Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အပြင်ကတကယ့် စီအိုင်အေ စပိုင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဂျိမ်းစ်ဘွန်း မင်းသား Daniel Craig

$
0
0

နာမည်ကျော် စိတ်ကူးယဉ် ဗြိတိသျှစပိုင် ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Daniel Craig ဟာ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ Langley မြို့မှာရှိတဲ့ ဗဟိုထောက်လှမ်းရေး အေဂျင်စီ ဌာနချုပ်ကို သွားရောက် လည်ပတ်စဉ်အတွင်း တကယ့်စပိုင်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီခရီးစဉ်ဟာ ရုပ်သံမှာ မြင်တွေ့ရတဲ့အကြောင်းအရာနဲ့ လက်တွေ့အကြောင်းအရာတွေကို နင်းယှဉ်တဲ့ စီအိုင်အေရဲ့ မစ်ရှင်တခုဖြစ်တဲ့ စီအိုင်အေရဲ့ ‘Reel vs. Real’ အစီအစဉ်တပိုင်းအနေနဲ့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။

စီအိုင်အေရဲ့ တရားဝင်ဘလော့ဂ်မှာတော့ အသက် ၅၀ နှစ်အရွယ် မင်းသားဟာ ဖျော်ဖြေရေးကဏ္ဍမှာ စပိုင်တွေ အကြောင်း ဖော်ပြတဲ့အခါ လက်တွေကပိုပြီး လျှို့ဝှက်၊ ရက်စက်ရတဲ့အကြောင်း ဌာနကအကြီးအပိုင်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

စီအိုင်အေရဲ့ ကျွမ်းကျင်သူတွေနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုမှာတော့ မစ္စတာ Craig ဟာ စီအိုင်အေရဲ့ ကျယ်ပြန့်တဲ့ မစ်ရှင်တွေ မှာ ညွှန်ကြားရေးမှူး ငါးဦးက ဘယ်လိုကိုင်တွယ် လုပ်ဆောင်ကြသလဲဆိုတာနဲ့ ထောက်လှမ်းရေး အမြင်ရှုထောင့်တွေကို လေ့လာခဲ့တယ်လို့ ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။

မင်းသား Craig ဟာ လက်ရှိမှာတော့ ဒါရိုက်တာ Danny Boyle ရိုက်ကူးမယ့် ၅ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ သူဟာ Casino Royale, Quantum of Solace, Skyfall နဲ့ Spectre ရုပ်ရှင်တို့မှာ ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ စီအိုင်အေဟာ FX ရုပ်သံလိုင်းရဲ့ နာမည်ကျော်အစီအစဉ်ဖြစ်တဲ့ The American အစီအစဉ်က တင်ဆက်သူတွေနဲ့အတူ ဌာနချုပ်မှာ ဝိုင်းဖွဲ့ဆွေးနွေးပွဲတရပ်ကို ကျင်းပခဲ့ပါသေးတယ်။

Ref: indianexpress

The post အပြင်ကတကယ့် စီအိုင်အေ စပိုင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဂျိမ်းစ်ဘွန်း မင်းသား Daniel Craig appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)