Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“သီချင်းတွေရေးပေးဖို့ လာအပ်ရင် အာရုံစိုက်ပြီးသေချာရေးပေးဖြစ်တယ်” ဆိုတဲ့ တေးရေးတေးဆို ညီမင်းခိုင်

$
0
0

သီချင်းဆိုကောင်းရုံတင်မက သီချင်းရေးသားရာမှာလည်း ပရိသတ်ရဲ့ အားပေးလက်ခံမှုရရှိထားတဲ့ ညီမင်းခိုင်ကတော့ သူ့အတွက် သီချင်းဆိုတာနဲ့ ရေးတာမှာ အားသာတယ်၊ အားနည်းတယ်လို့ ပြောလို့မရဘူးလို့ ဧရာဝတီကို ပြောပါ တယ်။

“Show ပွဲတွေရောက်ရင် ဆိုတာကို အာရုံစိုက်ရတယ်။ အခွေလုပ်ပြီဆိုရင် ဆိုတဲ့ဟာကို အာရုံစိုက်ရတယ်။ သီချင်း တွေအပ်ရင်ရေးတဲ့နေရာမှာ အာရုံစိုက်ရတယ်ဆိုတော့ အားသာတယ်။ အားနည်းတယ်လို့ ပိုင်းခြားလို့မရဘူး” လို့ ညီမင်းခိုင်ကပြောပါတယ်။

ညီမင်းခိုင်ကတော့ လတ်တလောမှာ ထွက်ရှိထားတဲ့ တေးသံရှင်အောင်ရင်ရဲ့ “ဒီရက်ပိုင်း”လို့ အမည်ပေးထားတဲ့ တကိုယ်တော်အခွေထဲမှာလည်း “အဝေးရောက်မှာတမ်း” နှင့် “အဖေ့စကား” ဆိုတဲ့ သီချင်း ၂ပုဒ်ကို ရေးစပ် ပေးထားပါတယ်။

“ဒီအခွေထဲမှာ ကျနော်သီချင်း ၂ပုဒ်ရေးထားတယ်။ “အဝေးရောက်မှာတမ်း” နဲ့ “အဖေ့စကား” ပေါ့။ အဖေ့စကား ကတော့ သားသမီးတွေကို မိဘတယောက်ရဲ့ ဖြစ်စေချင်တဲ့အရာတွေ၊ မိဘတယောက်ရဲ့ ဆောင်ရန်ရှောင်ရန်တွေကို လမ်းပြတဲ့ သီချင်းလေးပေါ့။ အဝေးရောက်မှာတမ်းကျတော့ အဝေးကိုရောက်နေတဲ့ မိသားစုတွေ၊ ချစ်သူတွေ၊ အဝေးမှာရောက်သူတွေ တနေ့ပြန်လာမယ် မင်းစောင့်ကြိုနေဆိုတဲ့ပုံစံမျိုးရေးထားတာပါ”လို့ ညီမင်းခိုင်က ပြောပါတယ်။

အခွေမထွက်တာလည်း ၁၃နှစ်တာကြာသွားပြီဖြစ်တဲ့ ဝါရင့်တေးသံရှင်ကြီးတယောက်ရဲ့ အခွေထဲမှာ သူ့ရဲ့ သီချင်းတွေပါဝင်ခွင့်ရတဲ့အတွက် အခုလိုပဲပြောပြထားပါတယ်။

“ဝမ်းသာပါတယ်။ ကိုယ်တွေအမေတွေအဖေတွေ အရမ်းကိုကြိုက်ခဲ့တဲ့အဆိုတော်ကြီးပါ။ လူကိုမမြင်ဖူးပေမယ့် သီချင်းတွေနဲ့ အရမ်းကိုရင်းနှီးခဲ့ရတယ်။ လေးစားရတဲ့သူလည်း ဖြစ်တယ်။ ဒီအခွေထဲမှာ ရေးပေးခွင့်ရတဲ့အတွက် ကြည်နူးတယ်။ ဝမ်းသာတယ်” လို့ ညီမင်းခိုင်က ပြောပါတယ်။

ညီမင်းခိုင်အနေနဲ့ လတ်တလောမှာတော့ ဇာတ်ဝင်တေးသီချင်းများနှင့် အပ်ထားတဲ့ သီချင်းတွေကို ရေးသားနေပြီး Group အခွေလေးတခွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

“နွယ်နီ” သီချင်းနှင့် ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသားအဆိုတော် ညီမင်းခိုင်ကတော့ “အနောက်ဘက်ကထွက်တဲ့ နေ” ဆိုတဲ့ တကိုယ်တော်အခွေလည်း ထွက်ရှိထားပါတယ်။

The post “သီချင်းတွေရေးပေးဖို့ လာအပ်ရင် အာရုံစိုက်ပြီးသေချာရေးပေးဖြစ်တယ်” ဆိုတဲ့ တေးရေးတေးဆို ညီမင်းခိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link