Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တိတ်ခွေခေတ်မှာ အောင်မြင်ခဲ့တဲ့ “မြားသုံးစင်း” သီချင်းခွေ ပြန်လည် ထွက်ရှိ

$
0
0

၁၉၉၅-၁၉၉၆ ခုနှစ် တိတ်ခွေခေတ်မှာ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ တေးသံရှင် အိအိ၊ ဇာလီနိုင်၊ သီရိကိုကိုတိုရဲ့ “မြားသုံးစင်း”လို့ နာမည်ပေးထားတဲ့ တေးအယ်ဘမ်ကို ကာရာအိုကေ ပုံစံနဲ့ ပြန်လည်သီဆိုထားတဲ့ တေးအယ်ဘမ်ကို ယနေ့၊ မေလ ၃၁ ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ “မြားသုံးစင်း (3 Arrows)” အခွေထဲမှာ တေးသံရှင် အိအိ၊ ဇာလီနိုင်၊ သီရိကိုကိုတို့က တဦးကို တေးသီချင်း ၄ ပုဒ်စီ ပါဝင်သီဆိုထားပြီး Featuring အနေနဲ့ အနဂ္ဂက သီရိကိုကိုနှင့်အတူ ပါဝင်သီဆိုပေးထားပါတယ်။

“ကိုယ်တွေခေတ်တုန်းက ကက်ဆက်ခွေပဲ ရှိတာကိုး။ စီဒီလည်း မရှိဘူး။ ကာရာအိုကေလည်း မရှိခဲ့ဘူး ဆိုတော့ အမှတ်တရ လုပ်ရင်းနဲ့ ဆိုဖြစ်သွားကြတာပါ။ မဆိုတာလည်း ကြာပြီဆိုတော့ ပရိသတ်တွေက မဆိုဘူးလား လာမေးကြလို့ ပြန်ဆို ဖြစ်တာပါ။ ၃ ယောက်စလုံးက ဆိုတဲ့ ပုံစံချင်း မတူတဲ့အခါကျတော့ မြားသုံးစင်းဆိုပြီး နာမည်ပေးဖြစ်ခဲ့ကြတာ” လို့ တေးသံရှင် အိအိက ပြောပါတယ်။

“မြားသုံးစင်း” အခွေ မိတ်ဆက်ပွဲ (ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

“ဒီစီးရီး ခွေလေးကို ကိုလူမောင်(ဆေး – ၁) ရဲ့ မွေးနေ့ပွဲ လေးမှာ ၃ယောက်ပြန်ဆုံကြရင်းနဲ့ အမှတ်တရလေး ပြန်လုပ်မယ် ဆိုပြီး လုပ်ဖြစ်သွားတာပါ။ အစ်မတို့ ၃ ယောက်က အပြင်မှာလည်း စိတ်က တယောက်တမျိုး၊ ဆိုတာကလည်း တယောက် တမျိုး ဆိုတော့ မတူဘူးပေါ့။ မြားလေးတွေဆိုပြီး အစ်မတို့ မြားသုံးစင်းကို ချစ်တဲ့စိတ်နဲ့ အများကြီးအားပေးကြပါ” လို့ အဆိုတော် သီရိကိုကိုက ပြောပါတယ်။

“မြားသုံးစင်း(3 Arrows)” အခွေထဲမှာ ပါဝင်တဲ့ သီချင်း ၁၂ ပုဒ်ကိုတော့ တေးရေး လူမောင်(ဆေး -၁) က ရေးသား ပေးထားပြီး တိတ်ခွေခေတ်မှာ အောင်မြင်ခဲ့ပြီး ယနေ့ခေတ်မှာ ပြန်လည်ရှာဖွေရခက်တဲ့ သီချင်းများကို ပြန်လည် နားဆင်စေလိုတာကြောင့် ပြန်လည်သီဆို ထုတ်ဝေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအခွေကိုတော့ ယနေ့ မေလ ၃၁ ရက်နေ့မှစတင်ကာ မာစတာ တေးသံသွင်းမှတဆင့် တနိုင်ငံလုံးကို ဖြန့်ချိ ရောင်းချ ပေးသွားမှာ ဖြစ်ပြီး မိတ်ဆက်ပွဲကိုတော့ ရန်ကုန်မြို့ Friendship Restaurant မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

The post တိတ်ခွေခေတ်မှာ အောင်မြင်ခဲ့တဲ့ “မြားသုံးစင်း” သီချင်းခွေ ပြန်လည် ထွက်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)