ကမ္ဘာကျော်မင်းသား Vin Diesel ဟာ Hunter’s College ကနေ ဂုဏ်ထူးဆောင် PhD ဘွဲ့ကို ရရှိခဲ့ပြီးနောက် တက္ကသိုလ် ဘွဲ့ရတယောက် ဖြစ်လာခဲ့ပါတယ်။
“Fast & Furious” ရုပ်ရှင်မင်းသား Vin Diesel ဟာ ဟောလိဝုဒ် မှာ အနုပညာအလုပ်တွေလုပ်ဖို့ လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါး လောက်က Hunter’s College ကနေ ကျောင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အသက် ၅ဝ အရွယ် မင်းသားဟာ သူထွက်ခဲ့တဲ့ ကျောင်းကနေပဲ အင်္ဂလိပ်စာ အထူးပြုနဲ့ ဂုဏ်ထူးဆောင် Doctor of Humane Letters ဒေါက်တာဘွဲ့ကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
မင်းသား Diesel ဟာ အဲဒီကောလိပ်မှာ ၃ နှစ်လောက် အင်္ဂလိပ်စာကို လေ့လာခဲ့ပြီးတဲ့နောက်မှာ ရုပ်ရှင်မင်းသား တယောက်ဖြစ်လိုတဲ့ စိတ်ကူးအတိုင်း ဆောင်ရွက်ဖို့နဲ့ ကျောင်းကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မင်းသားဟာ အခုလိုမျိုး ဘွဲ့ရဖို့ အပတ်တကုတ် ကြိုးစားအား ထုတ်ခဲ့ပေမယ့် တက္ကသိုလ် တက်ရတဲ့ အတွေ့အကြုံကို မမေ့သေးဘူး လို့ ဆိုပါတယ်။
သူက “ကျနော် ဟောလိဝုဒ်မှာ ရှိနေစဉ်မှာတော့ Hunter College ကို အမြဲ ကျနော် ဂုဏ်ယူပြီး နေခဲ့ရတာပါ” လို့ နယူးယောက်မြို့မှာရှိတဲ့ Radio City Music Hall မှာ ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား တခုအတွင်းမှာ ပြောကြားခဲ့ပါတယ်။
မင်းသားက “Hunter College မှာ ကျနော့်ရဲ့ အတွေ့အကြုံတွေ တော်တော်များများကို ရခဲ့ပြီး သင်ယူခဲ့ရတယ် ဆိုတာ လူတိုင်းကို ပြောဦးမှာပါ။ ကမ္ဘာပေါ် မတူကွဲပြားတဲ့ ကျောင်းသာတွေရှိနေတဲ့ ဒီလိုမျိုး စာသင်ခန်းတွေထဲမှာ ကျနော် ရှိနေ ခဲ့စဉ်မှာ ကျနော် ဝုန်းဒိုင်းကြဲပြီး မနေခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ရုပ်ရှင်လုပ်ငန်းကို စတင်ဝင်ရောက်ချိန်မှာ ကြိုးပမ်း ရုန်းကန်ခဲ့ရကြောင်းနဲ့ ဟောလိဝုဒ်မှာ ကွဲပြားခြားနားမှုတွေ ပျောက်ကွယ်နေတဲ့အကြောင်းကိုလည်း မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
မင်းသားက “ယဉ်ကျေးမှုပေါင်းစုံ ရောနှောနေတဲ့ လူသစ်တယောက်ကို ဘယ်သူကမှ မငှားရမ်းပါဘူး။ Glory လိုမျိုး ရုပ်ရှင်ကို စဉ်းစားကြည့်လိုက်ပါ။ သရုပ်ဆောင်ဖို့ သူတို့ ဘယ်သူတွေကို ငှားမလဲ။ Denzel ရဲ့ အပိုင်းကိုလား။ Matthew Broderick ရဲ့ အပိုင်းကိုလား။ ကမ္ဘာကြီးက အဆင်သင့်မဖြစ်သေးပါဘူး”
“ကျနော် တို့က ကြိုးပမ်းသူတွေဖြစ်ကြတယ်။ ကျနော်တို့ အရာရာတိုင်းကို ကျော်လွှားနိုင်တယ်။ ဒီမှာ သင်ယူနိုင်ပြီးတော့ ကမ္ဘာကြီးအတွက် ဆောင်ကျဉ်းပေးနိုင်တယ်။ ပြီးတော့ ဟောလိဝုဒ်ကို ကြည့်ပြီး ဟောလိဝုဒ်ရဲ့ ပုံရိပ်ကို ပြောင်းလဲ နိုင်တယ်။ တိုက်ခိုက်ဖို့ ဂုဏ်သိက္ခာနဲ့ ဂုဏ်အားမာန်တွေကြောင့် ဟောလိဝုဒ်ရဲ့ ပုံရိပ်ကို ပြောင်းလဲနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref : etcanada
The post အနုပညာလောကထဲ ဝင်ရောက်ပြီး နှစ် ၃ဝ ကြာမှ ဘွဲ့ရခဲ့တဲ့ မင်းသား Vin Diesel appeared first on ဧရာဝတီ.