Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နှာခေါင်းနဲ့ ရင်သား ခွဲစိပ်ထားတဲ့ Miss Universe Myanmar 2018 နှင်းသွေးယုအောင်

$
0
0

Miss Universe Myanmar 2018 အဖြစ် ရွေးချယ်ခံထားရတဲ့ နှင်းသွေးယုအောင်က သူ့အတွက်လိုအပ်မယ်လို့ ထင်တဲ့ ခွဲစိပ်မှုများ ပြုလုပ်ခဲ့တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

ဒါနဲ့ပတ်သတ်လို့ နှင်းသွေးယုအောင်က “လိုအပ်တဲ့ ခွဲစိပ်ပြုပြင်မှုတွေ လုပ်ဖို့အတွက် ဘန်ကောက်ကဆေးရုံနဲ့ ချိတ်ဆက်ပြီး ခွဲစိပ်တယ်။ ရင်သားရယ် ၊နှာခေါင်းရယ်ခွဲထားတယ်ဆိုတော့ ဘာအလုပ်မှ မလုပ်နိုင်တော့ဘူး ။ Gym ဆော့လို့လည်း မရဘူး။ ပရိသတ်တွေက နှင်းသွေးကို ဘာဖြစ်စေချင်လည်းဆိုတော့ Body Shape ပေါ်အောင် ကစားစေချင်တယ်။ ဒါပေမယ့် နှင်းသွေးရဲ့ ရင်သားခွဲစိပ်မှုဆိုတာက အရမ်းကြီးတဲ့ ခွဲစိပ်မှုဖြစ်တော့ ဆရာဝန်က လုံးဝခွင့်မပြုဘူး ။ အခုက ခွဲစိပ်ပြီး အနားယူတာ သုံးလပြည့်သွားပြီဆိုတော့ ဒီလကုန် ကမှ စပြီး Gymဆော့တယ်။ Diet လုပ်တယ်”လို့ ပြိုင်ပွဲပြင်ဆင်နေမှုများ အကြောင်းကို ဆိုပါတယ်။

ခွဲစိပ်ပြုပြင်ထားသူကို Miss Universe International ပြိုင်ပွဲဝင်ခွင့် ရှိမရှိ၊ ခွဲစိပ်မှုကို လုပ်ခိုင်းခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး လည်း “ဒါက Organization က လုပ်ခိုင်းလို့တော့ မဟုတ်ဘူးပေါ့။ ပြိုင်ပွဲကိုတော့ ကိုယ်ယုံကြည်မှုရှိတဲ့ အပေါ်မှာပဲ သွားပြိုင်မှာပါ။ နောက်ပြီး Miss Universe ရဲ့ Organization က ဘာကြေညာထားလိုက်ပြီလဲ ဆိုတော့ Sex Change ထားတဲ့ အမျိုးသမီးဘဝပြောင်းထားတဲ့ သူတွေတောင် ဝင်ပြိုင်လို့ရပြီ။ဒါပေမဲ့ မှတ်ပုံတင် မှာတော့ မ ဖြစ်နေရမယ်။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် မျိုးကိုကိုစန်းရှိတယ်။ သူ Sex Change တဲ့ ဆေးရုံနဲ့ ကိုယ်ရင်သားခွဲစိပ်တဲ့ဆေးရုံက အတူတူပဲဆိုတော့လေ” လို့ နှင်းသွေးယုအောင်က ဆိုပါတယ်။

ဆက်လက်ပြီး သူက “သူ (မျိုးကိုကိုစန်း) မှတ်ပုံတင်ပြောင်းဖို့ အချက်အလက်တွေကအစ နှင်းသွေးနဲ့ ထည့်ပေးလိုက်လို့ ရတယ်။ မျိုးကိုကိုစန်း အနေနဲ့လည်း မှတ်ပုံတင်သာရရင် Miss Universe ပြိုင်ပွဲဝင်ပြိုင်မယ်ဆို ပြိုင်လို့ရပြီပေါ့။ အဲဒါ ဆိုတော့ နှင်းသွေးလို နှာခေါင်းပြင်တာလောက်၊ ရင်သားပြင်တာလောက်က ပြဿနာ မရှိပါဘူး” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုသွားရမယ့် Miss တယောက်အနေနဲ့ ပြိုင်ပွဲမှာသွားပြိုင်ဖြစ်တဲ့အခါ ပွဲမှာ အဓိက ပြသချင်ခဲ့တဲ့ အရာကတော့ မြန်မာတယောက်ဟာ ဘယ်လို Smart ဖြစ်ကြောင်း ၊ဘယ်လို Strong ဖြစ်ကြောင်း၊ အသိဉာဏ်ဗဟုသုတပိုင်း ၊ ပြီးတော့ Team Work ဘယ်လောက်ထိ လုပ်နိုင်လဲဆိုတာ ပြသနိုင်ဖို့အတွက် ရည်ရွယ်ပြီး အဲဒီအတွက်လည်း အဓိကထား ကြိုးစားလေ့ကျင့်နေကြောင်း ဆိုပါတယ်။

နှင်းသွေးယုအောင်က ပြိုင်ပွဲအတွက် တနှစ်ခန့် ပြင်ဆင်ချိန်ရထားတာဖြစ်ပြီး ကျန်သေးတဲ့ ၆ လခန့်အချိန်မှာ အကောင်းဆုံး ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

The post နှာခေါင်းနဲ့ ရင်သား ခွဲစိပ်ထားတဲ့ Miss Universe Myanmar 2018 နှင်းသွေးယုအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ