Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“သားကို သာသနာ့ဘောင် ဝင်စေချင်တဲ့ အတ္တတခုတော့ရှိတယ်” ဆိုတဲ့ မယ်လိုဒီ

$
0
0

သားတဦးမိခင်ဖြစ်တဲ့ သရုပ်ဆောင်မယ်လိုဒီက သားဖြစ်သူနဲ့ပတ်သက်ပြီး အကြီးမားဆုံး အတ္တအနေနဲ့ သားသိဒ္ဒိစစ် ကို သာသနာ့ဘောင်ထဲ ဝင်ပြီးနေစေချင်လို့ ဆိုပါတယ်။

“အကြီးမားဆုံး အတ္တတခုက ဘာလဲဆိုတော့ သူ့ကို သာသနာ့ဘောင် ဝင်စေချင်တဲ့အတ္တတခုပဲ ရှိတယ်။ အဲဒီအတ္တက ဘာလို့ရှိလဲ ဆိုတော့ ကိုယ်က ပုထုဇဉ် လူသားဖြစ်တဲ့အတွက် ဒီလူ့ဘဝကြီးမှာ ပျော်ရတယ်၊ ဝမ်းနည်းရတယ်။ ငိုရတယ်။ စိတ်လှုပ်ရှားစရာ အများကြီးပဲ။ အဲဒီလိုမျိုးကို ကိုယ့်သားကျရင် မဖြစ်စေချင်ဘူး။ သူ သာသနာ့ဘောင်ထဲ ဝင်တဲ့အခါကျရင် သူနဲ့ပတ်သက်ပြီးတော့လည်း တခြားသူတွေက ရရှိမှာ အများကြီးပဲ။ သူ့ကိုလည်း အေးချမ်းစေချင်တဲ့သဘောပေါ့” လို့ မယ်လိုဒီက ဧရာဝတီကို ပြောပါတယ်။

“အတင်းအကြပ်တော့ မလုပ်ပါဘူး။ သူက ငိုဟယ်၊ ရီဟယ်ကိုပဲ ပျော်တယ်ဆိုလည်း ဒါကိုပဲ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးမှာပါပဲ။ အတ္တကတော့ အဲဒီတခုပဲ။ ကိုယ့်ရဲ့အတ္တကတော့ ကိုယ့်သားလေးကို အေးချမ်းစေချင်တာပါပဲ။ ပျော်စေချင် တာပါပဲ” လို့ မယ်လိုဒီက ဆိုပါတယ်။

မယ်လိုဒီက လက်ရှိမှာ ကျန်းမာရေးကြောင့် ကားရိုက်တွေ ခဏနားထားချိန်မှာ သားဖြစ်သူကို အခြားမိခင်များနည်းတူ ကျောင်းကြို၊ ကျောင်းပို့ရင်း မိခင်တာဝန်တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“လူ့ဘဝကြီးဟာ အရမ်းရိုးရှင်းတယ်လေ။ ပူလောင်တယ်။ ရုန်းကန်ရတယ်။ ကိုယ်မပြိုင်ချင်လည်း သူများက ကိုယ့်ကို ပြိုင်တာ ရှိတယ်။ဒါပေမယ့် ကိုယ်ခံစားမှ ဖြစ်တာပါပဲ။ လူ့ဘဝကြီးမှာထက် သာသနာ့ဘောင်ထဲမှာနေရတာ ပိုကောင်း ပါတယ်။ အဲဒီဘဝက ဘာနဲ့မှမတူဘူး။ ဒါကြောင့်လည်း လူတွေက အမြဲမလုပ်နိုင်တဲ့အနေအထားတစ်ခုမှာ တရားစခန်း ခဏ ဝင်တယ်တို့၊ သီလရှင် ဝတ်တယ်တို့ လုပ်ကြတာပေါ့။ အမြဲတမ်းကတော့ ပိုအေးချမ်းတာပေါ့”လို့ လည်း သားဖြစ်သူကို သာသနာ့ဘောင် ဝင်စေချင် စိတ်ပေါ်လာတဲ့ အခြေခံ အကြောင်းနဲ့ ပတ်သက်ပြီး ဆိုပါတယ်။

သားဖြစ်သူကို ချစ်ပေမယ့် သားရဲ့ပညာရေး၊ အသက်ကြီးလာရင်တွေ့ကြုံရမယ့် အိမ်ထောင်ရေးတွေမှာ အတ္တ မရှိအောင် လောဘနည်းအောင် မိခင်တယောက်အနေနဲ့ အကောင်းဆုံးကြိုးစားမယ်လို့ ဆိုပါတယ်။

မယ်လိုဒီက ပြည်ပခရီးစဉ်တခုမှာ မူးလဲခဲ့ပြီးနောက်ပိုင်း Gym ပြန်ဆော့ဖို့လည်း ကြောက်နေတယ်လို့ ဆိုပါတယ်။

“တန်ဆေး၊ လွန်ဘေးပေါ့လေ။ အမှတ်တရပါပဲ ။Gym အလွန်အကျူးတွေကစားမိတာကြောင့် ထင်ပါတယ်။ အဓိကတော့ ကျန်းမာပြီး လှချင်တာပေါ့လေ။ ကျန်းမာပြီး လှချင်တဲ့နောက်ကွယ်မှာ Six Packs ရောဂါရသွားတာပေါ့”

သရုပ်ဆောင် မယ်လိုဒီ

“ဒီအရွယ်မှာ အကွက်တွေလည်း မပေါ်နိုင်တော့ပါဘူး။ ဒါပေမယ့် ဖြစ်ချင်တာပေါ့နော်။ လောဘတွေပေါ့။ တရက်ကို ၃ နာရီလောက် ဆော့လိုက်တဲ့အချိန်မှာ ဇရာဆိုတာကလည်း ရှိသေးတယ်လေ။ ၃၆ ရက် ဆိုတော့ အဲဒီမှာတင် သွားတာပဲ ခေါင်းက အရမ်းခါလို့ မရတာမျိုး ဖြစ်သွားတယ်။ ဆုံးရှုံးမှုတွေများတာပေါ့။ ပရိသတ်နဲ့မပြတ်တွေ့ရမယ့်အချိန်မှာ နားနေရတော့လေ။ လေ့ကျင့်ခန်းက အခုပြန်လုပ်လို့ရပြီလို့ ဆရာဝန်ကပြောတယ်။ အလွန်အကျူးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ခဲမှန်ဖူးတဲ့ စာသူငယ်လို ကြောက်နေတယ်”လို့ ဆိုပါတယ်။

မယ်လိုဒီက နောက်လထဲမှာ ကြော်ငြာရိုက်ကူးရေးတွေ ပြန်စဖြစ်မယ်လို့ ဆိုပြီး လက်ရှိမှာတော့ ဇာတ်ကားများ ရိုက်ကူးမှု ကိုတော့ ရပ်နားထားပါတယ်။

The post “သားကို သာသနာ့ဘောင် ဝင်စေချင်တဲ့ အတ္တတခုတော့ရှိတယ်” ဆိုတဲ့ မယ်လိုဒီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)