Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိန္ဒိယရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးမင်းသားဆုရရှိခဲ့တဲ့ Irrfan Khan က ကျေးဇူးတင်စကားဆို

$
0
0

ဘောလိဝုဒ်မင်းသား Irrfan Khan က ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအိန္ဒိရုပ်ရှင် အကယ်ဒမီ (IIFA) ဆုပေးပွဲမှာ “Hindi Medium” ရုပ်ရှင်နဲ့ အကောင်းဆုံးမင်းသားဆုကို ရရှိခဲ့တာကို အသိအမှတ်ပြုခဲ့ပြီး သူ့ဘဝ ခရီးလမ်းတစိတ်တပိုင်းဖြစ်ခဲ့ပေးကြတဲ့အတွက် ပရိသတ်ကို ဇွန်လ ၂၆ ရက်နေ့မှာ ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ အဲဒီဆုပေးပွဲကိုတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

Neuroendocrine လို့ခေါ်တဲ့ ကင်ဆာရောတမျိုးကို လန်ဒန်မြို့မှာ လာရောက် ကုသမှုခံယူနေရတဲ့ မင်းသား Irrfan က “IIFA နဲ့ ကျနော့် ဘဝခရီးလမ်းတစိတ်တပိုင်းအဖြစ် ရှိပေးခဲ့ကြတဲ့ ကျနော်တို့ရဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်” လို့ Twitter မှာ တင်ခဲ့ပါတယ်။

မင်းသား Irrfan ဟာ သမီးဖြစ်သူကို နာမည်ဂုဏ်သတင်းကြီးမားတဲ့ ကျောင်းမှာ တက်ရောက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့တဲ့ ဖခင်တဦးအနေနဲ့ “Hindi Medium” ရုပ်ရှင်မှာ ပါဝင်ထားတာပါ။ မင်းသားဟာ အခုလ အစောပိုင်းမှာ ကင်ဆာရောဂါကြောင့် သူ့ဘဝမှာအပြောင်းအလဲဖြစ်ခဲ့ရတဲ့အကြောင်းနဲ့ ခန့်မှန်းလို့မရတဲ့ ရေစီးကြောင်းနဲ့အတူ မျောချင် ရာမျောနေတဲ့ ဖော့ဘူးပေါ်မှာ ရောက်နေသလို ခံစားနေရတဲ့အကြောင်း ဖော်ပြရေးသားထားတဲ့ ရင်ဖွင့်စာတစောင်ကို ရေးသားခဲ့ပါတယ်။

သူ့ရဲ့ လုပ်ဖောင်ကိုင်ဖက်တွေနဲ့ အနုပညာလုပ်ငန်းထဲက သူငယ်ချင်းတွေကတော့ သူနေအမြန်ပြန်ကောင်း စေဖို့ ဆုမွန်ကောင်းတောင်း၊ ဆန္ဒပြုခဲ့ကြပါတယ်။ မင်းသား Irrfan ပါဝင်သရုပ်ဆောင်ထားတဲ့ “Karwaan” ရုပ်ရှင်ကိုတော့ လာမယ့် သြဂုတ် ၃ ရက်မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်မှာတော့ ဘန်ဂလောမြို့ကနေ ကိုချီမြို့ကို ခရီးထွက်လာတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ လမ်းမကြုံတွေ့ရတဲ့ ဘဝဒုက္ခအဝဝကို ဟာသနှောပြီး ဒရမ်မာပုံစံ တင်ဆက်ထားပါတယ်။

Ref:indiaexpress

The post အိန္ဒိယရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးမင်းသားဆုရရှိခဲ့တဲ့ Irrfan Khan က ကျေးဇူးတင်စကားဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)