Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံရုပ်ရှင်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ ညိုမင်းလွင်

$
0
0

ပရိသတ်အကြိုက်တွေ့နိုင်မယ့် ဇာတ်ကားကောင်းများကိုရိုက်ကူးနေတဲ့ ဒါရိုက်တာညိုမင်းလွင်က  မြန်မာနိုင်ငံရဲ့ ပထမဆုံးသိပ္ပံ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပုံဖော် ထားပါတယ်။

ဒီဇာတ်ကားနာမည်ကိုတော့ “အနန္တ” (ANANDA) လို့ ပေးထားပြီး ဒီဇာတ်ကားထွေလာကို သူရဲ့ Facebook အကောင့်ကနေတဆင့် ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ညိုမင်းလွင်ရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေးဖြစ်တဲ့ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

ANANDA ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးပုံဖော်ခဲ့တာ အချိန် ၂ နှစ်ကျော်ကြာခဲ့ပြီလို့ သိရပါတယ်။ ဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားတကားလုံးဟာ CGI အထူးပြုလုပ်ချက်တွေနဲ့ အကောင်းဆုံး ဖန်တီးထားတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကို မိတ်ဆက်တင်ပေးလိုက်ချိန်မှာဘဲ ထွေလာကြည့်ရှုသူ ပရိသတ် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားတကားပါ။ ဒီဇာတ်ကားလေးနဲ့ ပတ်သတ်ပြီးညိုမင်းလွင်က ဒီဇာတ်ကားလေးကို မည်သူပိုင်ဆိုင်ခွင့်ရှိကြောင်း နိုင်ငံတ နိုင်ငံ၊ လူမျိုးစု တခု ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်တခုမှာ အတူတကွရေးခဲ့ကြတဲ့ သမိုင်းဆိုတာကို လူတဦး တယောက်တည်းက ပိုင်ဆိုင်ခွင့် မရှိသလိုပါပဲ။ Ananda ရုပ်ရှင်ဇာတ်ကားကို မြန်မာရုပ်ရှင်ကိုချစ်မြတ်နိုးသော မည်သူမဆို ပိုင်ဆိုင်ခွင့်ရှိတယ် ဆိုတဲ့ အကြောင်းများကို ဆိုထားပါတယ်။

မြန်မာရုပ်ရှင်လောကကို ပြောင်းလဲချင်တဲ့ ညိုမင်းလွင်က ဒါနဲ့ ပတ်သတ်ပြီး “ကျနော်တို့ မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကား အမျိုးအစားတခုကို ပေါ်ပေါက်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျန်တာ ဘာမှမစဉ်းစားဘဲ ရိုက်ရက်ပေါင်း ဂျူတီ ၇၀ အထိရိုက်ကူးခဲ့ပြီး CGI အထူးပြုလုပ်ချက်တွေကို အချိန်နှစ်နှစ်ကျော် ဖန်တီးခဲ့တဲ့ ဇာတ်ကား တခုဖြစ်ပါတယ်။ နောင်အနာဂတ်မှာ မြန်မာလူငယ်တွေရိုက်ကူးတဲ့ သိပ္ပံဇာတ်ကားတွေ၊ VFX အသားပေးဇာတ်ကားတွေ ဖွံ့ဖြိုးလာဖို့အတွက် အားလုံးက မဖြစ်နိုင်ပါဘူးလို့ စောင့်ကြည့်နေတဲ့ကြားက မရ ရအောင်ကြိုးစားယူခဲ့ရတဲ့ ဇာတ်ကားတခု လည်းဖြစ်ပါတယ်။ မခက်ဘူးလား ဆိုရင်တော့ ခက်ပါတယ်။ မရဘူးလား ဆိုရင်တော့ ရတာပါပဲ။ မြန်မာ့ရုပ်ရှင် အနာဂတ်ကို ကျနော်တို့အားလုံး အတူတကွ ပြောင်းလဲကြရအောင်” လို့ ရေးသားထားပါတယ်။

ဒီဇာတ်ကားလေးကိုတော့ ဖြိုးငွေစိုး၊ စိုင်းလွှမ်း၊ နေဝင်း၊ ကျော်ကိုကိုဝေ၊ နန်းဆုဦး၊ သက်ထားဝေဇင် တို့က အဓိက ပါဝင် သရုပ်ဆောင် ထားကြောင်းသိရပါတယ်။ ဒီဇာတ်ကားကို မိုးရာသီ အကုန်မှာ ရုံတင်ပြသဖြစ်မယ်လို့်လည်း ဧရာဝတီကို ဖြေဆိုခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “ဒါရိုက်တာအလုပ်ကို တသက်လုံးလုပ်ဖို့ အစီအစဉ် မရှိဘူး”လို့ ပြောလိုက်တဲ့ ဒါရိုက်တာ ညိုမင်းလွင်

The post မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံရုပ်ရှင်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ ညိုမင်းလွင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ