Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကမ္မဖလ” ရုပ်ရှင်မှာ ဇာတ်မင်းသား ဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမယ့် စိုးရန်အောင်

$
0
0

စစ်သားဇာတ်ရုပ်နဲ့ ပရိသတ်က လက်ခံခဲ့ကြပြီး နှစ်သက်အားပေးခြင်း ခံခဲ့ရတဲ့ သရုပ်ဆောင် စိုးရန်အောင်ကတော့ “ကမ္မဖလ”ဆိုတဲ့ရုပ်ရှင်ဇာတ်ကြီးမှာ ဇာတ်မင်းသားတယောက်အနေနဲ့ မြင်တွေ့ရဦးမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကမ္မဖလ ရုပ်ရှင်ကားကြီးမှာတော့ ဇာတ်မင်းသားတယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ ကျနော့်အတွက် အက က ခက်ခဲပါတယ်။ အဲဒါကြောင့်လည်း ကြိုးစားပြီး သင်ယူနေပါတယ်။ အကကို သင်ယူနေတယ် ဆိုတဲ့ နေရာမှာလည်း ကျနော်တို့သည် ပေါ်ပင်တခုအနေနဲ့ အဆင်ပြေသလိုလေး ဒီလိုကရင် ရပါတယ် ဆိုပြီး ရုပ်ရှင်ကားကို ရိုက်ခြင်း မဟုတ်ပါဘူး။ တကယ်နားလည်အောင် ကြိုးစားပြီး သင်ယူနေပါတယ်”လို့ စိုးရန်အောင်က ပြောပါတယ်။

ယခုလက်ရှိ ရုံတင်ပြသနေတဲ့ “ကျွန်တော်တို့ ချစ်သော”ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း စစ်သားတယောက်နေရာက သရုပ်ဆောင်ထားတာဖြစ်ပြီး “ကမ္မဖလ” ရုပ်ရှင်ကားကြီးအတွက် ဇာတ်မင်းသားဇာတ်ရုပ်ကတော့ သူ့အတွက် ခက်ခဲမှု ရှိနေပြီး အဲဒီဇာတ်ရုပ်အတွက်လည်း ပီပြင်အောင် ကြိုးစားပြီးတော့ သင်ယူနေပါတယ်လို့ စိုးရန်အောင်က ဆိုပါတယ်။

ဇာတ်မင်းသား တယောက်အနေနဲ့ သရုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ဇာတ်သဘင်လောကအပေါ် အမြင်ကိုလည်း အခုလို ဆိုပါတယ်။ “အဓိကကတော့ ကျနော်တို့က နားမလည်ပါဘူး။ မကျွမ်းကျင်ပါဘူး။ ဒါပေမယ့် ဒါက အနုပညာ တခုပါပဲ။ ဇာတ်သဘင်ဆိုတာလည်း အနုပညာလောကမှာ မရှိမဖြစ် နေရာတခုပဲလို့ မြင်ပါတယ်”လို့ ဆိုပါတယ်။

စီးပွားရေးအနေနဲ့လည်း သရုပ်ဆောင် စိုးရန်အောင်က ဇနီးဖြစ်သူ သရုပ်ဆောင် သက်သခင်နဲ့ အတူ “My’s Pizza” ဆိုတဲ့ ပီဇာနဲ့ကော်ဖီဆိုင် ဖွင့်လှစ်ထားပြီး အနုပညာအလုပ်ကိုလည်း နှစ်ယောက်အတူ လုပ်ခွင့်ရရင် လုပ်ချင်ပါတယ်လို့ ပြောပါတယ်။

စိုးရန်အောင်တို့ ဇနီးမောင်နှံအနေနဲ့ ကလေးယူဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီးလည်း “ရင်သွေးကတော့ ဖြစ်နိုင်ရင် အမြန်ဆုံး လိုချင်ပါတယ်။ ဒါမှလည်း မိသားစုဘဝလေး ပြည့်စုံသွားမှာပါ” လို့ ပြောပါတယ်။ စိုးရန်အောင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန် လုပ်ဆောင်လျက်ရှိပြီး ပျော်ရွှင်စွာနဲ့ လက်တွဲဖော် ဇနီးဖြစ်သူ သက်သခင်နဲ့အတူ ဘဝ ခရီးလမ်းကို လျှောက်လှမ်းနေသူ တဦးပါ။

The post “ကမ္မဖလ” ရုပ်ရှင်မှာ ဇာတ်မင်းသား ဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမယ့် စိုးရန်အောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ