Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အရင်အခွေနဲ့ အချိန် ၁၃နှစ်ကြာပြီးမှ ထွက်ရှိလာတဲ့ တေးသံရှင်အောင်ရင်ရဲ့ “ဒီရက်ပိုင်း” အခွေသစ်

$
0
0

တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသံရှင်အောင်ရင်က တကိုယ်တော်အခွေမထွက်ရှိတာ ၁၃နှစ် ကြာသွားပြီဖြစ်ပြီး “ဒီရက်ပိုင်း” လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ၁၅ခွေမြောက်တကိုယ်တော်ကို ဒီကနေ့ ဇွန်လ ၂၇ရက် နေ့မှစတင်ကာ ပရိသတ်နားဆင်ဖို့ ဖြန့်ချိလိုက်ပြီး ဖြစ်ပါတယ်။

ဒီအခွေထဲမှာတော့ တေးသီချင်း ၈ပုဒ်ပါရှိပြီး ယခင်ကဆိုခဲ့တဲ့ပုံစံများနှင့် အသစ်ထပ်မံဖန်တီးထားတဲ့ သီချင်းပုံစံတွေလည်း သီဆိုထားတယ်လို့ သိရပါတယ်။

“တော်တော်များများကတော့ အခွေမလုပ်ခင်မှာ အဟောင်းတွေပြန်ဆိုဖို့အတွက် ဆန္ဒ္ဒရှိကြပေမယ့် ကျနော်က အတိုက်အခံလုပ်ပြီး ဒီအခွေကိုလုပ်တယ်။ ကျနော်ကလည်း ပေးမယ်ဆိုရင် အသစ်ပဲပေးချင်တာ။ အဟောင်းတွေ ပြန်မဆိုချင်ပါဘူး။ လူကြီးလူငယ်နားထောင်လို့ နှစ်သက်မယ်ထင်တဲ့ဟာလေးတွေ ရွေးပြီးဆိုထားပါတယ်” လို့ တေးသံရှင်အောင်ရင်က ပြောပါတယ်။

“ဒီရက်ပိုင်း” လို့အမည်ပေးတဲ့အခွေလေးကိုတော့ ၁နှစ်ခွဲခန့် အချိန်ယူကာ ပြင်ဆင်ခဲ့ရပြီး တေးရေးဆရာများအဖြစ် ရွှေဂျော်ဂျော်၊ ရယ်ဂျီ ၊ ဖိုးကာ ၊ ဝေလ ၊ ညီမင်းခိုင် တို့ကရေးသားထားပြီးတော့ အဆိုတော် ဖြိုးပြည့်စုံနှင့် ဂျူဝယ်လ်တို့ က တွဲဖက်သီဆိုပေးထားတာ ဖြစ်ပါတယ်။

ဒီအခွေထဲက သီချင်းတွေထဲမှာတော့ တေးရေးညီမင်းခိုင် ရေးသားပေးထားတဲ့ “အဖေ့စကား” ဆိုတဲ့ သီချင်းလေးနဲ့ ပတ်သက်ပြီးလည်း အောင်ရင်က အခုလိုဆိုပါတယ်။

“သားအတွက်သီးသန့်ဆိုတာ မဟုတ်ပါဘူး။ တေးရေးညီမင်းခိုင်ကတော့ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဒီအချိန်မှာ ကျနော်အတွက် ရည်ရွယ်ပြီးရေးပေးတာ ဖြစ်ပါလိမ့်မယ်။ “အဖေ့စကား” ဆိုတဲ့အတိုင်း အဖေတွေမှာရှိတဲ့စိတ်ကို ခံစားဖော်ပြပြီး ဆိုထားတာပါ” လို့ ပြောပါတယ်။

တေးသံရှင် အောင်ရင်ရဲ့ “ဒီရက်ပိုင်း”ဆိုတဲ့တကိုယ်တော်အခွေကိုတော့ ဒီကနေ့ ဇွန်လ ၂၇ရက်နေ့မှစတင်ကာ The Sun Music မှ တနိုင်ငံလုံးကို ဖြန့်ချီရောင်းချပေးနေပြီ ဖြစ်ပါတယ်။

တေးသံရှင် အောင်ရင်ကတော့ ၁၉၈၄ ခုနှစ်မှ စတင်ကာ ပထမဆုံးတကိုယ်တော်အခွေနဲ့ ဂီတလောကထဲကို စတင် ဝင်ရောက်ခဲ့ပြီး တကိုယ်တော်အခွေပေါင်း ၁၅ခွေကို ထွက်ရှိထားသူတယောက်ဖြစ်ပါတယ်။

The post အရင်အခွေနဲ့ အချိန် ၁၃နှစ်ကြာပြီးမှ ထွက်ရှိလာတဲ့ တေးသံရှင်အောင်ရင်ရဲ့ “ဒီရက်ပိုင်း” အခွေသစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)