Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“တကိုယ်တော်ခွေထွက်နိုင်ဖို့ တော်တော်အချိန်ယူရဦးမယ်” ဆိုတဲ့ တေးရေးတေးဆို ဝေကြီး

$
0
0

အဆွေးသီချင်းကောင်းကောင်းလေးတွေကို ရေးသားတဲ့ တေးရေးဝေကြီးဟာ သီချင်းတွေရေးသားသလို ကိုယ်တိုင်လည်း သီချင်းတွေသီဆိုသူတဦးပါ။ ကိုယ်တိုင်ရေးသားသီဆိုတဲ့ ဝေကြီးရဲ့ သီချင်းတွေကို ပရိသတ်ကအားပေးကြပေမယ့် ကိုယ်ပိုင်သံစဉ်သီချင်းတွေပါတဲ့ တကိုယ်တော်အခွေထွက်ဖို့တော့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။

“ကျနော်ခွေထွက်ဖို့ ရှိတယ်။ အေးအေးဆေးဆေးလုပ်ရမှာ ကျနော်မှာ တေးရေး အလုပ်ရှိနေတော့ လက်တလော မှာလည်း ရေးပေးရမယ့် အကြွေးလေးတွေရှိနေတာကြောင့် လုပ်ပေးရဦးမယ်။ ကျနော်ခွေထွက်ဖို့ အချိန်တော့ တော်တော် ယူရပါဦး မယ်”

တေးရေးဝေကြီးရေးသားတဲ့ အဆိုတော်ဖြိုးပြည့်စုံသီဆိုထားတဲ့ “အလွမ်းမှတ်တိုင်” ၊ နီနီခင်ဇော် ဆိုတဲ့ “အလကားပဲ” ၊ Jewel ရဲ့ “message” အစရှိတဲ့ တေးသီချင်းတွေက ပရိသတ်အားပေးမှုအများအပြား ရရှိထားတဲ့ တေးသီချင်း တွေဖြစ်ပါတယ်။ တေးသီချင်းများ ဖန်တီးမှုအပိုင်းနဲ့ပတ်သက်ပြီးလည်း တေးရေးဝေကြီးက အခုလိုဆိုပါတယ်။

“လတ်တလောမှာ ပရိသတ်တွေအတွက် လက်ဆောင်အနေနဲ့ အွန်လိုင်းမှာ “တိမ်ငိုသောနေ့” ဆိုတဲ့ သီချင်းလေး တင်ပေးထားတယ်။ နောက်ပိုင်းလည်း ပရိသတ်တွေအတွက် သီချင်းလေးတွေတင်ပေးပါဦးမယ်။ အဆွေးသီချင်းတွေ အရေးများတာ ခံစားချက်ရှိတော့မဟုတ်ပါဘူး။ သီချင်းရေးချိန်မှာတော့ သီချင်းထဲက ခံစားတဲ့သူကကျနော်ပဲ ။ ကျနော် ဖြစ်နေတယ်ဆိုတဲ့ စိတ်မျိုးနဲ့ရေးဖြစ်တယ်။ ကိုယ်ပိုင်သံစဉ်တွေရေးတော့ အပုဒ်ရေများလေ ကျဉ်းလာလေမို့ အမြဲတမ်း အသစ်အသစ် ဖြစ်အောင်ဖန်တီးနေပါတယ်”လို့ ဝေကြီးက ပြောပါတယ်။

ဝေကြီးက သီချင်းများကို အွန်လိုင်းကနေ ပရိသတ်တွေနားဆင်နိုင်ဖို့အတွက် တင်ပေးဖြစ်ပြီး လက်တလောမှာ သူရေး သားထားပြီး အဆိုတော်ခင်စုစုနိုင် သီဆိုခဲ့တဲ့ “မငိုပါနဲ့တော့” တေးသီချင်းကို Myanmar Idol အဖွဲ့ဝင် ငွေစင်လှိုင်းက ပြန်လည်သီဆိုယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်များကြား အားပေးခြင်းကိုလည်း ခံထားရပါတယ်။

“ကျနော်ရေးတဲ့ သီချင်းလေးတွေ ပြန်ဆိုတာ တွေ့တယ်။သီချင်းတပုဒ်က တယောက်ဆိုလိုက်ရင် ဗားရှင်းတမျိုး ပြောင်း သွားတယ်။ ကျနော်က အသစ်တွေကိုကြိုဆိုပါတယ်။

ပရိသတ်တွေကလည်း အဟောင်းတွေက ကောင်းပြီးသား အဟောင်း တွေကလည်း ဘာတွေများအသစ်ထွက်လာဦးမလဲ စောင့်နေသလို အသစ်တွေကလည်း ဘယ်လိုအသစ်တွေထွက်လာမလဲ စောင့်နေကြတယ်”

“ဂီတသီချင်းဆိုပြိုင်ပွဲတွေမှာ ကျနော်သီချင်းတွေကိုကောင်းကောင်းမွန်မွန်လေးနဲ့ သေချာလေးပြိုင်ကြတယ်ဆိုတော့ အမှန်တိုင်း ပြောရင် ပြိုင်ပွဲအကုန်လုံးကို အားပေးပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲ့ပွဲလေးတွေသွားကြည့်တာတွေရှိတယ်” လို့ ဝေကြီးက ဆိုပါတယ်။

တေးရေးဝေကြီးဟာ မကြာခင်ပြသတော့မယ့် သရုပ်ဆောင်နေတိုး၊ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားမှာလည်း ဇာတ်ဝင်တေးသီချင်းကို ပါဝင်ရေးသား ပေးထားပါတယ်။

The post “တကိုယ်တော်ခွေထွက်နိုင်ဖို့ တော်တော်အချိန်ယူရဦးမယ်” ဆိုတဲ့ တေးရေးတေးဆို ဝေကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)