Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တကိုယ်တော် Show နဲ့ တကိုယ်တော်ခွေ ထွက်ဦးမယ့် လင်းလင်း

$
0
0

နိုင်ငံကျော် အဆိုတော် ဖြစ်တဲ့ အဆိုတော် လင်းလင်းက တကိုယ်တော် တေးစီးရီးကို အချောသတ်နေပြီး မကြာခင်မှာ ထွက်ရှိလာဖို့ ရှိတယ်လို့ ဆိုပါတယ်။

“အခွေက ၅ ခွေမြောက် တကိုယ်တော်ခွေသစ်နဲ့ အတူဒီနှစ်ထဲမှာ  တောက်လျှောက်လုပ်ဖို့ ရှိပါတယ်။ဒီနှစ်ထဲပဲ ထွက်မယ် အရမ်းမကြာတော့ဘူး ။အခွေကလည်း အချောသတ်နေပြီ။ မနှစ်က Show ပွဲလုပ်မလို့ သီချင်းဟောင်းတွေကြီးပဲလည်း ပရိသတ်ကို ဆိုပြချင်ဘူး။ Feel မရှိတာနဲ့ အခွေသစ်ထွက်မှပဲ တကိုယ်တော် Show တွေရော၊ သူများShowတွေရော ပြန်ဆိုမယ်ဆိုပြီး လာခေါ်တဲ့ ပွဲတွေ မလိုက်ဖြစ်တာ။ မဆိုဖြစ်လိုက်တဲ့ နှစ်မှာ တကိုယ်တော်ခွေတွက် အားစိုက် ပြင်ဆင် နေခဲ့တယ်” လို့ အဆိုတော် လင်းလင်းက ပြောပါတယ်။

အဆိုတော် လင်းလင်းက ဇွန်လ ၉ ရက်နေ့မှာပြုလုပ်မယ့်  Samsung Galaxy J Music Festival  Show မှာလည်း ပါဝင်သီဆိုမှာ ဖြစ်ပြီး ပွဲတွေနဲ့ဝေးကွာနေတဲ့ အဆိုတော် လင်းလင်းက ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရပြီး သီချင်းတွေ ဆိုပြရတော့မှာ ဖြစ်တဲ့အတွက် စိတ်တွေ လန်းလန်းဆန်းဆန်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျနော် ရန်ကုန်ပွဲ မဆိုဖြစ်တာ  အချိန် ၂ နှစ်လောက်ရှိပါပြီ၊ ဇွန် ၉ ရက်နေ့မှာ “Samsung Galaxy J Music Festival” ပရိသတ်နဲ့ ပြန်ထိတွေ့ခွင့်ရမှာပါ။ ဒီပွဲမှာတော့ ဘာသီချင်းဆိုမယ်ဆိုတာကို ကျနော်က စင်ပေါ်ရောက်မှ ပွဲကိုကြည့်ပြီး Player တွေကို ဒီတပုဒ်ပြီး ဘာဆိုမယ်ဆိုတာ ပြောတာများတယ်။ အဲ့ကျမှ ပြန်စဆိုမှာမို့ ကျနော်စိတ်တွေ လန်းလန်းဆန်းဆန်း ဖြစ်နေပါတယ်။ ကျနော် ဒီနှစ်ထဲမှာ One Man Show အတွက်လည်း  ပြင်ဆင် ခွေသစ် အတွက်လည်း  ပြင်ဆင်နေပါတယ်” လို့ လင်းလင်းက ဆိုပါတယ်။

အဆိုတော် လင်းလင်းဟာ တကိုယ်တော် တေးစီးရီး ၄ ခွေ ထွက်ရှိထားပြီး လက်ရှိမှာ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာလည်း အကဲဒိုင်အဖြစ် ဆောင်ရွက်နေသူတဦး ဖြစ်ပါတယ်။

The post တကိုယ်တော် Show နဲ့ တကိုယ်တော်ခွေ ထွက်ဦးမယ့် လင်းလင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)