Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Vitacap အားဆေးရဲ့ Brand Ambassador ခန့်အပ်ခြင်းခံရတဲ့ အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော်

$
0
0

MRTV-4 ရဲ့ အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်က Vitacap အားဆေးရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံရပြီး မကြာခင်မှာ Vitacap နဲ့တွဲဖက်ပြီး အစီအစဉ်တွေမှာ ပါဝင်လာဦးမယ်လို့ ဆိုပါတယ်။

“Vitacap နဲ့တွဲပြီးတော့ Project တွေ၊ အစီအစဉ်တွေ လုပ်ပါမယ်။ ပရိသတ်တွေ ကျနော့်ကို ယုံကြည်ပေးပါ။ လက်ခံပေးပါ။ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကိုလည်း ဆွေမျိုးသားချင်းတွေလို ဖေးမညှိနှိုင်းပြီး အတူတူသွားချင်ပါတယ်” လို့ အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော်က ဧရာဝတီကို ပြောပါတယ်။

Forever Group နဲ့ လက်တွဲပြီးTV Program များစွာမှာ အစီအစဥ ်တင်ဆက်သူအဖြစ် ဆယ်စုနှစ် တစ်စုနီးပါး ရှိပြီဖြစ်တဲ့ အခမ်းအနားမှူး၊ အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော်က ယခုလို ကုန်ပစ္စည်းတခုရဲ့ Brand Ambassador ခန့်အပ်ခြင်း ခံရတာနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ကျနော်က တော်တော် အကြမ်းခံတဲ့ ကောင်ကြီး။ တော်တော်နဲ့လည်း မဖျားဘူး။ ခရီးကြိုက်သလောက်သွား၊ ရိုက်ကူးရေး ကြိုက်သလောက် ရိုက်၊ နာမကျန်းဖြစ်တာ ရှားတယ်ပေါ့နော်။ အမာခံ၊ အကြမ်းပတမ်း ကစားတွေလည်း လုပ်တယ်။ အဲဒါတွေ တော်တော်များများကြောင့် ကျနော့်ကို ရွေးတာလည်း ပါတာပေါ့” လို့ ကောင်းထက်ဇော်က ပြောပါတယ်။

“နောက်တခုက ကာယ၊ ဉာဏ နှစ်ခု ပေါင်းပြီးတော့ တီဗွီပရိုဂရမ်တွေ တခုပြီးတခု လုပ်ရတယ်။ အစီအစဉ်တွေ တခုပြီးတခု လုပ်လိုက်တိုင်းလည်း ပရိသတ်လက်ခံတာမျိုးလည်း ရှိတယ်။ အဲဒါတွေနဲ့ ယှဉ်တွဲပြီးတော့ Brand Ambassador ခန့်အပ်သွားတာလည်း ဖြစ်မှာပါ” လို့ ကောင်းထက်ဇော်က ဆိုပါတယ်။

ကောင်းထက်ဇော်အနေနဲ့ MRTV-4, Channel 7 အတွက် ရိုက်ကူးရတာကလွဲရင် အပြင်ကုမ္ပဏီရဲ့ Ambassador အဖြစ် ပထမဆုံး လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အရင်တုန်းက လာပြောတာတွေ ရှိတယ်။ဒါပေမယ့် တယောက်တည်း ကိုယ်စားပြု မဟုတ်ဘဲနဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့ လျာထားပြီး အများကြီး ရောနေတယ်။ အဲဒါမျိုးဆို ကျနော် မလုပ်ဘူး။ ကျနော့် တယောက်တည်းကို ယုံယုံကြည်ကြည်နဲ့ အဲဒီတာဝန်ပေးတာကိုမှ ဈာန်ပါလာပြီးတော့ ကွက်တိ ဖြစ်တာပေါ့”လို့ ကောင်းထက်ဇော်က ဆိုပါတယ်။

လတ်တလောမှာ အလှမယ် Miss တဦးနဲ့ နာမည်ထွက်နေတဲ့ ကောင်းထက်ဇော်က အချစ်ရေးနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။

“နှလုံးသားရေးရာကတော့ ကြာဦးမယ်။ ဒီနှစ်ထဲမှာ မဖြစ်နိုင်သေးဘူး။ သေချာတယ်။ အဖေနဲ့အမေ အသက် ရှိနေသရွေ့ လည်း အားရပါးရ လုပ်ကျွေးချင်သေးတယ်။ အချစ်ရေးကို ရှေ့တန်းတင်ပြီးလည်း အချိန်တွေ မပေးနိုင်တာပေါ့နော်။ နားလည်မှု ရှိတဲ့သူကို လိုချင်တာပေါ့နော်။ အဲဒီအတွက် အချိန်ပေးစောင့်နေရပါတယ်”လို့ ကောင်းထက်ဇော်က ဖြေပါတယ်။

ကောင်းထက်ဇော်ကတော့ MRTV-4, Channel 7 မှာ စီစဉ်တင်ဆက်နေတဲ့ Money Drop၊ မိသားစုပြိုင်ပွဲ၊ “သွားမယ် စားမယ်” အစရှိတဲ့ အစီအစဉ်တွေမှာ ပါဝင်တင်ဆက်ရင်း ပရိသတ်အားပေးမှု ရရှိနေတဲ့သူ တဦးလည်း ဖြစ်ပါတယ်။

The post Vitacap အားဆေးရဲ့ Brand Ambassador ခန့်အပ်ခြင်းခံရတဲ့ အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်