Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနိုင်ကျင့်ခံ ဘဝတွေကို အသေးစိတ် ပုံဖော်ရိုက်ကူးထားတဲ့ A Girl Like Her ရုပ်ရှင်

$
0
0

ဒီတခါမှာတော့ IMDB rating (7.1) ရရှိထားပြီး Netflix ရဲ့အောင်မြင်တဲ့ ဇာတ်ကားကောင်းတကားဖြစ်တဲ့ A Girl Like Her ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒါရိုက်တာ Amy S. Weber ကရိုက်ကူးထားတာဖြစ်ပြီး Lexi Ainsworth, Hunter King နဲ့ Jimmy Bennett တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ နာမည်ကြီးအထက်တန်းကျောင်းတခုမှာ တက်ရောက်နေတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်မလေး Jessica Burns မှာ သူ့ရဲ့ အယုံကြည်ရဆုံးနဲ့ အချစ်ဆုံးသူငယ်ချင်း Brian Slater ဆိုတဲ့ ကောင်လေး တယောက်တည်းကိုပဲ ပြောပြထားတဲ့ လျှို့ဝှက်ချက်တခုရှိပါတယ်။ ဒါကတော့ သူမတို့ကျောင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး မိန်းကလေးတဦးဖြစ်တဲ့ Avery ဟာ သူမကို အနိုင်ကျင့်နှိပ်စက်နေတာပဲ ဖြစ်ပါတယ်။

Jessica ဟာ ဒီလိုအနိုင်ကျင့်ခံရတာကို ရှက်တာကြောင့် ကျောင်းမှာရော အိမ်မှာပါ ဘယ်သူ့ကိုမှ ဖွင့်မပြော ၊ အကူအညီ မတောင်းခဲ့တဲ့အပြင် သူမ သူငယ်ချင်း ကောင်လေးကိုပါ ဘယ်သူ့ကိုမှ မပြောဖို့ အကူအညီတောင်းခဲ့ပါတယ်။ Avery ရဲ့ အနိုင်ကျင့်မှုတွေကို တစစနဲ့ သိလာတဲ့ Brian ဟာ Jessica အတွက် လျှို့ဝှက်ကင်မရာလေးတွေ တပ်ဆင်ပေးပြီး အနိုင်ကျင့်မှုကို သက်သေအဖြစ် မှတ်တမ်းတင်ပါတော့တယ်။

ဒီအနိုင်ကျင့်ခံရမှုရဲ့ နောက်ကွယ်မှာတော့ အားလုံးက မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးကြီးတခု ဖြစ်ပွားခဲ့ပြီး ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဒီရုပ်ရှင်ကို ဆက်လက်ကြည့်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတခုကို ကြည့်နေရသလို မှတ်တမ်းရုပ်ရှင်ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်တာကြောင့် ကြည့်ရှုသူတွေ အကြိုက်တွေ့ကြမှာ အမှန်ပါပဲ။ မိမိရဲ့ ပတ်ဝန်းကျင်မှာ ဆိုရင်လည်း အလွှာအသီးသီးမှာ အနိုင်ကျင့်ခံရသူနဲ့ အနိုင်ကျင့်သူအမျိုးမျိုးကို ကြုံတွေ့ဖူးကြတာဖြစ်တာကြောင့် လက်တွေ့ဘဝနဲ့ နီးစပ်လှတဲ့ ဒီရုပ်ရှင် ဇာတ်ကားကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။

The post အနိုင်ကျင့်ခံ ဘဝတွေကို အသေးစိတ် ပုံဖော်ရိုက်ကူးထားတဲ့ A Girl Like Her ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)