Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂျိမ်းစ်ဘွန်းမင်းသားသစ်အဖြစ် Tom Hardy ကို သရုပ်ဆောင်စေချင်တဲ့ မင်းသား Pierce Brosnan

$
0
0

ဂျိမ်းစ်ဘွန်းမင်းသားဟောင်း Pierce Brosnan က မင်းသား Daniel Craig အနေနဲ့ စူပါစပိုင် 007 အဖြစ် သရုပ်ဆောင် တာကနေ အနားယူသွားမယ်ဆိုရင် သူ့နေရာမှာ မင်းသား Tom Hardy ကို မြင်ချင်တဲ့အကြောင်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

“The Dark Knight Rises” မင်းသား Tom ဟာ ဂျိမ်းစ်ဘွန်းနေရာကနေ မင်းသား Daniel နုတ်ထွက်သွားပြီးရင် နောက်ဆက်တွဲဇာတ်လမ်းတွဲတွေမှာ ပါဝင်ချင်တဲ့အကြောင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။ အရင်တုန်းက ဂျိမ်းစ်ဘွန်း မင်းသားဖြစ်ခဲ့တဲ့ Pierce ကတော့ မင်းသား Tom ဟာ သူ့ရဲ့ အပိုင်းကို တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်လိမ့်မယ်လို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

မင်းသား Pierce က “Daniel Craig ဟာ အံ့သြလောက်တဲ့ Bond တယောက်ဖြစ်ခဲ့ပါတယ်။ သူဟာ အရမ်း ကြံ့ခိုင်တယ်။ သူ့အကြည့်တွေကသေလောက်တယ်။ လူတယောက်ကို သတ်နိုင်လောက်အောင် ထူးခြားတဲ့လူ တယောက်လို့ ယုံကြည် နိုင်ပါတယ်”

“သူကတော့ နောက်ရုပ်ရှင်တကားမှာ ပါဝင်ဦးမှာပါ။ ပြီးတော့ Tom Hardy ဟာ ကောင်းမွန်တဲ့ Bond တယောက် ဖြစ်လာနိုင်ပါတယ်။ သူ Bond အဖြစ် ရိုက်မယ်ဆိုရင် ကျနော် ပျော်မိမှာပါ။ Bond လိုမျိုး နည်းနည်းရှုပ်အောင် ဖန်တီး နိုင်မယ့် မင်းသားတယောက်ကတော့ လိုအပ်ပါတယ်။” လို့ The Mail On Sunday’s Event မဂ္ဂဇင်းကို ပြောကြား ခဲ့ပါတယ်။

မင်းသား Tom ဟာ မင်းသား Daniel နေရာကို ဆက်ခံဖို့အတွက် မင်းသားတွေ ဖြစ်ကြတဲ့ Idris Elba, Aidan Turner နဲ့ James Norton တို့နဲ့အတူ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စာရေးဆရာ Ian Fleming ရဲ့ နာမည်ကျော် လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့် Bond ကို အမျိုးသမီးအဖြစ် ပြောင်းလဲရိုက်ကူးဖို့ ပြောဆိုနေတာမျိုး ရှိပေမယ့် မင်းသား Pierce ကတော့ မူရင်းဇာတ်လမ်းကနေ သွေဖီသွားမှာ စိုးရိမ်တဲ့ကြောင်း ပြောကြားထားပါတယ်။

မင်းသား Pierce က “အမျိုးသမီး တယောက်က Bond နေရာမှာ သရုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ဘွန်းတော့ ဖြစ်မလာနိုင်ပါဘူး” လို့ ဆိုပါတယ်။

မင်းသား Pierce ဟာ ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ GoldenEye ရုပ်ရှင်ကနေ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Die Another Day ရုပ်ရှင်အထိ ရုပ်ရှင် ၄ ကားမှာ ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ အခုလိုမျိုး ဇာတ်လမ်းအတွဲ ပုံစံမျိုးနဲ့ ရိုက်တဲ့ ရုပ်ရှင်ကနေ နုတ်ထွက်ဖို့ လက်ခံလိုက်ရတဲ့အချိန်ဟာ ခက်ခဲတဲ့ အချိန်တခုဖြစ်ခဲ့တယ်လို့လည်း ဝန်ခံ ပြောဆိုထားပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ Mamma Mia! အမည်ရှိ တေးသံစုံရုပ်ရှင်နဲ့ ရုပ်ရှင်ပြန်မရိုက်ခင် ၂၀၀၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Casino Royale” ရုပ်ရှင်မှာ သူ့နေရာကို မင်းသား Daniel နဲ့ အစားထိုးလိုက်ပြီဖြစ်ပါတယ်။

မင်းသား Daniel ဟာ ဂျိမ်းစ်ဘွန်းအဖြစ် ငါးကြိမ်မြောက်ပါဝင်မယ့် ရုပ်ရှင်ရိုက်ကူးပြီးရင်တော့ Bond နေရာကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။ နာမည်မပေးရသေးတဲ့အဲဒီရုပ်ရှင် ရိုက်ကူးရေးကို ဒီဇင်ဘာလမှာစတင်မှာ ဖြစ်ပြီးတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။

Ref: aceshowbiz

The post ဂျိမ်းစ်ဘွန်းမင်းသားသစ်အဖြစ် Tom Hardy ကို သရုပ်ဆောင်စေချင်တဲ့ မင်းသား Pierce Brosnan appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ