Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အခုချိန်အထိ အချစ်စစ်ကို မတွေ့သေးဘူး” လို့ပြောတဲ့ မေမြင့်မိုရ်

$
0
0

အခု လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ပြသပြီးဖြစ်တဲ့  “အရိပ်” ရုပ်သံဇာတ်လမ်းတွဲမှာ စုစုလှိုင်အဖြစ် အချစ်ကို အယုံအကြည် မရှိဘဲ  မေတ္တာ မရရှိတဲ့ ကောင်မလေး တယောက်နေရာက သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မေမြင့်မိုရ် ကတော့ အပြင်လောကမှာလည်း အချစ်စစ် ဆိုတာကို မတွေ့သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“အရိပ်ဇာတ်လမ်းမှာ ကျတော့ ကိုယ်တိုင်လည်း အချစ်ကို စိတ်မဝင်စားဘူး။ ငယ်ငယ်တည်းက ၅၂၈ မေတ္တာ လိုချင်တယ်။ ဒါပေမယ့်လည်း သ့ူကိုမိဘက မပေးနိုင်ဘူးဆိုတော့ သူက အချစ်ဆိုတာကို အယုံအကြည် မရှိဘူး။ အယုံအကြည် မရှိတဲ့ အတွက် သူ့ကိုချစ်တဲ့ ယောင်္ကျားတွေကို ကစားတယ်။ မချစ်တတ်ဘူးဖြစ်သွားတယ်” လို့ မေမြင့်မိုရ်က ပြောပါတယ်။

“အပြင်မှာကျတော့ အချစ်ဆိုတာက အချစ်စစ်ဆိုတာ အခုနောက်ပိုင်းမှာ ရှားတယ်လို့ ထင်တယ်။ ဒါပေမယ့် ကိုယ်ကြုံရတာပဲ ရှားတယ်လားတော့ မသိဘူးပေါ့။ အချစ်စစ်ကတော့ ကိုယ်ကိုယ်တိုင်မတွေ့သေးဘူး။ ဘယ်တော့မှ တွေ့မလဲ ဆိုတာတော့ မသိဘူး” လို့ မေမြင့်မိုရ်က ဆိုပါတယ်။

မေမြင့်မိုရ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အရိပ်ဇာတ်ကားကတော့ ပြသလို့ ပြီးစီးသွားပေမယ့် ပရိသတ်တွေကတော့ ဇာတ်လမ်းတွဲ ပြသတဲ့ အချိန်တွေဆို သတိရကြတယ်ဆိုပြီး  ပြောတာတွေရှိတယ်လို့  ဆိုပါတယ်။

“အရိပ်ကားလေး ပြီးသွားတော့လည်း လွမ်းတယ်ပေါ့။ လာတဲ့အချိန်လေးတွေကျတော့ ပရိသတ်တွေကလည်း လွမ်းတယ်လို့ပြောတယ်။ အကုန်လုံးကလည်း စောင့်ကြည့်ဖြစ်တယ်လို့ ပြောတယ်။ ပြည်ပမှာ ရှိတဲ့ မြန်မာတွေရော အကုန်က စောင့်ကြည့်ဖြစ်တယ်ဆိုတော့ အရမ်းလည်းပျော်တယ်။ အခုဆိုရင် မကြည့်ဖြစ်တဲ့သူတွေလည်း Download လုပ်ပြီး ပြန်ကြည့်ကြတယ်ဆိုတော့ ဒီကားလေးကို အရမ်းကြည့်ကြတဲ့အတွက် အရမ်းပျော်ပါတယ်”လို့ မေမြင့်မိုရ်က  ပြောပါတယ်။

“အရိပ်” ဇာတ်လမ်းတွဲကတော့ သူမရဲ့ ၅ ခုမြောက် ဇာတ်လမ်းတွဲတခု ဖြစ်တယ်လို့ သိရပါတယ်။ အရင်က အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီး ဖြစ်တဲ့အတွက် သရုပ်ဆောင်ရတာ စိတ်ဖိစီးမှုတွေ ရှိခဲ့ပြီး ရင်လည်းခုန်ခဲ့ရတယ်လို့ ပြောပါတယ်။

မေမြင့်မိုရ်ကတော့ “ပန်းနုသွေး” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေက လက်ခံ အားပေးခဲ့ကြပြီး အခုအခါမှာတော့ “အရိပ်” ဇာတ်လမ်းတွဲကြောင့် ပရိသတ်ရဲ့ အားပေးမှုကို ပိုမိုရရှိလာသူတဦး ဖြစ်ပါတယ်။

The post “အခုချိန်အထိ အချစ်စစ်ကို မတွေ့သေးဘူး” လို့ပြောတဲ့ မေမြင့်မိုရ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ