Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချစ်သူသက်တမ်း ၉ နှစ်ပြည့်ပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer

$
0
0

“မနှုတ်ဆက်ချင်ဘူး” သီချင်းမှာ Rap တွေဆိုရင်း ပရိသတ်အားပေးမှု ရရှိလာတဲ့လွှမ်းပိုင်နဲ့ Bobby Soxer တို့ဟာ အခုခါမှာဆိုရင် ချစ်သူသက်တမ်း ၉ နှစ်ပြည့်ပြီလို့ သိရပါတယ်။ သူတို့ဟာ အနုပညာအလုပ်တွေကို အတွဲညီညီနဲ့ လက်တွဲရင်း တူတူလုပ်ကိုင်လာကြပြီး ပရိသတ်အားပေးမှုလည်း ရရှိထားကြသူတွေဖြစ်ပါတယ်။

ချစ်သူနှစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်းနဲ့ Bobby Soxer တို့ဟာ တယောက်နဲ့ တယောက် သဝန်တိုတာမျိုးတွေ မရှိဘဲ နားလည်မှုတွေနဲ့ လက်တွဲလာခဲ့တဲ့ ချစ်သူများ ဖြစ်ကြပါတယ်။ ချစ်သူသက်တမ်း ၉ နှစ်ပြည့်မှာတော့ သူတို့နှစ်ယောက်တွဲ ပုံများကို Facebook မှာ တင်ထားကြပြီး ညဘက်မှာ ချစ်သူနဲ့တူဘုရား တူတူသွားခဲ့ကြောင်း လွှမ်းပိုင်က ဓာတ်ပုံတင်ပြီး ပရိသတ်ကို အသိပေးပြသခဲ့ပါတယ်။

အားပေးကြတဲ့ပရိသတ်တွေကလည်း သူတို့နှစ်ဦးအတွက် ဆုတောင်းစကားတွေကို Comment များ ရေးသားပေးထား ကြပါတယ်။ ဂီတကို ဝါသနာပါတာခြင်း တူတဲ့ သူတို့နှစ်ယောက်ဟာ Hight Skool လို့ အမည်ပေးထားတဲ့ လူငယ် ဖက်ရှင်ဆိုင် တဆိုင်ကိုလည်း ပူးပေါင်းပြီး ဖွင့်လှစ်ထားပါတယ်။ ဒီဆိုင်ကိုတော့ ၂၀၀၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။

သီချင်းတွေသီဆိုမှုအပြင် သရုပ်ဆောင်ပိုင်းမှာပါ ပါဝင်သရုပ်ဆောင်နေတဲ့ လွှမ်းပိုင်ဟာ ရဲရင့်အောင် ၊ ဖွေးဖွေးတို့နဲ့ အတူ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်မှာလည်း ပါဝင်ထားပါတယ်။ Bobby Soxer (ခ) ထက်ထက် တယောက်ကတော့ 21 ဆိုတဲ့ တကိုယ်တော်ခွေ ထွက်ထားပါတယ်။ ခုလက်ရှိမှာ သူတို့နှစ်ယောက်တွဲဆိုထားတဲ့ “မိန်းမရေ”သီချင်းလေးကတော့ ပရိသတ်ကြား ရေပန်းစားနေတဲ့ သီချင်းဖြစ်ပါတယ်။

The post ချစ်သူသက်တမ်း ၉ နှစ်ပြည့်ပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)