Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Netflix က ဖြန့်ချိမယ့် ရုပ်ရှင်မှာ ထောက်လှမ်းရေးမှူးအဖြစ် မင်းသား Mark Wahlberg ပါဝင်ထား

$
0
0

မင်းသား Mark Wahlberg နဲ့ ဒါရိုက်တာ Peter Berg တို့ဟာ စာရေးဆရာ Robert B. Parker ရဲ့ ပုဂ္ဂလိက စုံထောက် Spenser အကြောင်းရိုက်ကူးမယ့် Netflix ရုပ်ရှင်စီးရီးတခုကို ပူးပေါင်းရိုက်ကူးကြတော့မှာ ဖြစ်ပါတယ်။

စာရေးဆရာ Parker ရဲ့ အိမ်ခြံမြေသူဌေးတွေက ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မင်းသား Robert Urich က သရုပ်ဆောင် ခဲ့ပြီး မင်းသား Joe Montegna က ရုပ်သံစီးရီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ လက်ဝှေ့သမားဟောင်း ထောက်လှမ်းရေးမှူး Spenser အကြောင်းရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်လာကြပါတယ်။

၂၀၁ဝ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ ရေးသားခဲ့တဲ့ ထောက်လှမ်းရေးဝတ္ထု ၄၀ မှာ Spenser ပါဝင်ခဲ့တဲ့ အတွက် မင်းသား Wahlberg နဲ့ ဒါရိုက်တာ Berg တို့ ပြန်လည်ရိုက်ကူးရင်တော့ အချက်အလက်အရင်းအမြစ် တော်တော်များများ ရှိနေပါတယ်။

ပထမဆုံးအနေနဲ့ Ace Atkins ဇာတ်ညွှန်းရေးသားမယ့် Spenser ဝတ္ထုတပုဒ် ဖြစ်တဲ့ စာရေးဆရာ Parker ရဲ့ “Wonderland” ကို မှီငြမ်းပြီး ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်း ရိုက်ကူးကြမှာပါ။ ဒါရိုက်တာ Berg ရိုက်ကူးမယ့် ရုပ်ရှင်မှာတော့ Spenser ဟာ နာမည်ကျော်ကြားမှုနဲ့ သံတိုင်နောက်ကွယ်ကြားကနေ ပုဂ္ဂလိက စုံစမ်းရေးလိုင်စင် ပြန်လည်ရရှိဖို့ ကြိုးပမ်းရမှာပဲ ဖြစ်ပါတယ်။

Patriots Day, Deepwater Horizon, Lone Survivor နဲ့ Mile 22 (ရုပ်ရှင်အသစ်) တို့လိုမျိုး ရုပ်ရှင်တွေမှာ အတူလက်တွဲ ရိုက်ကူးခဲ့ကြတဲ့ Berg နဲ့ Wahlberg တို့ဟာ ထုတ်လုပ်သူ Neal Moritz ရဲ့ Original Film ရုပ်ရှင်ထုတ်လုပ်ရေးအောက်မှာ ပူးတွဲထုတ်လုပ်သူအဖြစ် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

Berg နဲ့ Wahlberg တို့ဟာ Mile 22 နောက်ဆက်တွဲ ရုပ်ရှင်ကို ရိုက်ကူးဖို့ ပြင်ဆင်နေပြီဖြစ်ပြီး Warner Bros. ကုမ္ပဏီက ထုတ်လုပ်မယ့် The Six Billion Dollar Man ရုပ်ရှင်မှာလည်း အလုပ်အတူတွဲလုပ်ကြဦးမှာ ဖြစ်ပါတယ်။ အခု Spenser ရုပ်ရှင်တွေကိုတော့ မင်းသား Wahlberg ရဲ့ မွေးရပ်မြေ မန်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ ရိုက်ကူးမှာ ဖြစ်ပါ တယ်။

Ref:aceshowbiz

The post Netflix က ဖြန့်ချိမယ့် ရုပ်ရှင်မှာ ထောက်လှမ်းရေးမှူးအဖြစ် မင်းသား Mark Wahlberg ပါဝင်ထား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)