Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေး အရှုပ်အထွေးတွေကို မီးမောင်း ထိုးပြထားတဲ့ “Bharat Ane Nenu”

$
0
0

Bharat Ane Nenu (မြန်မာအမည် – ကျနော်၊ Bharat) ဆိုတဲ့ရုပ်ရှင်ကတော့ ဒီနှစ်အတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ အိန္ဒိယ Telugu စကားပြောနိုင်ငံရေး သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Koratala Siva က ရိုက်ကူးပြီးတော့ အဓိက သရုပ်ဆောင်တွေအဖြစ် Mahesh Babu, Kiara Advani နဲ့ Prakash Raj တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီရုပ်ရှင်ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှာ စတင်ပြသခဲ့တာဖြစ်ပြီး အကောင်းမြင် မှတ်ချက် များစွာ ရရှိခဲ့တဲ့အပြင် Telugu စကားပြော ရုပ်ရှင်တွေထဲမှာ စတုတ္ထမြောက် ဝင်ငွေ အများဆုံး ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကနေ ငယ်စဉ်ကစဉ်ကတည်းက ထွက်ခွာလာခဲ့ပြီး အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားလို့ ဒီပလိုမာဘွဲ့ ၅ ခုအထိ ရခဲ့ပြီးဖြစ်တဲ့ Bharat Ram ဟာ ဖခင်ဖြစ်သူ ကွယ်လွန်ပြီဆိုတဲ့ သတင်းကြောင့် မိခင်နိုင်ငံ၊ အိန္ဒိယကို ပြန်ရောက်လာခဲ့ပါတယ်။

အဲဒီနောက် မလွှဲသာ မရှောင်သာ အန်ဒရာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင် လိုက်ရာကနေ အိန္ဒိယနိုင်ငံမှာ အမြစ်တွယ်နေတဲ့ စည်းကမ်းမဲ့မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ အနိုင်ကျင့် စော်ကားမှုတွေ၊ အာဏာ ပါဝါပြမှုတွေကို နှိပ်ကွပ်ဖို့ ဖြစ်လာခဲ့ရတာကနေ စပြီး ဇာတ်အိမ် တည်ထားပါတယ်။

လန်ဒန်မြို့မှာ ကြီးပြင်းခဲ့ပြီး အနာဂတ်နဲ့ ပတ်သက်လို့ တွေးမထားတတ်တဲ့ Bharat Ram (Mahesh Babu) ဟာ ဖခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်ခဲ့မှုကြောင့် မွေးရပ်မြေဖြစ်တဲ့ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ် ပြည်နယ်ကို ပြန်ရောက်လာခဲ့ပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ သူ့ဖခင်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း Varadarajulu ရဲ့ ထောက်ခံမှုနဲ့ ပါတီက တင်မြှောက်တဲ့ ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လူနေမှုဘဝနဲ့ အလှမ်းဝေးကွာခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး နိုင်ငံရေးဗဟုသုတမရှိတဲ့ Bharat ဟာ အကျင့်ပျက်ခြစားမှုကို တိုက်ထုတ်ဖို့ နည်းလမ်းတွေနဲ့ အုပ်ချုပ်မှုဆိုင်ရာ အစဉ်အလာတွေကို လျင်လျင်မြန်မြန်ပဲ လေ့လာခဲ့ရပါတယ်။

သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းချိုးဖောက်သူတွေအတွက် ဒဏ်ကြေး တိုးမြှင့်လိုက်တာကနေ စတင်ခဲ့ပါတယ်။ လူထုရဲ့ ဝေဖန်မှုနဲ့ လွှတ်တော်အတွင်းမှာ အတိုက်အခံပါတီရဲ့ ဝေဖန်မှုကို အပြင်းအထန် ခံခဲ့ရပေမယ့် ဉာဏ်ရည်ဉာဏ်သွေး ကောင်းသူ ပီပီ ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။

တဖက်မှာ လူထုအကျိုးကို ဖော်ဆောင်နေပေမယ့် တစ်ဖက်မှာလည်း နိုင်ငံရေး ပါတီဝင်တွေရဲ့ မလိုမုန်းထားမှုကိုလည်း ခံနေရပြန်ပါတယ်။ ကိုယ့်ရဲ့ ပါတီတွင်းမှာတောင် ပါဝင်သူတွေက သူ့အတွက် အခက်အခဲတွေ၊ အတိုက်အခံတွေ လုပ်လာပြီး လူထုအတွက် အပြောင်းအလဲ ဖော်ဆောင်ရေး ရပ်တန့်ဖို့ လုပ်ဆောင်လာခဲ့ကြပါတယ်။

ဒါပေမယ့် ကိုယ်မှန်တယ်ထင်ရင် ရှေ့ဆက်တိုးလုပ်ဆောင်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ Bharat ဟာ အားလုံးကို ကိုင်တွယ်နိုင်ပြီး သမိုင်းမှာ ကျန်ရစ်နေမယ့် အကျင့်ပြခြစားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရ ပြည်နယ်ဝန်ကြီး အနေနဲ့ရော ပါတီဝင်တဦးအနေနဲ့ပါ ထူးချွန်တဲ့ Bharat ရဲ့ လက်တွဲဖော် MBA ကျောင်းသူလေး Vasumathi ဟာလည်း မိမိချစ်ခင်ရသူရဲ့ နိုင်ငံရေးယုံကြည်ရာအတိုင်း ထောက်ခံ ဖြည့်ဆည်းပေးပုံကိုလည်း ရှုစားရမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးပါတီတွေကြား အရှုပ်အထွေး၊ နိုင်ငံရေးပါတီနဲ့ အစိုးရအရာရှိတွေ၊ ရဲအရာရှိတွေအထိ ပါဝင်နေတဲ့ အကျင့်ပျက်ခြစားမှုတွေအကြောင်း ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမှာဖြစ်သလို လူထုနဲ့ ဆက်စပ်နေတဲ့ စနစ်တခုကို ပြုပြင်ပြောင်းလဲရာမှာ အဓိက ကျသူတွေမှာ စည်းကမ်း ချမှတ်သူ အစိုးရ အရာရှိတွေနဲ့ စည်းကမ်းလိုက်နာသူ ပြည်သူတွေ သာ အဓိက ဖြစ်တဲ့အကြောင်း လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။

IMDB Rating (10/6.8) ရရှိထားတဲ့အတွက် မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ကားကောင်း တကား ဖြဖစ်ကြောင်း ညွန်းဆို ဖော်ပြလိုက်ပါတယ်။

The post အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေး အရှုပ်အထွေးတွေကို မီးမောင်း ထိုးပြထားတဲ့ “Bharat Ane Nenu” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles