Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အချိန် ၁၁ နှစ်ကြာပြီးမှ တကိုယ်တော်ခွေ ထွက်ရှိဦးမယ့် အဆိုတော် မီမီဝင်းဖေ

$
0
0

တခေတ်တခါက နာမည်ကျော်ကြားခဲ့တဲ့ နိုင်ငံကျော် အဆိုတော် မီမီဝင်းဖေကတော့ တကိုယ်တော် သီချင်းခွေ မထွက်ရှိတာ အချိန် ၁၁ နှစ်ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။ အခု မကြာခင်မှာတော့ မီမီဝင်းဖေ ပရိသတ်များ ၊မိတ်ဆွေများရဲ့ တိုက်တွန်းအားပေးမှုများကြောင့် ဇွန်လထဲမှာ “ပန်ဆင်မယ်ဆို” လို့ အမည်ပေးထားတဲ့ အခွေကို ထွက်ရှိတော့မှာ ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခွေ မထွက်တာက ၂၀၀၇ ခုနှစ်ကတည်းက မထွက်ဘူး။ စိတ်လှုပ်ရှားပါတယ်။ တိုက်တွန်းနေကြတဲ့သူတွေရဲ့ ဆန္ဒကို ဖြည့်ပေးရလို့လည်း ဝမ်းသာတယ်။ အခွေမထွက်တာ ကြာတဲ့အခါမှာ ပရိသတ်ရဲ့ တုံ့ပြန်မှုပေါ်မှာလည်း စိတ်လှုပ်ရှား ပါတယ်” လို့ အဆိုတော် မီမီဝင်းဖေက ပြောပါတယ်။

မကြာခင်မှာ ထွက်ရှိမယ့် “ပန်ဆင်မယ်ဆို”အခွေကတော့ တေးသံရှင် မီမီဝင်းဖေရဲ့ ၁၉ ခွေမြောက် တကိုယ်တော် အခွေဖြစ်ပြီး သီချင်းဟောင်းလေးတွေနဲ့ သီချင်းအသစ်များ ပါဝင်ထားတယ်လို့ သိရပါတယ်။ ဒီအခွေက ဇွန်လ ၁၇ရက်နေ့ ထွက်ရှိမှာဖြစ်ပြီး အခွေထဲက သီချင်းတွေကိုတော့ တေးရေး အစ္စလီမောင်မောင်၊ ညီညီသွင်၊ ကိုမြင့်သွင်(နမ္မတူ) တို့က ရေးသားပေးထားပြီး တေးသီချင်း ၁၃ ပုဒ် ပါဝင်မယ်လို့ သိရပါတယ်။

“အရင်အတိုင်းပဲ သီချင်း ချိုချိုအေးအေးလေးပါပဲ။ မမီက ကိုယ်သန်တာကို ကိုယ်လုပ်တာ ကောင်းပါတယ်။ ပြောရရင် သကြားလုံးလေး စားရသလိုပဲ။ သီချင်းလေးတွေက မိန်းကလေးဆန်ဆန်လေးတွေပါပဲ။ ကိုယ့်အရွယ်နဲ့ ကိုယ့်ပရိသတ် ကိုယ့်ကို အားပေးခဲ့တဲ့သူတွေကို ရည်ရွယ်ပါတယ်”

“အဲဒီ အဖွဲ့တွေအနေနဲ့လည်း နားထောင်စရာလေးပေါ့။ သူတို့အရွယ်သူတို့ Generation ရဲ့သီချင်းလေးတွေ နားထောင်ခွင့်ရမှာ ဖြစ်တဲ့အတွက် မမီက ကိုယ့် Generation အတွက်ဝမ်းသာပါတယ်” လို့ မီမီဝင်းဖေက ပြောပါတယ်။

အဆိုတော် မီမီဝင်းဖေက သီချင်းအေးအေးလေးတွေကို သီဆိုတတ်သူ တယောက်လည်းဖြစ်ပြီး မီမီဝင်းဖေရဲ့ သီချင်းတိုင်း ကလည်း ပရိသတ်အားပေးမှု ရရှိခဲ့ပါတယ်။

The post အချိန် ၁၁ နှစ်ကြာပြီးမှ တကိုယ်တော်ခွေ ထွက်ရှိဦးမယ့် အဆိုတော် မီမီဝင်းဖေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)