Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နာမည်ကျော် ‘3 Idiots’ရုပ်ရှင်ကိုပြန်ရိုက်ထားတဲ့ မက္ကဆီကို ဗားရှင်းကို အိန္ဒိယနိုင်ငံမှာ ပြသမည်

$
0
0

နာမည်ကျော် အိန္ဒိယရုပ်ရှင် ‘3 Idiots’ ကို မက္ကဆီကိုဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ‘3 Idiotas’ ရုပ်ရှင်ကို မကြာမီကျင်းပတော့မယ့် Jagran ရုပ်ရှင်ပွဲတော်(JFF) မှာ ပထမဆုံးအကြိမ်အဖြစ် ပြသတော့မှာ ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ကို မက္ကဆီကိုနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တုန်းက ဖြန့်ချိခဲ့တာဖြစ်ပြီး ဝင်ငွေအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်တခုဖြစ်ခဲ့ပါတယ်။ မက္ကဆီကို သရုပ်ဆောင်တွေဖြစ်တဲ့ Alfonso Dosal, Christian Vazquez, German Valdez နဲ့ Martha Higareda တို့က အိန္ဒိယဗားရှင်းထဲက ဘောလိဝုဒ်သရုပ်ဆောင်တွေဖြစ်တဲ့ Aamir Khan, Sharman Joshi, R. Madhavan နဲ့ Kareena Kapoor Khan တို့နေရာမှာ ပြန်လည် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

Jagran Prakashan ကုမ္ပဏီလိမိတက်မှ အကြီးတန်းဒုတိယဥက္ကဌ Basant Rathore က “ဒါရိုက်တာ Carlos Bolado ဟာ မူရင်းရုပ်ရှင်ကို အရမ်းကြိုက်တဲ့အတွက် ‘3 Idiotas’ ကို ပြန်လည်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်တာဟာ သိပ်ကို အံ့သြဖို့ကောင်းတယ်လို့် ကျနော်တို့ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

‘3 Idiots’ ရုပ်ရှင်မှာလိုပဲ ဇာတ်လမ်းအကြောင်းအရာကတော့ ရင်းနှီးတဲ့သူငယ်ချင်းအဖွဲ့တခုကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေအပေါ် ဇာတ်လမ်းဆင်ထားပြီး ဘွဲ့မယူခင်တရက်အလိုကနေစပြီး ငါးနှစ်နီးပါးလောက် ပျောက်နေတဲ့ အရင်းနှီးဆုံး သူငယ်ချင်းကို ရှာဖွေတဲ့ ခရီးစဉ်တခုကို အခြေတည်ထားပါတယ်။ မူရင်းရုပ်ရှင်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပညာရေး အခြေအနေကို သရော်ထားချက်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီကားမှာလည်း အဲဒီလိုမျိုး အရင်းနှီးဆုံးသူငယ်ချင်းကို ရှာဖွေနေတဲ့အချိန်မှာ သူငယ်ချင်းမိတ်ဆွေတွေကြားက လောကဓံအကြောင်းနဲ့ သံယောဇဉ်ကို ထင်ဟပ်ပြသထားပါတယ်။ JFF ပွဲတော်မှာတော့ ရုပ်ရှင်ပေါင်း ၂၀၀ ကျော်ကို ပြသမှာဖြစ်ပြီး မြို့ပေါင်း ၁၈ ခုမှာ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ အိန္ဒိယရုပ်ရှင်၊ ဇာတ်လမ်းတို၊ အိန္ဒိယမှတ်တမ်းရုပ်ရှင်နဲ့ ကျောင်းသားရုပ်ရှင်ကဏ္ဍမှာလည်း ပြိုင်ပွဲပြုလုပ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမဟုတ်တဲ့ ကဏ္ဍမှာဆိုရင်တော့ အထူးရုပ်ရှင်၊ ဖြစ်ရပ်အခြေအနေပြရုပ်ရှင်၊ ဂုဏ်ပြုရုပ်ရှင်၊ India Showcase, World Panorama နဲ့ Hot Shorts အစီအစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။

မြို့တော် နယူးဒေလီမှာတော့ အဲဒီရုပ်ရှင်ပွဲတော်ကို ဇွန်လ ၂၉ ရက်နေ့ကစလို့ ကျင်းပမှာဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

Ref:economictimes

The post နာမည်ကျော် ‘3 Idiots’ ရုပ်ရှင်ကိုပြန်ရိုက်ထားတဲ့ မက္ကဆီကို ဗားရှင်းကို အိန္ဒိယနိုင်ငံမှာ ပြသမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ