိုင်နက်တည်း တစ် ကြိုပေးခြင်းခံခဲ့ရတဲ့ မေသန်းနုနဲ့ အတူ အိန္ဒြာကျော်ဇင်တို့ကို အတူတကွ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

The post “သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပညာပေးတွေ အများကြီး ရိုက်သင့်တယ်” လို့ ပြောတဲ့ မေသန်းနု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ