Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဧရာဝတီသတင်းဌာန ၂၅နှစ်ပြည့်အတွက် မအေးသောင်းရဲ့ ဆုတောင်းစကား

$
0
0

ဧရာဝတီသတင်းဌာနရဲ့ ၂၅နှစ်မြောက်အထိမ်းအမှတ် နှစ်ပတ်လည်နှင့်ပတ်သက်ပြီး ပရိသတ်များက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မအေးသောင်း(ခေါ်) အေးဝတ်ရည်သောင်းရဲ့ ဆုတောင်းစကားကို ဖော်ပြပေးလိုက်ပါတယ်။

“ဒီဧရာဝတီဆိုတာ မြန်မာနိုင်ငံမှာ အကြီးဆုံးပဲလေ။ မြန်မာနိုင်ငံမှာတင်မကဘူး။ ကမ္ဘာမှာပါ ကြီးမားတဲ့ ဧရာဝတီ မီဒီယာဖြစ်ပါစေ။ လူတွေအတွက် အသိပညာအကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့ မီဒီယာတခုဖြစ်ပါစေ” လို့ မအေးသောင်းက ဆုတောင်းပေးပါတယ်။

မအေးသောင်းအနေနဲ့ မီဒီယာဆိုတာ အနုပညာရှင်များအတွက် ဘယ်အခန်းကဏ္ဍက ပါဝင်နေလဲဆိုတာကိုလည်း ပြောပြထားပါတယ်။

“မီဒီယာဆိုတာက ကျမတို့ အနုပညာရှင်တွေနဲ့ ပရိသတ်အတွက် တကယ့်ကို ပေါင်းကူးတံတားပါ။ ဟိုတုန်းက တည်းကပါ အခုမှမဟုတ်ဘူး။ ဂျာနယ်တွေထွက်တုန်းကလည်း မီဒီယာဆိုတာ ရှိကိုရှိတယ်။ ဒီဆိုရှယ်အတွက် လိုကိုလိုအပ်တဲ့ဟာဆိုတော့ အများကြီးအရေးကြီးတာပေါ့။ ကျမတို့အတွက်တင်မဟုတ်ဘူး။ မီဒီယာက ပြည်သူတွေအတွက် သူတို့က ဝေဖန်နိုင်တယ်။ လုပ်ယူနိုင်တယ်”

“သူတို့ကြောင့်မို့လို့ လူကိုကောင်းတာ မြင်သွားစေသလို ဆိုးတာလည်း မြင်သွားစေတယ်။ အနုပညာရှင် အတွက်တင်မဟုတ်ဘူး။ စီးပွားရေးလုပ်တဲ့သူအတွက်လည်း အရေးကြီးတာပဲ။ စာမေးပွဲဖြေနေတဲ့ကလေးအတွက်ရော ၊ ပန်းရောင်းတဲ့ကလေးတယောက်အတွက်လည်း အရေးကြီးတယ်” လို့ဆိုပါတယ်။

အသက် ၁၂နှစ်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အေးဝတ်ရည်သောင်းကတော့ ပရိသတ်နဲ့ ခဏတာ အဆက်အသွယ်ပြတ်ခဲ့ပြီးနောက် မအေးသောင်းလို့ တကျော့ပြန် ပြန်လည်အောင်မြင် လာခဲ့ပြီး ယခင်ကထက် ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိနေသူတဦးဖြစ်ပါတယ်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ခုနှစ် စတင်တည်ထောင်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း ၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာ့အာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာနဖြစ်လာခဲ့ပါတယ်။

The post ဧရာဝတီသတင်းဌာန ၂၅နှစ်ပြည့်အတွက် မအေးသောင်းရဲ့ ဆုတောင်းစကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)