Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အွန်လိုင်းက ဓာတ်ပုံကိစ္စကို မကြာခင် ဖြေရှင်းပြတော့မယ့် ဥက္ကာမင်းမောင်

$
0
0

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ရောက်နေတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်က ဇွန်လ၂၁ ရက်နေ့က အမျိုးသား သူငယ်ချင်းတဦးနဲ့ ဓာတ်ပုံများ အွန်လိုင်းပေါ်မှာ ပျံနှံနေမှုများကြောင့် လက်ရှိမှာ သူ့ရဲ့ အချစ်ရေး ကောလာဟလများနဲ့ ရင်ဆိုင်နေရသူတဦးပါ။

ဥက္ကာမင်းမောင်က ဒီကိစ္စနဲ့ပတ်သက်လို့ မီဒီယာလောကမှ သိချင်ကြသလို မိသားစု သူငယ်ချင်းတွေကလည်း သူ့ကို မေးနေကြတယ်လို့ သူ့ရဲ့ Facebook အကောင့်မှာ ရေးသားတင်ထားပါတယ်။ “ပုံတွေကိစ္စကို စာနယ်ဇင်းတွေလည်း ဝိုင်းမေးကြတယ်။ စာတွေလည်းတပုံကြီး ရောက်တယ်။ တမိသားစုလုံးလည်း လာမေးနေကြတယ်။ ညနေကျမှ ဗီဒီယိုနဲ့ဖြစ်ဖြစ် စာနဲ့ဖြစ်ဖြစ် တင်ပါ့မယ် ”ဆိုပြီး သူရဲ့ Facebook မှာ ဇွန်လ ၂၅ ရက်နေ့က ရေးသားထားတာပါ။

ဥက္ကာမင်းမောင်တင်မယ့် ဗီဒီယို (သို့မဟုတ်) စာရေးသားတင်တာတွေကို ပရိသတ်တွေက စောင့်မျှော်နေကြပြီး ပရိသတ်တွေရဲ့ Comment တွေမှာလည်း ဝေဖန်တဲ့ သူတွေရှိသလို “ဖြေရှင်းစရာ မလိုဘူး။ ဂရုစိုက်မနေနဲ့” ဆိုပြီး အားပေးတဲ့ ပရိသတ်တွေရဲ့ Comment တွေလည်း အများကြီးရှိနေပါတယ်။

သရုပ်ဆောင် အဆိုတော်လည်းလုပ်သလို မော်ဒယ်တယောက်အနေနဲ့လည်း လုပ်ကိုင်နေတဲ့ ဥက္ကာမင်းမောင်က ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးခဲ့တဲ့ “မေထုန်ရာသီဖွား” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အဲဒီဇာတ်ကား ထဲမှာလည်း ဥက္ကာမင်းမောင်က ယောကျာ်းခြင်း ချစ်ကြိုက်တဲ့ ကာရိုက်တာကို ပါဝင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒီဇာတ်ကားကို လက်ခံရိုက်ကူးရဲတဲ့ မင်းသား မရှိတဲ့အချိန်မှာ ဥက္ကာမင်းမောင်က အမေရိကန်နိုင်ငံကနေ ပြန်လာပြီး ရဲရဲတင်းတင်းနဲ့ ပါဝင်သရုပ်ဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့် မကြာခင်မှာ ဖြေရှင်းတော့မယ့် ဥက္ကာမင်းမောင်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းလာမလဲ ဆိုတာ ပရိသတ်တွေအတွက် လက်ရှိမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်နေပါတယ်။

The post အွန်လိုင်းက ဓာတ်ပုံကိစ္စကို မကြာခင် ဖြေရှင်းပြတော့မယ့် ဥက္ကာမင်းမောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)