Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အချစ်ဇာတ်လမ်း ပြန်ဆက်နေကြပြန်တဲ့ အဆိုတော် Zayn Malik နဲ့ မော်ဒယ် Gigi Hadid

$
0
0

ပြီးခဲ့တဲ့မတ်လတုန်းက လမ်းခွဲခဲ့ကြတဲ့ အဆိုတော် Zayn Malik နဲ့ မော်ဒယ် Gigi Hadid တို့ဟာ တဦးနဲ့ တဦးကွဲကွာ သွားကြတာမရှိခဲ့ဘဲ ပြန်လည်ရင်ကြားစေ့ပြေလည်ရေး အစီအစဉ် ဖြစ်မြောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ လမ်းမခွဲခင်အချိန်အထိ နှစ်နှစ် လောက် တွဲခဲ့ကြတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီလမှာတော့ နယူးယောက်မြို့မှာ နှစ်ဦးသား အနမ်းချင်း ဖလှယ်နေတာကို တွေ့မြင်ခဲ့ရတယ်လို့ TMZ မီဒီယာကဆိုပါတယ်။

E! News သတင်းရဲ့အဆိုအရ သူတို့နှစ်ဦးဟာ Pennsylvania ပြည်နယ်မှာရှိတဲ့ မော်ဒယ် Gigi ရဲ့ မိခင်ပိုင်ဆိုင်တဲ့ မွေးမြူရေးခြံဘေးမှာရှိတဲ့ အဆိုတော်ရဲ့ မွေးမြူရေးခြံမှာ အတူသွားအတူလာ လုပ်နေခဲ့ကြတာကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တခုက “Zayn နဲ့ Gigi တို့ဟာ လမ်းခွဲခဲ့တဲ့အချိန်ကတည်းက ပိုကောင်းတဲ့နေရာတခုမှာ ရှိနေကြပါတယ်။ သူတို့ဟာ အချိန်တခုလိုအပ်ခဲ့ပြီးတော့ အချစ်ရေးကို ဒုတိယ အခွင့်အရေး ပေးထားခဲ့ကြပါတယ်” လို့ပြောဆိုထားပါတယ်။

သူတို့နှစ်ဦးဟာ လက်ရှိမှာ တရားဝင်ချစ်သူတွေဖြစ်ပြီး အခုအချိန်အထိ ရွှေလက်တွဲနေတုန်းပဲလို့ သတင်းတွေမှာ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလေမှာ ထုတ်ပြန်ခဲ့တဲ့ E! News ရဲ့ သတင်းမှာတော့ အဆိုတော် Zayn ဟာ နှစ်ဦးသား ပြန်ပြေလည်လိုတဲ့ ဆန္ဒပြင်းပြခဲ့ပေမယ့် မော်ဒယ် Gigi ဘက်က ချီတုံချတုံဖြစ်နေခဲ့တာလို့ ဆိုပါတယ်။

ဇွန်လထုတ် GQ မဂ္ဂဇင်းမှာတော့ အဆိုတော် Zayn က “ကျနော်တို့ဟာ အရွယ်ရောက်သူတွေ ဖြစ်ကြပါတယ်။ လူတွေရဲ့ ထင်မြင်ချက်အတွက် တစုံတခုကို ဖန်တီးဖို့ တံဆိပ်ကပ်အယောင်ဆောင်စရာ မလိုပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အဆိုတော် Zayn ဟာ တကိုယ်တော်အနုပညာရှင်တဦးအနေနဲ့ လှုပ်ရှားနေပြီး မော်ဒယ် Gigi ကတော့ အလုပ်များတဲ့ မော်ဒယ် တဦးဖြစ်တဲ့အပြင် သူတို့ရဲ့အဆက်မပြတ်လုပ်ကိုင်ရတဲ့အလုပ်တွေကြောင့် လမ်းခွဲခဲ့ ကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မော်ဒယ် Gigi ကတော့ “အနာဂတ်မှာ ဘာကိုပဲဖြစ်ဖြစ် အမြဲတမ်းအတည်သဘောမျိုး ရည်ရွယ်လုပ်ဆောင် သွားမှာပါ” လို့ လမ်းခွဲတဲ့ ကြေညာချက်မှာ ပြောကြားထားပါတယ်။

Ref: asiaone

The post အချစ်ဇာတ်လမ်း ပြန်ဆက်နေကြပြန်တဲ့ အဆိုတော် Zayn Malik နဲ့ မော်ဒယ် Gigi Hadid appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)