Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အမျိုးသမီးတွေ အတွက် လစဉ်သုံးပစ္စည်း ထုတ်လုပ်တဲ့စက် တီထွင်သူ “Padman”

$
0
0

ဒီတခေါက် ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ ဘဝ အတ္ထုပ္ပတ္တိ၊ ဟာသ၊ ဒရာမာ နာမည်ကျော် ဘောလိဝုဒ် ရုပ်ရှင်ကား “Padman” ရုပ်ရှင် ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး ဒါရိုက်တာ R.Balki ကိုယ်တိုင်  ဇာတ်ညွှန်း ရေးသား ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဓိက သရုပ်ဆောင်တွေကတော့ မင်းသား Akshay Kumar ၊ မင်းသမီး Sonam Kapoor နဲ့ မင်းသမီး Radhika Apte တို့ ဖြစ်ပါတယ်။ တန်ဖိုးနည်း အမျိုးသမီး လစဉ်သုံးပစ္စည်းကို စတင်မိတ်ဆက်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ Tamil Nadu ပြည်နယ်က တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ Arunachalam Muruganantham ရဲ့ ဘဝဇာတ်ကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီကားလေးရဲ့ ထူးခြားချက်ကတော့ ဒီရုပ်ရှင်ကို အိန္ဒိယရုပ်ရှင်လုပ်ငန်းထဲက နာမည်ကျော် ကြားသူတွေက လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကို ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတွေ တင်ပြီး ပရိုမိုးရှင်း ပြုလုပ် ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားက အိန္ဒိယပြည်သူတွေအကြား အသိပညာရရှိစေဖို့ ရည်ရွယ်ပြီး ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ယင်လုံအိမ်သာ သုံးစွဲကြဖို့ အသိပေးနှိုးဆော်ခဲ့တဲ့ ရုပ်ရှင် “Toilet” ရုပ်ရှင်မှာ ပါဝင်ထားတဲ့ မင်းသား Akshay Kumar အတွက် ဒါဟာ ဒုတိယမြောက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ရုပ်ရှင်ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ လစဉ်သုံးပစ္စည်း ထုတ်လုပ်တဲ့ စက်ဟာ မူရင်းပုဂ္ဂိုလ် Muruganantham ကိုယ်တိုင် တီထွင်ခဲ့တဲ့ စက်ရဲ့ ပုံတူဖြစ်ပြီး ဒီရုပ်ရှင်ထုတ်လုပ်ရေး တခုလုံးကို သူကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပေမယ့် အမျိုးသမီးတွေရဲ့ ဓမ္မတာသံသရာ အကြောင်း ရိုက်ကူးထားတဲ့အတွက် ပါကစ္စတန် နိုင်ငံမှာတော့ ပြသခွင့် ပိတ်ပင်ခံထားရပါတယ်။

ဇာတ်လမ်းအကျဉ်းဟာ Laxmikant Chauhan (Akshay Kumar) နဲ့ Gayatri (Radhika Apte) တို့ဟာ အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံ နှစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူ Laxmi က သူ့ဇနီးရဲ့ ပျော်ရွှင်မှုနဲ့  စိတ်သက်သောင့်သက်သာ ဖြစ်စေဖို့ ဘာမဆို  ပြုလုပ်ပေးတတ်တဲ့သူပါ။

တနေ့တော့ Gayatri ဟာ အမျိုးသမီးတို့ လစဉ်ကြုံတွေ့နေရတဲ့ ရာသီလာချိန်မှာ ၅ ရက်လောက် အိမ်အပြင်မှာ  ထွက်နေ လိုက်တာကို ကြုံတွေ့ခဲ့ရပါတယ်။ Laxmi မြင်တွေ့လိုက်ရတာက ဇနီးဟာ ညစ်ပတ်တဲ့ အဝတ်စုတ်ကို ရာသီလာနေချိန်မှာ အသုံးပြုနေတာပါပဲ။

သူတို့ အရပ်ဒေသမှာ သန့်စင်မွန်မြတ်တဲ့ ယောကျာ်းကောင်းတို့ မည်သည် အမျိုးသမီးတို့ရဲ့ ကိစ္စတွေမှာ ဝင်ရောက်  မနှောင့်ယှက်သင့်ဘူး ဆိုတဲ့ အယူအဆကြောင့် အဲဒီညစ်ပတ်တဲ့ အဝတ်စုတ်ကို အသုံးမပြုဖို့ အတန်တန် တားခဲ့ပေမယ့် ဇနီးဖြစ်သူက နားမဝင်ခဲ့ပါဘူး။ တနေ့တော့ ဇနီးဖြစ်သူ ရာသီလာချိန်မှာ အနီးနားမှာရှိတဲ့ ဆိုင်ကနေ အမျိုးသမီး လစဉ်သုံး ပစ္စည်းတထုပ်ကို ၅၅ ရူပီးပေးပြီး ဈေးကြီးစွာ ဝယ်ယူခဲ့ရပါတယ်။

တနေ့တော့ ကိုယ်တိုင်ဖန်တီးထားတဲ့ လစဉ်သုံးပစ္စည်းကို ကိုယ်တိုင်စမ်းသပ် အသုံးပြုရာကနေ အများသိကုန်လို့ မိသားစုဝင်တွေ ထပ်အရှက် မရစေဖို့ ရွာကနေ ထွက်ခဲ့ပါတော့တယ်။ ရွာကနေ ထွက်လာခဲ့တဲ့ Laxmi တယောက် သူတီထွင်ချင်နေတဲ့ တန်ဖိုးနည်း လစဉ်သုံးပစ္စည်းကို ထုတ်လုပ်နိုင်ပါ့မလားဆိုတာ Padman ရုပ်ရှင်ကို ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ IMDB Raing (10/ 8.3) ရရှိထားတာမလို့ ဒီဇာတ်ကားကို ညွှန်းဆိုလိုက်ပါတယ်။

The post အမျိုးသမီးတွေ အတွက် လစဉ်သုံးပစ္စည်း ထုတ်လုပ်တဲ့စက် တီထွင်သူ “Padman” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)