Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ပြိုင်ပွဲဝင်တွေအတွက် အရမ်းစဉ်းစားရလို့ မျက်နှာထား တည်ရတာပါ”ဆိုတဲ့ တင်ဇာမော်

$
0
0

သီချင်းတွေ အဆိုကောင်းပြီး Myanmar Idol ပြိုင်ပွဲမှာလည်း ဒိုင်အဖြစ် အကဲဖြတ်ပေးနေတဲ့ အဆိုတော် တင်ဇာမော်က အကဲဖြတ်စဉ်မှာ မျက်နှာထား တည်နေရတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး အခုလိုဆိုပါတယ်။

“Theatre Round1 မှာ အစ်မတော်တော်လေး စဉ်းစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကို ထိုင်နေချိန်မှာ သတိမထားမိဘူး။ အစ်မပြန်ကြည့်တော့မှ အစ်မက ရုပ်ပျက်ဆင်းပျက် တည်နေတာကို တွေ့တယ်။ အစ်မ အရမ်းစဉ်းစားခဲ့လို့ မျက်နှာက တည်နေတာပါ။ အသံကျတော့ အစ်မပျော့နေတာ။ ပြုတ်သွားမယ့် ကလေးတွေ အတွက်လည်း ပါတယ်။ ပြုတ်သွားတဲ့ ထဲမှာ မှားပြီးပါသွားမှာလည်း စိုးရိမ်တယ်။ အဲ့စိတ်တွေကြောင့် အစ်မ သေချာစဉ်းစားခဲ့လို့ အစ်မမျက်နှာတည်တာပါ”လို့ တင်ဇာမော်က ပြောပါတယ်။

ဆက်လက်ပြီး “အစ်မလည်း ပရိသတ်တယောက် အနေနဲ့ ပြန်ကြည့်ဖြစ်တယ်။ ကောင်းတယ်လို့ ယူဆရပြီး မပါလာရတဲ့ ကလေးတွေမှာ အကြောင်းပြချက် တခုစီ ရှိကြပါတယ်”လို့ ဆိုပါတယ်။ အဆိုတော် တင်ဇာမော်က Myanmar Season 2 ကတည်းက အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ခဲ့ပြီး ယခုအကြိမ်က ဒုတိယအကြိမ်မြောက် ပါဝင်အကဲဖြတ်ပေးခြင်း ဖြစ်ပါတယ်။

နှစ်ကြိမ် ဒိုင်လုပ်တဲ့ အပေါ် တင်ဇာမော်က “အစ်မအနေနဲ့က Idolရဲ့ Season 1,2,3 က ကလေးတွေအားလုံး သိတယ်။ ဘယ်သူက ပိုကောင်းတယ်၊ ဘယ်သူက ပိုမကောင်းဘူး ပြောသလို ဖြစ်မှာစိုးလို့ အစ်မ မပြောချင်ပါဘူး။ ဒါပေမယ့် အမှန်တရားကို ပြောရရင် ဒီနှစ် Season 3 မှာပါလာတဲ့ ကလေး တော်တော်များများကို အစ်မအရမ်း စိတ်တိုင်းကျတယ်။ သူတို့အတွက်လည်း ရင်ခုန်သလို ကြောက်လည်း ကြောက်တယ်” လို့ ပြောပါတယ်။

“ဘယ်သူ့ကိုမှလည်း မကျန်ခဲ့စေချင်ဘူး။ ဘယ်သူ့ ကံက ကောင်းပြီး ဘယ်လောက်ကြိုးစားမလဲဆိုတာ အစ်မတို့ live မှာ ကြည့်ရမှာဘဲ။ Idol က ဇွန်လလယ်ဆို live တွေစတော့မှာပါ”လို့ တင်ဇာမော်က ဆိုပါတယ်။

Myanmar Idol သီချင်းအဆိုပြိုင်ပွဲက လက်ရှိမြန်မာနိုင်ငံမှာ ရေပန်းစား အောင်မြင်နေတဲ့ ပြိုင်ပွဲတခုဖြစ်ပြီး ပြိုင်ပွဲ ပြုလုပ်တဲ့အခါတိုင်း ပရိသတ်ဝေဖန်မှု အများဆုံးဖြစ်တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒီနှစ် Myanmar Idol season3 မှာတော့ အကဲဖြတ်ဒိုင်များအဖြစ် မြန်မာပြည်သိန်းတန်၊ ရန်အောင်၊ မျိုးကျော့မြိုင်နဲ့ တင်ဇာမော်တို့က ပါဝင်အကဲဖြတ် ရွေးချယ်ပေးနေတာ ဖြစ်ပါတယ်။

The post “ပြိုင်ပွဲဝင်တွေအတွက် အရမ်းစဉ်းစားရလို့ မျက်နှာထား တည်ရတာပါ”ဆိုတဲ့ တင်ဇာမော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)