Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရှန်ဟိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပရိသတ်တွေရဲ့ အထူးဂုဏ်ပြုမှုကို ခံခဲ့ရတဲ့ “Hichki” ရုပ်ရှင်

$
0
0

မင်းသမီး Rani Mukerji ပါဝင် သရုပ်ဆောင်ထားတဲ့ “Hichki” ရုပ်ရှင်ဟာ ရှန်ဟိုင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ တက်ရောက်လာကြတဲ့ ပရိသတ်တွေက မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေး ဂုဏ်ပြုတာကို ခံခဲ့ရတယ်လို့ သိရပါတယ်။ အာရုံကြောချို့တဲ့နေတဲ့ Tourette syndrome ဝေဒနာကို ခံစားနေရတဲ့ အမျိုးသမီးတဦးအကြောင်း ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ကို ဇွန်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပွဲတော်ရက် တခုမှာ ပြသခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်ဒါရိုက်တာ Siddharth Malhotra က အဲဒီရုပ်ရှင်အတွက် မိတ်ဆက်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ “ရုပ်ရှင်တခုကို စာတန်းထိုးနဲ့ ကြည့်ရှုခဲ့ကြတဲ့ နိုင်ငံရပ်ခြား ပရိသတ်တွေထံကနေ အခုလိုမျိုး မတ်တပ်ရပ် ဂုဏ်ပြုတာကို ခံလိုက်ရတဲ့အချိန်မှာ ဂုဏ်ယူမိပြီး ပျော်ရွှင်ရတဲ့ခံစားမှုက အတိုင်းမသိအောင်ပါပဲ။ ရှန်ဟိုင်းပွဲတော်မှာ အခုလိုမျိုး အတွေ့အကြုံ တွေရခဲ့တဲ့အတွက် Hichki ရုပ်ရှင်အဖွဲ့သားတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်”လို့ ဒါရိုက်တာ Malhotra က သူ့ရဲ့ Twitter အကောင့်မှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဒါရိုက်တာကြီးက အဲဒီပွဲမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတချို့ကိုလည်း ဝေမျှခဲ့ပါတယ်။ “Hichki” ရုပ်ရှင်ကို ရုပ်ရှင် ပွဲတော်မှာ “The Belt and Road Week in China” အစီအစဉ် တစိတ်တပိုင်းအနေနဲ့ ပြသခဲ့တာလည်း ဖြစ်ပါတယ်။

စာရေးဆရာ Brad Cohen ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ “Front of the Class : How Tourette Syndrome Made Me the Teacher I Never Had” ကို အခြေခံရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် – ကျောင်းသားတွေအတွက် လမ်းပြကြယ် ဆရာမလေး (သို့မဟုတ်) Hichki

Ref:ptinews

The post ရှန်ဟိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပရိသတ်တွေရဲ့ အထူးဂုဏ်ပြုမှုကို ခံခဲ့ရတဲ့ “Hichki” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ